မိမိပေါ့ဆမှုကြောင့် မီးလောင်မှုမဖြစ်ရန် ဂရုပြု


Ministry of Information/ Naypyitaw / January 05, 2026
image_latest


နှစ်သစ်ကူးကာလ ပြည်တွင်းပြည်ပမီဒီယာများတွင် တွေ့ရှိရသည့် မီးလောင်ကျွမ်းမှု သတင်းများက မီးမပေါ့ဆကြရန် သတိပေးနေသကဲ့သို့ပင်ဖြစ်သည်။ ဆွစ်ဇာလန်နိုင်ငံ ခရန်မွန်တာနာ နှင်းလျှောစီးစခန်းရှိ ဘားတစ်ခုတွင် နှစ်သစ်ကူးပါတီကျင်းပစဉ် မီးလောင်ရာ လူ ၄၀ ကျော် သေဆုံးပြီး ၁၁၅ ယောက်ဒဏ်ရာရရှိခဲ့ကြသည်။ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့တွင်လည်း မီးလောင်မှုကြောင့် ရှေးဟောင်းဘုရားရှိခိုးကျောင်း တစ်ကျောင်း မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှစ်ဦးသေဆုံးခဲ့သည်ဟုဆိုသည်။ နေပြည်တော် ပျဉ်းမနားမြို့ ရန်အောင်(၂) ရပ်ကွက်တွင်လည်း မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ ၆၀ ခန့် ဆုံးရှုံးခဲ့ပြီး လူ ၃၀၀ ကျော် မီးဘေးသင့်ခဲ့ကြရသည်။

မိမိတို့နိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ၁ဝ နှစ်တာကာလအတွင်း မီးလောင်မှုအကြိမ်ရေပေါင်း ၁၈၀၀၀ ခန့် ဖြစ်ပွားခဲ့ရာ ဆုံးရှုံးမှုတန်ဖိုးငွေ စုစုပေါင်းကျပ် ၁၉၂ ဘီလီယံကျော်ရှိခဲ့သည်။ နှစ်စဉ် မီးလောင်မှုများကြောင့် ပျမ်းမျှသေဆုံးသူ ၁၀၀ ခန့်၊ ထိခိုက်ဒဏ်ရာရရှိသူ ၂၀၀ ခန့်ရှိသည်ဟုသိရသည်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ အချက်အလက်များအရ ၂၀၂၄ ခုနှစ် တွင် နိုင်ငံတစ်ဝန်း မီးလောင်မှုအကြိမ်ရေပေါင်း ၁၁၅၀ ရှိခဲ့ပြီး လူ ၉၉ ဦး သေဆုံးကာ မီးလောင်ဆုံးရှုံးမှုတန်ဖိုးစုစုပေါင်း ငွေကျပ် သန်းပေါင်း ၉၄၀၀ ရှိခဲ့သည်။ မီးလောင်မှုအများစုတို့၏ အခြေခံအကြောင်းရင်းမှာ လူတို့၏ပေါ့ဆမှုပင်ဖြစ်သည်။ ဆွစ်ဇာလန်နိုင်ငံ နှင်းလျှောစီးစခန်း၌ကျင်းပသော နှစ်သစ်ကူးပါတီတွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုဆိုလျှင် ကလပ်မှ ဝန်ထမ်းများက ၎င်းတို့ပြုလုပ်နေကျအတိုင်း ရှန်ပိန်ပုလင်းများတွင် မီးပန်းကလေးများတပ်၍ ကစားပြရာမှစတင်ခဲ့ခြင်းဖြစ်သည်ဟုဆိုရာ အသေးအဖွဲမှစသည့်မီးက လူ့အသက်များစွာ ဆုံးရှုံးစေခဲ့ခြင်းပင်ဖြစ်သည်။

 မီးလောင်မှုဖြစ်စဉ်များကိုကြည့်လျှင် ပေါ့ဆမီး၊ လျှပ်စစ်နှင့် ဆိုင်သည့်မီး၊ မီးဖိုမီး၊ မသမာသူရှို့မီး၊ တောမီး၊ အလိုအလျောက်လောင် သောမီး၊ သောင်းကျန်းသူ ရှို့မီး၊ မိုးကြိုးမီး စသည့်အကြောင်းရင်းများကို တွေ့နိုင်သည်။ အဖြစ်အများဆုံးမီးတို့မှာ ပေါ့ဆမှုကြောင့် လောင်သောမီးနှင့် လျှပ်စစ်ဓာတ်အားကို ပေါ့ဆစွာသုံးစွဲရာမှ လောင်ကျွမ်းသည့် မီးတို့ပင်ဖြစ်သည်။ မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်တားဆီးနိုင်ရန်အတွက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က လိုက်နာဆောင်ရွက်ရန် စည်းကမ်းချက်အချို့ကို မီဒီယာများမှ တစ်ဆင့် မေတ္တာရပ်ခံ နှိုးဆော်တိုက်တွန်းလျက်ရှိသည်။

