မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၉၀ ဦးအား လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၉၀ ဦးအား လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
Ministry of Information/ Naypyitaw / May 13, 2026
နေပြည်တော် မေ ၁၃
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ပေးနေသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာဆောင်ရွက်လျက်ရှိရာ မေ ၁၂ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၉၀ ဦးကို လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ် အရှေ့ဘက်ကမ်းတစ်လျှောက်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ဆောင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သေ ပူးပေါင်းအဖွဲ့က ရှာဖွေစစ်ဆေးမှုများဆောင်ရွက်ရာ မေ ၁၂ ရက် ညနေ ၄ နာရီခန့်တွင် မက်မန်းမြို့၏ အနောက်တောင်ဘက် ၅၅ ကီလိုမီတာခန့်အကွာရှိ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်ရာတွင် အသုံးပြုသည့် အလျား ၈၀ ပေ၊ အနံ ၄၀ ပေရှိ လူနေမိုးကာတဲ ၃ လုံးနှင့် စားဆောင်မိုးကာတဲ ၁ လုံး၊ အလျား ၆၀ ပေ၊ အနံ ၂၀ ပေရှိနှစ်ထပ်အိပ်စင်ပါ လူနေမိုးကာတဲ ၅ လုံး၊ ပေ ၂၀ ပတ်လည်ရှိ လူနေမိုးကာတဲ ၁၂ လုံး၊ အလျား ၄၀ ပေ၊ အနံ ၂၀ ပေရှိ ဆေးစတို ၁ လုံးနှင့် ရေချိုးခန်း၊ အိမ်သာ ၁လုံး၊ အလျား ၃၀ ပေ၊ အနံ ၂၀ ပေရှိ မီးစက်မိုးကာတဲ ၁ လုံး၊ အလျား ၈၀ ပေ၊ အနံ ၄၀ ပေရှိ လုပ်ငန်းလုပ်ဆောင်သည့် အဆောင် ၂ လုံး၊ အလျား ၄၀ ပေ၊ အနံ ၁၀ ပေရှိ ရေချိုးခန်းအဆောင် ၁ လုံး၊ အလျား ၁၀၀ ပေ အနံ ၃၀ ပေရှိ လူနေဆောင် ၁ လုံး၊ အလျား ၆၀ ပေ၊ အနံ ၂၀ ပေရှိလူနေဆောင် ၂ လုံး၊ အလျား ၈၀ ပေ၊ အနံ ၂၀ ပေရှိ လူနေဆောင် ၁ လုံး၊ မီးစက် ၈ လုံး၊ All in One ကွန်ပျူတာ ၄၀ လုံး၊ Desktop ၁ လုံး၊ CPU ၁ လုံး၊ Laptop ၇ လုံး၊ Starlink ၈ လုံး၊ ဆိုလာအကြီး၊ အသေး ၉ ချပ်၊ ဒိုင်နမို ၂ လုံး၊ ပန်ကာ ၇ လုံး၊ Power Station 3500 W ၂ လုံးနှင့် ဝိုင်ဖိုင်စက် ၁၀ လုံးတို့ကို လည်းကောင်း၊ ထပ်မံ၍ ဆက်လက်ရှင်းလင်းရာ အဆိုပါနေရာတစ်ဝိုက်မှ အလျား ၆၀ ပေ၊ အနံ ၂၀ ပေရှိ လုပ်ငန်းလုပ်ဆောင်သည့် အဆောင် ၂ လုံး၊ ၂၀ ဦးဆံ့လူနေတဲ ၁၅ လုံး၊ ဆိုင်ကယ် ၂ စီး၊ ရေခဲသေတ္တာ ၂ လုံး၊ Freezer ၅ လုံးနှင့် မီးစက် ၃ လုံးတို့ကို ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အဆိုပါနေရာတဝိုက် သံလွင် မြစ်ကမ်းတလျှောက်၌ ရှာဖွေစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်ရာ ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် မက်မန်းမြို့၏ အနောက်တောင်ဘက် ၅၀ ကီလိုမီတာခန့်အကွာ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် တရားမဝင်တရုတ်နိုင်ငံသားများကို ၁၈ ဦးပါဝင်သော အဖွဲ့တစ်ဖွဲ့၊ ၁၉ ဦးပါဝင်သောအဖွဲ့တစ်ဖွဲ့၊ ၂၁ ဦးပါဝင်သောအဖွဲ့တစ်ဖွဲ့နှင့် ၁၇ ဦးပါဝင်သောအဖွဲ့ တစ်ဖွဲ့တို့ဖြင့် စုစုပေါင်း တရားမဝင်တရုတ်နိုင်ငံသား ၇၅ ဦးကို တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး ညနေ ၅ နာရီခန့်တွင် အဆိုပါ အနီးတစ်ဝိုက်၌ တရားမဝင်တရုတ်နိုင်ငံသား ၁၅ ဦးကို ထပ်မံတွေ့ရှိဖမ်းဆီးရမိခဲ့ရာ စုစုပေါင်း တရားမဝင် တရုတ်နိုင်ငံသား ၉၀ ကို တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
