မဟာအောင်မြေနှင့် ချမ်းမြသာစည်မြို့နယ်တို့၌ ငွေကျပ် ၂၇၉၀ ဒသမ ၅ သိန်း၊ လားရှိုးမြို့၌ ငွေကျပ် ၇၂ သိန်း၊ ညောင်ရွှေမြို့နယ်၌ ငွေကျပ်သိန်း ၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


Ministry of Information/ Naypyitaw / May 23, 2026
image_latest


နေပြည်တော် မေ ၂၂

မဟာအောင်မြေနှင့် ချမ်းမြသာစည်မြို့နယ်တို့၌ ငွေကျပ် ၂၇၉၀ ဒသမ ၅ သိန်း၊ လားရှိုးမြို့၌ ငွေကျပ် ၇၂ သိန်း၊ ညောင်ရွှေမြို့နယ်၌ ငွေကျပ်သိန်း ၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၈ ရက် ညနေ ၆ နာရီခွဲတွင် သတင်းအရ မဟာအောင်မြေမြို့နယ် မဟာမြိုင်ရပ်ကွက် (၁) ၃၈ လမ်းနှင့် ၃၉ လမ်းကြား အောင်သပြေလမ်းနေ သက်နိုင် (၃၆) နှစ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ ၁၀ ဒသမ ၄၄ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၂၅၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၂၆၁၀) ဖမ်းဆီးရမိပြီး ကွင်းဆက်အရ ယင်းနေ့ ည ၇ နာရီခွဲတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းချရာတွင် ပူးပေါင်းပါဝင်သူချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်နေ နေတက် (၂၆) နှစ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းအားနေအိမ်တွင် မတွေ့ရှိရဘဲ နေအိမ်အတွင်းမှ ဘိန်းဆီခဲ ၆ ဒသမ ၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၂၅ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၁၆၂ ဒသမ ၅ သိန်း)၊ ဘိန်းစိမ်းနှစ်ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၉ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၁၈ သိန်း)တို့ကို ဖမ်းဆီးရမိသဖြင့် သက်နိုင်နှင့် နေတက် (ဖမ်းဆီးရန်ကျန်) တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားသည်။

ထို့အတူ မေ ၂၁ ရက် မွန်းလွဲ ၃ နာရီတွင် သတင်းအရ လားရှိုးမြို့ အောင်မင်္ဂလာရပ်ကွက် နယ်မြေ (၁၃) နေ ကျင်ရှောင် (၂၇) နှစ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၆၀၀ (တစ်ပြားလျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၁၃ သိန်း)၊ ဘိန်းစိမ်းတစ်ကီလို (တစ်ကီလိုလျှင်ငွေကျပ် ခုနစ်သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ခုနစ်သိန်း) နှင့် ဘိန်းဖြူ ၂၆၀ ဂရမ် (တစ်ဂရမ်လျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၅၂ သိန်း) တို့ကို ဖမ်းဆီးရမိသဖြင့် ကျင်ရှောင်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားသည်။

အလားတူ မေ ၂၀ ရက်ညနေ ၄ နာရီခွဲတွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ညောင်ရွှေမြို့နယ် မင်းချောင်းကျေးရွာအုပ်စု ပွဲစားကုန်းလယ်ပြင်ကျေးရွာ အဝင်လမ်းပေါ်တွင် လမ်းလျှောက်လာသူ ညောင်ရွှေမြို့နယ် နွားဓမ ကျေးရွာနေ ဇော်လွင်ဦး (ခ) အယ်ဇော် (၄၄) နှစ်အား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် သိန်း ၅၀) ဖမ်းဆီးရမိသဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3534 items

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download