မန္တလေး - မြစ်ကြီးနားလမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများ၌ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများ ပြန်လည် လည်ပတ်စေရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်များ မြို့အသီးသီးသို့ ရောက်ရှိ၊ ဒေသခံပြည်သူများက ဝမ်းမြောက်ဝမ်းသာ ကျေးဇူးတင်စွာ ကြိုဆို
မန္တလေး - မြစ်ကြီးနားလမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများ၌ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများ ပြန်လည် လည်ပတ်စေရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်များ မြို့အသီးသီးသို့ ရောက်ရှိ၊ ဒေသခံပြည်သူများက ဝမ်းမြောက်ဝမ်းသာ ကျေးဇူးတင်စွာ ကြိုဆို
Ministry of Information/ Naypyitaw / May 12, 2026
နေပြည်တော် မေ ၁၂
တပ်မတော်အနေဖြင့် ပြည်သူလူထု အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုး၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့်ဒေသများ၌ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter - Terrorism Operation) များကို ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်၍ မြို့ရွာများအား အဆင့်ဆင့်ပြန်လည်သိမ်းပိုက်ပြီး ပြည်သူလူထုအတွက် အရေးပါသည့် ဆက်သွယ်ရေးလမ်းကြောင်းများအနက် တစ်ခုဖြစ်သော မန္တလေး - မတ္တရာ - သပိတ်ကျင်း - တကောင်း - ထီးချိုင့် - ကသာ - အင်းတော် - မော်လူး - နန့်စီးအောင် - မိုးညှင်း - မိုးကောင်း - မြစ်ကြီးနား ဆက်သွယ်ရေးလမ်းကြောင်းတစ်လျှောက်ကို မေ ၆ ရက်တွင် အပြည့်အဝထိန်းချုပ်၍ ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီးဖြစ်သည်။
မြန်မာနိုင်ငံ၏ မြောက်ပိုင်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော အခြေခံအဆောက်အအုံတစ်ခုဖြစ်သည့် မန္တလေးတိုင်းဒေသကြီးမှ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အထိ ဆက်သွယ်ထားသည့် မန္တလေး - မတ္တရာ - သပိတ်ကျင်း - တကောင်း - ထီးချိုင့် - ကသာ - အင်းတော် - မော်လူး - နန့်စီးအောင် - မိုးညှင်း - မိုးကောင်း - မြစ်ကြီးနား ဆက်သွယ်ရေးလမ်းကြောင်းအား အကြမ်းဖက်သောင်းကျန်းသူများက ယာယီစိုးမိုးပိတ်ဆို့ထားစဉ် ဒေသခံ တိုင်းရင်းသားပြည်သူများ၏ ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ကုန်စည်စီးဆင်းမှုများတွင် အခက်အခဲများ ဖြစ်ပေါ်ခဲ့ပြီး စားနပ်ရိက္ခာနှင့် နေ့စဉ်သုံးပစ္စည်းများ ရှားပါးလာခြင်း၊ ဆေးဝါးနှင့် အရေးပေါ်သုံးပစ္စည်းများ လုံလောက်စွာမရရှိတော့ခြင်း၊ ကုန်စည်ပို့ဆောင်သည့် မော်တော်ယာဉ်များအား အတင်းအဓမ္မ ဆက်ကြေးကောက်ခံခြင်းများကြောင့် ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ စီးပွားရေးလုပ်ငန်းများအတွက် ကုန်ကြမ်းများ ပြတ်လပ်ပြီး ကုန်ချောထုတ်လုပ်မှုတွင် အခက် အခဲများဖြစ်ပေါ်ကာ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ကုန်ပစ္စည်းများလည်း ဈေးကွက်သို့ မရောက်ရှိတော့ခြင်းတို့ကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ နေ့စဉ်လူမှုစီးပွားဘဝများတွင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရကြောင်း သိရှိရသည်။
လက်ရှိတွင် အဆိုပါဆက်သွယ်ရေးလမ်းကြောင်းအား တပ်မတော်က အပြည့်အဝပြန်လည်သိမ်းပိုက်၍ တပ်မတော်စစ်ကြောင်းများက လမ်းကြောင်းတစ်လျှောက်ရှိ အတားအဆီးနေရာများအား လူအင်အား၊ စက်ယန္တရားများ အသုံးပြု၍ ဖယ်ရှားရှင်းလင်းပြီး အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့သည့် လမ်း၊ တံတားများအား အများပြည်သူ ပြန်လည်အသုံးပြုနိုင်ရေးနှင့် ပို့ဆောင်ဆက်သွယ်မှု အဆင်ပြေချောမွေ့စေရေးတို့အတွက် တပ်မတော်မှ စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ ပြန်လည်ပြုပြင်တည်ဆောက်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် အဆိုပါလမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများ၌ အစိုးရအုပ်ချုပ်ရေးယန္တရားများ ပြန်လည်လည်ပတ်နိုင်ရေး၊ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ၎င်းတို့၏ နေရပ်ဒေသများ၌ ပြန်လည်အခြေချနေထိုင်စဉ် စားဝတ်နေရေး အဆင်ပြေချောမွေ့စေရေး၊ ကျောင်းဖွင့်ရာသီအမီ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် စာရေးကိရိယာများ အချိန်မီရောက်ရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆေးပစ္စည်းလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးနှင့် အခြားသောလိုအပ်ချက်များကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် တပ်မတော်၏ စီမံဆောင်ရွက်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများသည် အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဆေးနှင့်ဆေးပစ္စည်းများ၊ ကျောင်းသုံးစာအုပ်များနှင့် စက်သုံးဆီများ တင်ဆောင်လာသော မော်တော်ယာဉ်များ၊ ကုန်ပစ္စည်းများ တင်ဆောင်ပြီး ကုန်သည်များ လိုက်ပါလာသည့် မော်တော်ယာဉ်များ၊ ဒေသခံခရီးသွားယာဉ်များနှင့်အတူ မေ ၉ ရက်တွင် မန္တလေးမြို့မှ စတင်ထွက်ခွာခဲ့ကြောင်း သိရှိရသည်။