လျှပ်စစ်ကြောင့် လောင်ကျွမ်းသည့် မီးလောင်မှုများကို ကြိုတင်ကာကွယ်တားဆီးနိုင်ရန် လျှပ်စစ်မီးကို အသုံးပြုချက်ပြုတ်ပါက ဝန်အားမျှတသည့် ဝိုင်ယာကြိုးများကို အသုံးပြုရန်၊ လျှပ်စီးပတ်လမ်းကို အလိုအလျောက်ဖြတ်တောက်ပေးသော ပစ္စည်းကိရိယာများကိုအသုံးပြုရန်၊ ဝန်အားမနိုင်လျှင် လျှပ်စီးပတ်လမ်းကို ဖြတ်တောက်ပေးသည့် ပစ္စည်းကိရိယာများ တပ်ဆင်ထားရှိခြင်းများကို နားလည်တတ်ကျွမ်းသော ပညာရှင်များ၏ အကူအညီရယူဆောင်ရွက်ရန်၊ နေအိမ်မှလျှပ်စစ်ပစ္စည်းများကို နှစ်စဉ်စစ်ဆေးပြီး ဟောင်းနွမ်း၊ ပေါက်ပြဲ၊ ဝန်အားမမျှ အန္တရာယ်ရှိသည့် အစိတ်အပိုင်းများကို လဲလှယ်ရန်၊ မီးဖို၊ မီးပူ စသည့်လျှပ်စစ်ပစ္စည်းများကို အသုံးပြုနေစဉ် မီးပျက်ပါက မီးခလုတ်ကို ပိတ်ထားရန်၊ နေအိမ်မှ ပြင်ပသို့ကြာမြင့်စွာ သွားမည်ဆိုပါက လျှပ်စစ်မိန်းခလုတ်ကို ပိတ်ခဲ့ရန်စသည်တို့ကို ဆောင်ရွက်ကြရန်လိုသည်။

သတင်းများတွင် မကြာခဏတွေ့ရသည့် ပေါ့ဆမီးများကို လျှော့ချနိုင်ရန်အတွက် နေအိမ်ခြံဝင်းအတွင်း မီးလောင်လွယ်သည့် ဆီအမျိုးမျိုး သိုလှောင်ခြင်းမပြုရန်၊ ကလေးများကို မီးအသုံးပြု ချက်ပြုတ်ခြင်း၊ မီးညှိစေခိုင်းခြင်း၊ မီးနှင့်ဆော့ကစားခြင်းတို့ မပြုလုပ်စေရန်၊ ဆေးလိပ်ကိုမီးမငြှိမ်းသတ်ဘဲ စွန့်ပစ်ခြင်းမပြုရန်၊ မီးလောင်လွယ်သည့် အရာဝတ္ထုများအနီးခြင်ဆေးခွေ၊ ဖယောင်းတိုင်၊ အမွှေးတိုင်စသည်တို့ ထွန်းညှိချထားခြင်းမပြုရန်၊ လူစောင့်မထားဘဲ ဘုရားမီးပူဇော်ခြင်း၊ အမွှေးတိုင်ထွန်းညှိပူဇော်ခြင်း မပြုရန်၊ အိပ်ရာထဲတွင် ဆေးလိပ်သောက်ခြင်း၊ ခြင်ဆေးခွေထွန်းညှိ ခြင်းမပြုရန်တို့ကိုလည်း ရှောင်ကြဉ်ကြရန်လိုသည်။ မီးဖိုမီးလောင်ကျွမ်းမှုများ လျော့နည်းသွားစေရန် ထင်းမီးဖိုများကို လုံခြုံစွာ ကာရံခြင်း၊ မြေကျင်းတူးအသုံးပြုခြင်း၊ ဓာတ်ငွေ့မီးဖိုအသုံးပြုပါက အသုံးမပြုမီ နားလည်တတ်ကျွမ်းသူနှင့် သေချာစွာ စစ်ဆေးခြင်းတို့ ဆောင်ရွက်ကြရမည်ဖြစ်သည်။

ခြောက်သွေ့ရာသီကာလသည် မီးလောင်ကျွမ်းမှုအဖြစ်အများ ဆုံးကာလဖြစ်ရာ မီးလောင်မှုဖြစ်စေသည့်အကြောင်းရင်းများကို ဂရုပြု၍ မိမိပေါ့ဆမှုကြောင့် မီးလောင်ကျွမ်းမှုမဖြစ်စေရေး သတိထားဆောင်ရွက်ခြင်းဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရှောင်ရှားနိုင်ကြပါစေကြောင်း။ ။

Newspaper - 3401 items

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 05, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၄ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၃ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 01, 2026

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 31, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက် ၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက် ၊ ဒီဇင်ဘာ ၂၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ December 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက် ၊ ဒီဇင်ဘာ ၂၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ December 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download