ဘားအံမြို့၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ အခြေခံသင်တန်းနှစ်မျိုး၏ သင်တန်းဆင်းပွဲကျင်းပ
ဘားအံမြို့၌ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ အခြေခံသင်တန်းနှစ်မျိုး၏ သင်တန်းဆင်းပွဲကျင်းပ
Ministry of Hotel & Tourism/ နေပြည်တော် / February 23, 2026
နေပြည်တော် ဖေဖော်ဝါရီ ၂၁
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီတို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့်ဖွင့်လှစ်ခဲ့သည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ အခြေခံသင်တန်း နှစ်မျိုး၏ သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ဘားအံမြို့ရှိ ကန်သာဦးဟိုတယ်ခန်းမ၌ကျင်းပ သည်။
သင်တန်းဆင်းပွဲသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ကရင်ပြည်နယ် ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီဥက္ကဋ္ဌ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှဒုတိယအမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့ (DMO) များ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ကရင်ဇုန်) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဟိုတယ်နှင့်တည်းခိုရိပ်သာများမှ လုပ်ငန်းရှင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်း သူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကရင်ပြည်နယ် ဘားအံမြို့သည် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့တွင်ကျင်းပခဲ့သည့် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၆ ၌ ပေးအပ်ချီးမြှင့် သည့် အာဆီယံခရီးသွားစံနှုန်းဆုတစ်ခုဖြစ်သည့် အာဆီယံ သန့်ရှင်းသောခရီးသွားမြို့တော်ဆု (ASEAN Clean Tourist City Award) ကို ရရှိခဲ့သည့်အတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ကြောင်း၊ ယနေ့သင်တန်းကို တက်ရောက်ခဲ့သည့် သင်တန်းသား သင်တန်းသူများအနေဖြင့် မိမိတို့ တာဝန်ထမ်းဆောင်မည့် ဟိုတယ်နှင့် တည်းခိုရိပ်သာများတွင် ကောင်းမွန်သော ဝန်ဆောင်မှုများဆောင်ရွက်ပေးပြီး မိမိတို့ဒေသရှိ ခရီးစဉ်နေရာများ ရေရှည်တည်တံ့ ခိုင်မြဲရေးနှင့် သာယာလှပစေရေးအတွက်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြား လိုကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းများတွင် ထူးချွန်ဆုရရှိသူများကို ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကရင်ပြည်နယ် ဘားအံမြို့ရှိ ကန်သာဦး ဟိုတယ်၊ Hotel Karen Valley ၊ Zwekapin Valley Spa Resort & Spa Hotel နှင့် စိုက်ပျိုးရေးကို အခြေခံသောခရီးသွားလုပ်ငန်း Kawt MaYan Resort တည်ဆောက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ဟိုတယ်ဝန်ဆောင်မှုကောင်းမွန်စေရန်အတွက် အလေးထားဆောင်ရွက်ကြရန်၊ ဟိုတယ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အလေးထားဆောင်ရွက်ကြရန်၊ ဟိုတယ်တွင် လာရောက်တည်းခိုကြသော ဧည့်သည် များ၏ ဘေးကင်းလုံခြုံရေးအတွက် ဂရုပြုကြရန်၊ လုပ်ငန်းဆောင်ရွက်ရာတွင် ထုတ်ပြန်ထားသော ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီဆောင်ရွက်ကြရန်၊ ကရင်ပြည်နယ်သည် ခရီးသွားဧည့်သည် များကို ဆွဲဆောင်နိုင်သော ဒေသခံများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ရေ၊ မြေ၊ တော၊ တောင်သဘာဝ အလှနေရာများ များစွာရှိသည့်အတွက် ၎င်းတို့ကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Source From: MyanmarAlin
Newspaper - 3450 items
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 22, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 21, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 18, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 17, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 16, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 15, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 14, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
