မန္တလေးမြို့၌ အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေးရက်သတ္တပတ် စတင်ဆောင်ရွက်
မန္တလေးမြို့၌ အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေးရက်သတ္တပတ် စတင်ဆောင်ရွက်
Ministry of Information/ Naypyitaw / May 23, 2025

မန္တလေး မေ ၂၂
မန္တလေးမြို့အတွင်းရှိ အခြေခံပညာ ကျောင်းများတွင်လည်း ယနေ့နံနက်ပိုင်းမှ စတင်၍ ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များကို စတင်ဆောင်ရွက်လျက်ရှိရာ တာဝန်ကျ ဆရာ ဆရာမများက ကျောင်းသား မိဘများနှင့် ကျောင်းသား ကျောင်းသူများ ကျောင်းလာရောက်အပ်နှံရာတွင် စနစ်တကျနှင့် အဆင်ပြေချောမွေ့ စေရေး၊ ကျောင်းသား စာရင်းပေးသွင်းရာတွင် စည်းကမ်းတကျ ဖြစ်စေရေးတို့အတွက် ကြီးကြပ်ဆောင်ရွက်ပေးကြသည်။
ကျောင်းအပ်နှံရေး လုပ်ငန်းဆောင်ရွက်ပေးခြင်းများနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး(ပညာ) ဒေါက်တာရွှေစင်အိက “ဒီနေ့ကတော့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းတွေအားလုံး ကျောင်းအပ်လက်ခံတဲ့နေ့ ဖြစ်ပါတယ်။ ကျွန်မတို့ မန္တလေးတိုင်း ဒေသကြီးမှာလည်း ကျောင်းတွေမှာ ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်တွေ စတင်ဆောင်ရွက်ပါတယ်။ ကျောင်းလာအပ်နှံတဲ့ ကျောင်းသား ကျောင်းသူတွေကိုလည်း တန်းစဉ်အလိုက် နိုင်ငံတော်ကလိုအပ်တဲ့ ကျောင်းသုံးကိရိယာတွေကို ထောက်ပံ့ပေးပါတယ်။ နောက်ပြီး ကျောင်းလခကိုလည်း ကောက်ခံခြင်းမရှိဘဲ အခမဲ့ပညာရေးစနစ်နဲ့ ဆောင်ရွက်နေပါတယ်”ဟု ပြောသည်။
အမှတ်(၁၆) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာ သန်းထိုက်စိုးက “ကျွန်တော်တို့ ကျောင်းမှာတော့ ဇွန် ၂ ရက်ကနေ ကျောင်းစတင်ဖွင့်လှစ်ပြီး စာသင်ချိန်အပြည့် သင်ကြားပေးသွားမှာဖြစ်ပါတယ်။ အရင်နှစ်က ကျွန်တော်တို့ကျောင်းမှာ ကျောင်းသား ကျောင်းသူပေါင်း ၃၃၀၀ ကျော်တက်ရောက်ပါတယ်။ ဒီနှစ်မှာတော့ ကျောင်းသားဟောင်းတွေလည်း ပြန်လည်တက်ရောက်ကြမှာဖြစ်သလို ကျောင်းသားအသစ်တွေလည်း တက်ရောက်မှာဖြစ်တဲ့အတွက် မနှစ်ကအရေအတွက်ထက် ပိုမိုများသွားမှာဖြစ်ပါတယ်။ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ကျွန်တော်တို့ကျောင်း အနေနဲ့ ပျက်စီးထိခိုက်မှု နည်းပါးပါတယ်။ ဒီပျက်စီးမှုတွေကိုလည်း ပြန်လည်မွမ်းမံပြီး ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းနေအရွယ်ကလေးတွေ ကျောင်းအမြန်ဆုံးအပ်နှံကြဖို့ ဖိတ်ခေါ်ပါတယ်”ဟု ပြောသည်။
ကျောင်းအပ်နှံရာတွင် ကျောင်း လခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနှင့် စာကြည့်တိုက်ကြေးအပါအဝင် မည်သည့်အခကြေးငွေကိုမျှ ကောက်ခံခြင်းမပြုဘဲ မူလတန်းကျောင်းသားတစ်ဦးကို ကျောင်းသုံးပုံနှိပ်စာအုပ် တစ်စုံ၊ ဗလာစာအုပ် တစ်ဒါဇင်၊ ကျောင်း ဝတ်စုံ တစ်စုံ၊ ခဲတံ လေးချောင်း ထောက်ပံ့ပြီး အလယ်တန်းနှင့် အထက်တန်း ကျောင်းသားတစ်ဦးချင်းစီကို ကျောင်းသုံးပုံနှိပ်စာအုပ် တစ်စုံ၊ ဗလာစာအုပ် တစ်ဒါဇင်၊ ဘောပင် နှစ်ချောင်း၊ ခဲတံ နှစ်ချောင်းတို့ကို နိုင်ငံတော်က အခမဲ့ ထောက်ပံ့ပေးသည်။
ထို့ပြင် ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်နှင်းဇာဇာမွန်ကလည်း “ကျွန်မရဲ့သားနဲ့သမီးကို ကျောင်းလာရောက် အပ်နှံပေးခြင်းဖြစ်ပါတယ်။ ကျွန်မတို့ ကလေးမိဘတွေနဲ့ ကျောင်းက ဆရာ ဆရာမတွေ ပူးပေါင်းပြီး ကလေးတွေသင်ကြားသင်ယူမှု ပိုမိုကောင်းမွန်စေဖို့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိပါတယ်။ ကလေးတွေအတွက် လိုအပ်တာတွေကိုလည်း ဆရာ ဆရာမတွေနဲ့ မိသားစုသဖွယ် ဆွေးနွေးတိုင်ပင် ဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူတွေ အားလုံးကိုလည်း ကျွန်မအနေနဲ့ ပညာထူးချွန်စေချင်ပါတယ်။ မိဘတိုင်းကလည်း ကိုယ့်သားသမီးတွေကို ပညာထူးချွန်ထက်မြက်တဲ့ သူတွေဖြစ်အောင်ကျောင်းကို ကြိုးစားပြီး အပ်နှံစေချင်ပါတယ်” ဟု ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ယခင်နှစ်ပညာသင်နှစ်တွင် အခြေခံပညာ အထက်တန်း၊အလယ်တန်းနှင့် မူလတန်းကျောင်း ၃၅၂၉ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၂၆၈ ကျောင်း၊ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း ၂၄၆ ကျောင်း စုစုပေါင်း ၄၀၄၃ ကျောင်း ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူ ၁၀၂၃၂၉၀ တက်ရောက် ပညာသင် ကြားခဲ့ပြီး ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ယခင်ပညာသင်နှစ်ကထက် အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း၊ ကိုယ်ပိုင်ကျောင်းများအားလုံးနီးပါး ဖွင့်လှစ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းထက်အောင်



Newspaper - 3180 items

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁ ရက်၊ မေ ၂၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လကွယ်နေ့၊ မေ ၂၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၂၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၂၄ ရက်၊ စနေနေ့။
