မိုးရာသီကာလတွင် သစ်ပင်စိုက်ပျိုး သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်း


Ministry of Information/ Naypyitaw / June 16, 2025
image_latest


သစ်ပင်သည် လူသားများအတွက် အရိပ်အာဝါသပေးခြင်း၊ ပတ်ဝန်းကျင်ကို သာယာလှပစေခြင်း၊ လူသားများအတွက် အသုံးအဆောင်ပစ္စည်းများဖန်တီးပေးခြင်း၊ အကျိုးစီးပွားဖြစ်ထွန်းခြင်း စသည့်အကျိုးကျေးဇူးများကိုသာ ယေဘုယျသိရှိထားကြသည်။ အမှန်တကယ်တွင် သစ်တောသစ်ပင်များသည် လူသားများအတွက် အသုံးကျစေသည်သာမက သဘာဝပတ်ဝန်းကျင်ကောင်းမွန်မှုကို ထိန်းသိမ်းပေးလျက်ရှိသည့် အကျိုးကျေးဇူး ကြီးကြီးမားမားရှိနေသည်ကို သတိမူကြရမည်ဖြစ်သည်။

သစ်တောသစ်ပင်များ ဖြစ်ထွန်းနေခြင်းသည် ရာသီဥတုကို မျှတစေခြင်း၊ လူသားများနှင့် တိရစ္ဆာန်များကျန်းမာခြင်းနှင့် စိတ်ကြည်နူးဖွယ် ဂေဟစနစ်ကိုဖြစ်စေခြင်း၊ မြေဆီလွှာများ ပျက်စီးဆုံးရှုံးမှုမရှိအောင် ကာကွယ်ပေးခြင်း၊ စိမ့်စမ်း၊ အင်းအိုင်၊ မြစ်၊ ချောင်းများတွင် အနည်အနှစ်ပို့ချမှုနည်းပါးစေခြင်း၊ ရာသီဥတုပြောင်းလဲမှုကို ထိန်းသိမ်းပေးခြင်း စသည့်အကျိုးကျေးဇူးများစွာရှိသည်။ ယနေ့ကမ္ဘာကြီးပူနွေးလာမှုဖြစ်စဉ်များတွင် သစ်ပင်သစ်တောများ ပြုန်းတီးလာမှုသည် အဓိကကျသည့် အကြောင်းအချက်တစ်ခုဖြစ်သည်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဥတုပြောင်းလဲဖောက်ပြန်မှုများ ဖြစ်ပေါ်လာပြီး သဘာဝဘေးအန္တရာယ် အမျိုးမျိုးတို့ကို လူသားများပင်ကြုံတွေ့ခံစားလာကြရသည်။

သစ်တောတစ်ခုဖြစ်ထွန်းရန်အတွက် နှစ်ပေါင်း ၆၀ ကျော်၊ ၁၀၀ အချိန် စောင့်ဆိုင်းရသော်လည်း သစ်ပင်တစ်ပင် တောအုပ်တစ်ခုကို အချိန်တိုအတွင်း ဖျက်ဆီးပစ်နိုင်သဖြင့် သစ်တောများဖြစ်ထွန်းမှုထက် ပြုန်းတီးမှုများ တစ်စတစ်စ မြင့်မားလာ သည်ကို တွေ့ရမည်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ သစ်တောများဖုံးလွှမ်းမှုမှာ တဖြည်းဖြည်းလျော့နည်းလာပြီး သစ်တောထူထပ်ခဲ့သော မြန်မာနိုင်ငံအနေဖြင့်လည်း ယခုအခါ သစ်တောဖြစ်ထွန်းမှုဧရိယာများ လျော့နည်းလာသည်ကို တွေ့ရသည်။ ၂၀၂၀ ပြည့်နှစ်က မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုမှာ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်း (နိုင်ငံကုန်းမြေဧရိယာ၏ ၄၃ ဒသမ ၇၁ ရာခိုင်နှုန်း)ရှိရာမှ ယခု ၂၀၂၅ ခုနှစ် ငါးနှစ်ကြာသည့်ကာလတွင် ၄၂ ဒသမ ၆ ရာခိုင်နှုန်းခန့်သာရှိသည်။

