မန္တလေးမြို့၌ ကျောင်းအပ်နှံရေးရက်သတ္တပတ် စတင်ဆောင်ရွက်


Ministry of Information/ Naypyitaw / May 23, 2025
image_latest


မန္တလေး မေ ၂၂

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာ (အထက်တန်း၊ အလယ်တန်း၊ မူလတန်း)ကျောင်းများကို ဇွန် ၂ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး “ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ “ဆောင်ပုဒ်ဖြင့် ကျောင်းအပ်နှံရေးရက်သတ္တပတ်ကို မေ ၂၂ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်ထားကာ ယနေ့တွင် ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဆောင်ရွက်ကြသည်။

မန္တလေးမြို့အတွင်းရှိ အခြေခံပညာ ကျောင်းများတွင်လည်း ယနေ့နံနက်ပိုင်းမှစတင်၍ ကျောင်းအပ်နှံရေး လုပ်ငန်းစဉ် များကို စတင်ဆောင်ရွက်လျက်ရှိရာ တာဝန်ကျ ဆရာ ဆရာမများက ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများ ကျောင်းလာရောက်အပ်နှံရာတွင် စနစ်တကျနှင့် အဆင်ပြေချောမွေ့ စေရေး၊ ကျောင်းသား စာရင်းပေး သွင်းရာတွင် စည်းကမ်းတကျဖြစ်စေရေးတို့အတွက် ကြီးကြပ်ဆောင်ရွက်ပေးကြသည်။

ကျောင်းအပ်နှံရေး လုပ်ငန်းဆောင်ရွက်ပေးခြင်းများနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး(ပညာ) ဒေါက်တာရွှေစင်အိက “ ဒီနေ့ကတော့ မြန်မာတစ်နိုင်ငံ လုံးမှာရှိတဲ့ ကျောင်းတွေအားလုံး ကျောင်းအပ်လက်ခံတဲ့နေ့ ဖြစ်ပါတယ်။ ကျွန်မတို့ မန္တလေးတိုင်း ဒေသကြီးမှာလည်း ကျောင်းတွေမှာ ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်တွေ စတင်ဆောင်ရွက်ပါတယ်။ ကျောင်းလာအပ်နှံတဲ့ ကျောင်းသား ကျောင်းသူတွေကိုလည်း တန်းစဉ်အလိုက် နိုင်ငံတော်ကလိုအပ်တဲ့ ကျောင်းသုံးကိရိယာတွေကို ထောက်ပံ့ပေးပါတယ်။ နောက်ပြီး ကျောင်းလခကိုလည်း ကောက်ခံခြင်းမရှိဘဲ အခမဲ့ပညာရေးစနစ်နဲ့ ဆောင်ရွက်နေပါတယ်။ ကျောင်း အပ်လက်ခံတဲ့နေ့မှာပဲ ကျောင်းတွေမှာ ကလေးတွေကို အများအပြား လာရောက်အပ်နှံကြတာ တွေ့မြင်ရပါတယ်။ ကျွန်မတို့အနေနဲ့လည်း မိဘတွေနဲ့ ကလေးတွေကို ကျောင်းလာရောက်အပ်နှံကြဖို့နဲ့ စဉ်ဆက်မပြတ်အတန်းလိုက် တက်ရောက်ပညာသင်ယူသွားဖို့ တိုက်တွန်းဖိတ်ခေါ်လိုပါတယ်။ ကျောင်းမဖွင့်မီမှာ ကျောင်းတွေအားလုံးကို ကြံ့ခိုင်မှုကောင်းမွန်စေဖို့နဲ့ ဥပဓိရုပ်ကောင်းမွန်မှုရှိအောင် ဆောင်ရွက်ထားပြီးပါပြီ။ ကလေးတွေအားလုံးအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ဖြစ်ဖို့၊ သောက်သုံးရေတွေ၊ သန့်စင်ခန်းတွေအားလုံးကိုလည်း အဆင်သင့်ဖြစ်ဖို့ အားလုံးဆောင်ရွက်ပြီးဖြစ်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးတွေကို စိတ်ချ စွာလာရောက်အပ်နှံကြပါလို့ ပြောကြားလိုပါတယ်” ဟု ပြောသည်။

ကျောင်းအပ်နှံရာတွင် ကျောင်း လခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနှင့် စာကြည့်တိုက်ကြေး အပါအဝင်မည်သည့်အခကြေးငွေကိုမျှ ကောက်ခံခြင်းမပြုဘဲ မူလတန်းကျောင်းသား တစ်ဦးကို ကျောင်းသုံးပုံနှိပ်စာအုပ် တစ်စုံ၊ ဗလာစာအုပ်တစ်ဒါဇင်၊ ကျောင်းဝတ်စုံတစ်စုံ၊ ခဲတံလေးချောင်း ထောက်ပံ့ပြီး အလယ်တန်းနှင့် အထက်တန်းကျောင်းသားတစ်ဦးချင်းစီကို ကျောင်းသုံးပုံနှိပ် စာအုပ် တစ်စုံ၊ ဗလာစာအုပ် တစ်ဒါဇင်၊ ဘောပင်နှစ်ချောင်း၊ ခဲတံနှစ်ချောင်း တို့ကို နိုင်ငံတော်က အခမဲ့ ထောက်ပံ့ပေးသည်။