ဌာနဆိုင်ရာဝန်ထမ်းများသည် ကုန်ပစ္စည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်များနှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့၊ ကသာမြို့၊ အင်းတော်မြို့နှင့် မော်လူးမြို့များသို့ ရောက်ရှိစဉ် အဆိုပါမြို့များရှိ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများကလည်းကောင်း၊ တို့မှတစ်ဆင့် မေ ၁၂ ရက် ယနေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ရောက်ရှိကြရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများကလည်းကောင်း အိုးစည်ဒိုးပတ်များ၊ အောင်သပြေပန်းများ၊ ဂုဏ်ပြုပန်းကုံးများဖြင့် ကျေးဇူးတင် ဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။
မန္တလေး- မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာအသီးသီး၌လည်း နိုင်ငံတော်အစိုးရမှ တာဝန်ရှိသူများနှင့် တပ်မတော်သားများ ပူးပေါင်း၍ ဒေသခံပြည်သူလူထု လုံခြုံရေးနှင့် လိုအပ်သည့်ကူညီ ထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရေး၊ အစိုးရ၏အုပ်ချုပ်မှုယန္တရားများဖြစ်သည့် ရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးအတွက် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး၊ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆေးရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးစသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် မော်တော်ယာဉ်များဖြင့် ပါရှိလာသည့် အခြေခံစားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို မြို့ရွာအသီးသီးရှိ ဒေသခံပြည်သူများအား သက်ဆိုင်ရာတာဝန်ရှိသူများမှတစ်ဆင့် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည်။ ထိုအပြင် အဆိုပါမော်တော်ယာဉ်များနှင့်အတူ ပါရှိလာသည့် ကုန်သည်များသယ်ဆောင်လာသည့် လူသုံးကုန်ပစ္စည်းများအား လမ်းကြောင်းတစ်လျှောက်ရှိ မြို့/ ရွာများအတွင်း ပို့ဆောင်ရောင်းချနိုင်ခဲ့သဖြင့် ဒေသတွင်း ကုန်ဈေးနှုန်း ကြီးမြင့်ခဲ့မှုများကိုလျော့ချပေးနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် ယခုအခါ အဆိုပါလမ်းကြောင်းတစ်လျှောက်တွင် ခရီးသွားမော်တော်ယာဉ်များ၊ ကုန်စည်သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်များ ပုံမှန်အတိုင်း သွားလာလျက်ရှိကြောင်း သိရသည်။
ယခုကဲ့သို့ မန္တလေး - မြစ်ကြီးနားဆက်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် ၎င်းတို့၏ သွားလာနေထိုင်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ ပုံမှန်အတိုင်း အဆင်ပြေချောမွေ့လာပြီး လူမှုစီးပွားဘဝများ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှု၏ အကျိုးကျေးဇူးများကို ပြန်လည်ခံစားနိုင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျောင်းသားလူငယ်များ၏ ပညာရေးကဏ္ဍများလည်း ပြန်လည်ရရှိတော့မည်ဖြစ်သဖြင့် ဝမ်းမြောက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်လုပ်ရပ်များကြောင့် အဘက်ဘက်က ပျက်စီးဆုံးရှုံးခဲ့ရသည့် မြို့၊ ရွာများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်အတူ ဝိုင်းဝန်းကူညီဆောင်ရွက်ကြမည်ဟု ဝမ်းမြောက်စွာ ရင်ဖွင့်ပြောကြားခဲ့ကြကြောင်း သိရှိရသည်။
လမ်းတံတားဟူသည် နိုင်ငံတစ်နိုင်ငံအတွက် အလွန်အရေးကြီးသည့် အခြေခံ အဆောက်အအုံများတွင်ပါဝင်ပြီး လမ်းတံတားများ ကောင်းမွန်မှသာ လူနှင့် ကုန်စည်များ သွားလာပို့ဆောင်မှုကို မြန်ဆန်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည်ဖြစ်သည်။ ထို့ပြင် လမ်းတံတားများသည် ကျေးလက်နှင့် မြို့ပြဒေသများကို ဆက်သွယ်ပေးနိုင်သဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် အခြားသော လူမှုရေးဝန်ဆောင်မှုလုပ်ငန်းများကို အချိန် နှင့်တစ်ပြေးညီရရှိစေမည်ဖြစ်ပြီး အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများနှင့် နိုင်ငံတော်လုံခြုံရေးအတွက်လည်း အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သဖြင့် လမ်းနှင့်တံတားများသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက်အကျိုးသက်ရောက်စေနိုင်သည့်အတွက် မြို့ ရွာများနှင့် လမ်းတံတားများကို ဖျက်ဆီးပြီး ပြည်သူများအား အနိုင်ကျင့်နှိပ်စက်သည့် အကြမ်းဖက်သောင်းကျန်းသူများအား ပြည်သူလူထုတစ်ရပ်လုံးက ရွံရှာမုန်းတီးလျက်ရှိကြပြီး နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးအတွက် မြို့ရွာအသီးသီးရှိ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် ပြည်သူလူထုသည် နိုင်ငံတော်၊ တပ်မတော်တို့နှင့်အတူ တစ်သားတည်းရှိနေမည်ဖြစ်ကြောင်း သိရှိရသည်။
Newspaper - 3524 items
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
