မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများပျက်စီးသွားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများပျက်စီးသွားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Ministry of Information/ Naypyitaw / April 28, 2025
နေပြည်တော် ဧပြီ ၂၇
မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ ပျက်စီးသွားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များအတွက် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာများ၊ နေပြည်တော်ကောင်စီနယ်မြေ တိုင်းပညာရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဇွန် ၁၆ ရက်မှ စ၍ တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်လည် ဖြေဆိုရန် ကြေညာထားပြီးဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများအကြား မျှတမှုရှိစေရေးအတွက် အဖြေလွှာများ ပျက်စီးသွားသော တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်လည်ဖြေဆိုစေခြင်းဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော် ကောင်စီနယ်မြေနှင့် ကချင်ပြည်နယ်တို့တွင် ဘာသာစုံဖြေဆိုထားသော ကျောင်းသား ကျောင်းသူ ပေါင်း ၆၃၀၀၀ ခန့်ရှိကြောင်း၊ ထိုကျောင်းသား ကျောင်းသူများအတွက် လိုအပ်သော ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်များ၊ ခဲတံ၊ ခဲဖျက်၊ ပေတံ စသည့်ကျောင်းသုံးပစ္စည်းများနှင့် လိုအပ်သည်များကို ဝန်ကြီးဌာနအနေဖြင့် ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း၊ နိုင်ငံ၏ အနာဂတ်ဖြစ်သည့် ကျောင်းသား ကျောင်းသူများ၏ စိတ်ဓာတ်ခွန်အား ပြန်လည်မြှင့်တင်ပေးရန် အားလုံးဝိုင်းဝန်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအတွက် သတ်မှတ်ထားသော ကျောင်းများတွင် တက္ကသိုလ်များမှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများက လာရောက်၍ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး အခြေခံပညာ ဆရာဆရာမများက ဆက်လက်သင်ကြား လေ့ကျင့်ပေးသွားမည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က သင်ကြားမည့်ကျောင်း၊ ဆရာ ဆရာမစာရင်း၊ အချိန် ဇယားနှင့်သင်ခန်းစာများကို သေချာစွာ ပြင်ဆင်ထားရှိရန်နှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ကျောင်းသား ကျောင်းသူများအတွက် သတ်မှတ်ထားသော ကျောင်းများ၊ စခန်းများတွင် သောက်ရေ၊ သုံးရေလုံလောက်စွာရရှိရေးနှင့် သန့်စင်ခန်းများ အဆင်ပြေစေရေးနှင့်စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် ဦးစီးဌာနအလိုက် တာဝန်ရှိသူများက ဆောင်ရွက်နေမှုများနှင့် လိုအပ်သည်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3373 items
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 07, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့
Publisher: မြန်မာ့အလင်း/ December 06, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 04, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 30, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက် ၊ နိုဝင်ဘာ ၂၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 29, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