အမှတ်(၁၆) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာသန်းထိုက် စိုးက “ ကျွန်တော်တို့ကျောင်းမှာ တော့ ဇွန် ၂ ရက်ကနေ ကျောင်းစတင်ဖွင့်လှစ်ပြီး စာသင်ချိန် အပြည့်သင်ကြားပေးသွားမှာ ဖြစ် ပါတယ်။ အရင်နှစ်က ကျွန်တော်တို့ကျောင်းမှာ ကျောင်းသား ကျောင်းသူပေါင်း ၃၃၀၀ ကျော် တက်ရောက်ပါတယ်။ ဒီနှစ်မှာတော့ ကျောင်းသားဟောင်းတွေ လည်း ပြန်လည်တက်ရောက်ကြ မှာဖြစ်သလို ကျောင်းသားအသစ်တွေလည်း တက်ရောက်မှာဖြစ်တဲ့အတွက် မနှစ်ကအရေအတွက်ထက် ပိုမိုများသွားမှာဖြစ်ပါတယ်။ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ကျွန်တော်တို့ ကျောင်းအနေနဲ့ ပျက်စီးထိခိုက်မှု နည်းပါးပါတယ်။ ဒီပျက်စီးမှုတွေကိုလည်း ပြန်လည်မွမ်းမံပြီး ဖြစ်ပါတယ်။ ဒါကြောင့်ကျောင်းနေအရွယ် ကလေးတွေကျောင်းအမြန်ဆုံးအပ်နှံကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု ပြောသည်။

ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင်လည်း ကျောင်းသား ကျောင်းသူများ လုံခြုံစိတ်ချစွာနှင့် သန့်ရှင်းသပ်ရပ်စွာဖြင့် ပညာသင်ကြားနိုင်ရေးအတွက်လည်း ဆောင်ရွက်ထားရှိပြီး ကျောင်းအပ်နှံရေး ရက်သတ္တပတ်အတွင်း၌ မန္တလေးမြို့ရှိ ကျောင်းများ၌ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းအဖွဲ့များက လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ထို့ပြင် ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်နှင်းဇာဇာမွန်ကလည်း “ကျွန်မရဲ့သားနဲ့သမီးကို လာရောက်ကျောင်းအပ်နှံပေးခြင်း ဖြစ်ပါတယ်။ ကျွန်မတို့ ကလေးမိဘတွေနဲ့ ကျောင်းကဆရာဆရာမတွေ ပူးပေါင်းပြီးကလေးတွေ သင်ကြားသင်ယူမှု ပိုမိုကောင်းမွန်စေဖို့ ပူးပေါင်း ဆောင်ရွက်မှုတွေရှိပါတယ်။ ကလေးတွေအတွက် လိုအပ်တာ တွေကိုလည်း ဆရာ ဆရာမတွေနဲ့ မိသားစုသဖွယ်ဆွေးနွေးတိုင်ပင် ဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူတွေအားလုံးကိုလည်း ကျွန်မအနေနဲ့ ပညာထူးချွန် စေချင်ပါတယ်။ မိဘတိုင်းကလည်း ကိုယ့်သားသမီးတွေကို ပညာထူးချွန် ထက်မြက်တဲ့သူတွေဖြစ်အောင်ကျောင်းကို ကြိုးစားပြီးအပ်နှံစေချင်ပါတယ်” ဟု ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ယခင်နှစ် ပညာသင်နှစ်တွင် အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့်မူလတန်း ကျောင်းပေါင်း ၃၅၂၉ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းပေါင်း ၂၆၈ ကျောင်း၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း ၂၄၆ ကျောင်း စုစုပေါင်း ၄၀၄၃ ကျောင်း ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်း သူ ၁၀၂၃၂၉၀ တက်ရောက် ပညာသင်ကြားခဲ့ပြီး ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ယခင်ပညာသင်နှစ်ကထက် အခြေခံ ပညာကျောင်း၊ ဘုန်းတော်ကြီးသင် ကျောင်း၊ ကိုယ်ပိုင်ကျောင်းများအားလုံးနီးပါး ဖွင့်လှစ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

မောင်အေးချမ်း

Newspaper - 3180 items

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 31, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 29, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁ ရက်၊ မေ ၂၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လကွယ်နေ့၊ မေ ၂၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၂၅ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၂၄ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၂၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download