မန္တလေးမြို့ရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်


Ministry of Information/ Naypyitaw / July 08, 2025
image_latest


နေပြည်တော် ဇူလိုင် ၈

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ဆွမ်းဦးပုညရှင်စေတီတော်နှင့် ရာဇာမဏိစူဠာ ကောင်းမှုတော်စေတီတို့တွင် ဘက်စုံပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်နေမှုအခြေအနေများနှင့် စေတီတော်ပရဝဏ်အတွင်း သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ ရွှေစေတီဘာသန္တရသင်းတန်းကျောင်း၊ ဝိနည်းဓိုရ်ကျောင်းတိုက်နှင့် ကိုးတောင်ပြည့်စေတီတို့တွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော သာသနိကအဆောက်အအုံများကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စက်ယန္တရားကြီးများ အသုံးပြု၍ အပြီးသတ်ဖယ်ရှား ရှင်းလင်းနေမှုများကိုလည်းကောင်း၊ ပိုးတန်းရပ်ကွက်နှင့် စိန်ကုန်းရပ်ကွက်ရှိ လူနေအဆောက်အအုံအပြိုအပျက်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စက်ယန္တာရားကြီး အသုံးပြု၍ အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လုပ်အားပေးဆောင်ရွက်နေကြသူများကို အားဖြည့်အချိုရည်များ ပေးအပ်ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

၎င်းနောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ သောတပန်ရပ်ကွက်ရှိ ငလျင်ဒဏ်သင့်ခဲ့သော ရွှေဟင်္သာတိုက်သစ် ပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်တော်၊ ဆီ၊ ပဲတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ရွှေဟင်္သာတိုက်သစ် ပရိယတ္တိစာသင်တိုက်မှ ရဟန်း၊ သာမဏေ၊ သီလရှင်၊ ယောဂီများအား တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့နှင့် စစ်ကိုင်းမြို့ ဆေးရုံကြီးမှ ဆေးကုသရေးအဖွဲ့တို့ပူးပေါင်း၍ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးဝါးကုသပေးခြင်း၊ ခြင်ဆေးဖျန်းပေးခြင်းစသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ မဟာမုနိဘုရားကြီးအနောက်စောင်းတန်းသို့ သွားရောက်ပြီး ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အနောက်စောင်းတန်းရှိ ဈေးဆိုင်ခန်းအပျက်အစီးများအား တပ်မတော်သားများမှ အင်တိုက်အားတိုက် ရှင်းလင်းဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း၊ ဘုရားကြီး၏ နောက်ကျောတော်နေရာတွင် ပြိုကျပျက်စီးသွားသည့်တိုင်များ ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း လိုက်လံကြည့်ရှု့စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် မဟာမုနိဘုရားကြီး ဘဏ္ဍာတော်ပိုင်တိုက်တန်းသို့ရောက်ရှိပြီး ငလျင်ဒဏ်သင့်၍ ထိခိုက်ပျက်စီးသွားသော ဝန်ထမ်းလိုင်းခန်းအပျက်အစီးများအား စက်ယန္တရားကြီးများအသုံးပြု၍ ဖယ်ရှားရှင်းလင်းနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများအား မှာကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့်အဖွဲ့သည် အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်သို့ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော အန္တရာယ်ရှိ အဆောက်အအုံအပျက်အစီးများအား စက်ယန္တရားကြီးများ အသုံးပြု၍ အပြီးသတ်ဖယ်ရှားရှင်းလင်းနေမှုများအားလည်းကောင်း၊ ဒေါနဘွားရပ်ကွက်ရှိ ငလျင်ဒဏ်သင့် အိမ်ယာအဆောက်အအုံအား ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရန်လည်းကောင်း ကြည့်ရှု့စစ်ဆေး၍ အနီးပတ်ဝန်းကျင်ရှိ အဆောက်အအုံများအား ထိခိုက်မှုမရှိစေရေးနှင့် အပျက်အစီးများအား အမြန်ဆုံးရှင်းလင်း ဆောင်ရွက်နိုင်ရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Newspaper - 3500 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download