မိတ္ထီလာမြို့နယ်၌ မိသားစုဝင်ငွေတိုး အသက်မွေးဝမ်းကျောင်းသင်တန်းဆင်းပွဲ ကျင်းပ


Ministry of Information/ Naypyitaw / October 11, 2024
image_latest


နေပြည်တော် အောက်တိုဘာ ၁၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ကန်သာအေးကျေးရွာသို့ရောက်ရှိပြီး မြစိမ်းရောင်နွားမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသော အစုအဖွဲ့များနှင့်တွေ့ဆုံ၍ မျိုးစပ်မှု၊ အစာကျွေးမွေးမှု စနစ်တကျရှိရေး၊ ဈေးကွက်ရရှိရေး၊ ဆီထွက်သီးနှံနှင့် စက်မှုသီးနှံဝါစိုက်ပျိုးရေးတို့တွင် သမဝါယမစနစ်ဖြင့် လက်တွဲကူညီပံ့ပိုးဆောင်ရွက်ပေးရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားကာ အစုအဖွဲ့များ၏ နွားမွေးမြူထားမှုအခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ထို့နောက် မိတ္ထီလာမြို့မြို့တော်ခန်းမ၌ ကျင်းပသည့် ကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုး ရေးစီမံကိန်းဖြင့် ဖွင့်လှစ်ပေးခဲ့သော စက်ချုပ်နည်းပညာသင်တန်း၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပြီး ထူးချွန်သင်တန်းသား သင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများ၊ ထူးချွန်ဂုဏ်ပြုဆုများ၊ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကာ သင်တန်းဆင်းများ၏ လက်ရာများကို ကြည့်ရှုအားပေးသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် နို့စားနွားမွေးမြူရေးစီမံကိန်းကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်းနှင့် သာစည်မြို့နယ်တို့ရှိ ကျေးရွာ ၁၅ ရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေမှငွေကျပ်သန်း ၃၀၀၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်းရန်ပုံငွေမှ ငွေကျပ်သန်း ၁၅၀ နှင့် သက်မွေးအစုအဖွဲ့များမှ ထည့်ဝင်ငွေကျပ်သန်း ၁၅၀ စုစုပေါင်း ငွေကျပ်သန်း ၆၀၀ ဖြင့် စပ်မျိုးနွား ၂၃၆ ကောင်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလမှစတင်၍ မွေးမြူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းနောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းကိုလည်းကောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိသော ပျော်ကုန်း - အုတ်ဖိုကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းကိုလည်းကောင်း၊ စက်ပစ်တောင် နို့စားနွားမွေးမြူရေးသမဝါယမအသင်း၏ လုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3553 items

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက် ၊ ဇွန် ၁၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက် ၊ ဇွန် ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇွန် ၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက် ၊ ဇွန် ၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download