ထို့ပြင် ၎င်းတို့အား ဖမ်းဆီးရမိခဲ့သည့် နေရာတစ်ဝိုက်မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ဆောင်ရာတွင် အသုံးပြုသည့် အလျား ၅၀ ပေ၊ အနံ ၁၅ ပေရှိ စားဆောင် ၁ လုံး၊ အလျား ၁၀ ပေ၊ အနံ ၆ ပေရှိ လူနေတဲ ၂၀ လုံး၊ အလျား ၂၀ ပေ၊ အနံ ၁၅ ပေ ရှိ ဆန်ဂိုထောင် ၁ လုံး၊ အလျား ၈ ပေ၊ အနံ ၅ ပေရှိ လျှပ်စစ်ဂိုထောင် ၁ လုံး၊ အလျား ၁၀ ပေ၊ အနံ ၅ ပေရှိ ဆေးဂိုထောင် ၁ လုံး၊ အလျား ၄၀ ပေ၊ အနံ ၁၅ ပေရှိစားချက်ဆောင် ၁ လုံး၊ အလျား ၁၀ ပေ၊ အနံ ၅ ပေရှိ ဂိတ်ဝင်/ထွက်ဆောင် ၁ လုံး၊ အလျား ၄၀ ပေ၊ အနံ ၁၅ ပေရှိ ရိက္ခာဂိုထောင် ၁ လုံး၊ အလျား ၁၅ ပေ၊ အနံ ၁၀ ပေရှိမီးစက်ထားသည့်အဆောင် ၁ လုံး၊ အလျား ၁၀ ပေ၊ အနံ ၅ ပေရှိ အထွေထွေဂိုထောင် ၁ လုံး၊ ဆန်အိတ် ၁၀၀ အိတ်၊ မီးစက် ၅ လုံး၊ Freezer ၃ လုံး၊ ဂတ်စ်အိုး ၂၀ လုံး၊ ၁၄ ကန့်ပါ ထမင်းပေါင်းအိုး ၁ လုံး၊ ငါးထပ်သားပြား ၈၉ ပြား၊ ဆိုင်ကယ် ၄ စီးနှင့် Star Link ၂ လုံးတို့ ကိုလည်းကောင်း၊ အဆိုပါနေရာမှ ထပ်မံရှာဖွေစစ်ဆေးရာ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်ရာတွင် အသုံးပြုသည့် အလျား ၈၀ ပေ၊ အနံ ၃၀ ပေရှိအမျိုးသမီး အိပ်ဆောင် ၁ လုံး၊ အလျား ၈၀ ပေ၊ အနံ ၄၀ ပေရှိ အမျိုးသားအိပ်ဆောင် ၁ လုံး၊ အလျား ၃၀ ပေ၊ အနံ ၁၅ ပေရှိ မီးဖိုဆောင် ၁ လုံး၊ အလျား ၁၅ ပေ၊ အနံ ၅ ပေရှိ ၇ လုံးတွဲအိမ်သာ ၁ လုံး၊ အလျား ၃၀ ပေ၊ အနံ ၁၅ ပေရှိ ရေချိုးကန် ၁ လုံး၊ ၅ ပေပတ်လည် ကင်းတဲ ၁ လုံး၊ အလျား ၉ ပေ၊ အနံ ၅ ပေရှိ ရေတိုင်ကီအပါ ရေသန့်စက် ၁ လုံး၊ အလျား ၆၀ ပေ၊ အနံ ၂၅ ပေရှိ လူနေဆောင် ၁ လုံး၊ အလျား ၅၀ ပေ၊ အနံ ၂၅ ပေရှိ ပစ္စည်းသိုလှောင်ရုံ ၁ လုံး၊ မီးစက်အကြီး ၄ လုံး၊ ရေခဲသေတ္တာအကြီး ၄ လုံး၊ ထမင်းပေါင်းအိုး အကြီး ၁ လုံး၊ ပလတ် စတစ်ထိုင်ခုံ ၃၀ လုံး၊ ဒီဇယ်ဆီထည့်သည့် ပုံးအပြာ ၁၀ လုံး၊ ဆီတစ်ဝက်ပါ ဆီပေပါ ၁ လုံးနှင့် ဆက်စပ်ပစ္စည်းများကို ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ သိမ်းဆည်းရမိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖမ်းဆီးရမိသူများကိုလည်း ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နောက်ကွယ်မှ ပါဝင်ပတ်သက်သူများကိုလည်း စိစစ်ဖော်ထုတ်ကာ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက်နေသည့် ပြည်ပနိုင်ငံသားများကိုလည်း တရားဥပဒေနှင့်အညီ စစ်ဆေးကာ လူသားချင်းစာနာထောက်ထားမှု နှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခြင်းများ၊ အဓိကပြစ်မှုကျူးလွန်ခဲ့သူများကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ထံ တရားဝင်လွှဲပြောင်းပေးခြင်းများနှင့် တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Newspaper - 3525 items
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