သစ်ပင်များစိုက်ပျိုးခြင်းသည် သဘာဝပတ်ဝန်းကျင်ကောင်းမွန်မှုကို ထိန်းသိမ်းရန်အတွက် စိုက်ပျိုးကြခြင်းဖြစ်သည်။ အရိပ်အာဝါသကောင်းမွန်ပြီး စိမ်းလန်းစိုပြည်သည့်ပတ်ဝန်းကျင်ကို လူတိုင်းနှစ်သက်ကြသည်။ သဘာဝကပေးထားသည့် စိမ်းလန်းစိုပြည်မှုလက်ဆောင်မှာ တန်ဖိုးကြီးလှသည်။ လူတို့ကြောင့် ထိခိုက်လျော့နည်းလာသည့်သစ်ပင်များကို လူအများကပင် ပြန်လည်ထိန်းသိမ်းဖန်တီးပေးကြရမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် သစ်ပင်စိုက်ပျိုးပွဲများကို မိုးရာသီကာလတွင် လူထုလှုပ်ရှားမှုအသွင်ဖြင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိသည်။ တိုင်းစစ်ဌာနချုပ်အသီးသီး၌လည်း သစ်ပင်စိုက်ပျိုးပွဲများကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်းကျင်းပ၍ သစ်ပင်များစိုက်ပျိုးလျက်ရှိသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများအနေဖြင့် ရေဆင်းဆည်ပတ်ဝန်းကျင်၌ ၂၀၁၁ ခုနှစ်မှစတင်၍ သစ်ပင်စိုက်ပျိုးပွဲများပြုလုပ်ခဲ့ရာ ယခု ၂၀၂၅ ခုနှစ် ပထမအကြိမ် သစ်ပင်စိုက်ပျိုးပွဲအထိ သစ်ပင်စိုက်ပျိုးပွဲစုစုပေါင်း ၄၂ ကြိမ် ကျင်းပပြုလုပ်၍ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၂၀၃၆၂၅ ပင်စိုက်ပျိုးပြီးစီးခဲ့ကြောင်း သိရသည်။ ယခုနှစ်ပထမအကြိမ်တွင် တပ်မတော်အနေဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုဝင်များအပါအဝင် တိုင်းစစ်ဌာနချုပ်အသီးသီးနှင့် တပ်ရင်း၊ တပ်ဖွဲ့များ၌ စုစုပေါင်း သစ်ပင် ၁၅၂၈၄၄ ပင်စိုက်ပျိုးခဲ့ကြောင်း နမူနာယူစရာအဖြစ် တွေ့မြင်ရသည်။ ပြည်သူများ အနေဖြင့်လည်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်ရန်အတွက် မြေလွတ်မြေလပ်များတွင် တစ်ပိုင်တစ်နိုင်မှသည် တစ်စုတစ်ဖွဲ့၊ တစ်အုပ်တစ်မ စုပေါင်းစိုက်ပျိုးကြခြင်းဖြင့် မြန်မာနိုင်ငံတစ်ဝန်း စိမ်းလန်စိုပြည်လာမည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံ၌ မုန်တိုင်းမိုးကြောင့် ရေကြီးရေလျှံဖြစ်ပွားမှုများကို ခါးသီးစွာခံစားခဲ့ကြရသည်။ အလားတူရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ရာ နိုင်ငံတော်အစိုးရက မူလအခြေအနေအတိုင်းရောက်ရှိအောင် အချိန်တိုအတွင်း ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည်။ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများသည် လူတို့ကြောင့် ပျက်စီးမှုများရှိသကဲ့သို့ သဘာဝတရား၏ ရာသီဥတုပြောင်းလဲမှုများကြောင့် ထိခိုက်ပျက်စီးမှုများလည်းရှိသည်။ နိုင်ငံတော်နှင့် ပြည်သူများအနေဖြင့် သဘာဝပတ်ဝန်းကျင်ကို အမျိုးသားရေးအသွင်ဖြင့် ထိန်းသိမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ “သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားခိုနိုင်သည်” ဟူသော ဆိုရိုးစကားအတိုင်း ငှက်တစ်သောင်းသာမက ဂေဟစနစ်တစ်ခုလုံးမှ ငှက်အပေါင်းအပြင် သတ္တဝါအားလုံးနှင့် ပြည်သူပြည်သား လူအများအားလုံး စိတ်ချမ်းမြေ့စွာ နားခိုနေထိုင်နိုင်ရန်အတွက် နှစ်စဉ်မိုးရာသီကာလတွင် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲများကို နိုင်ငံတစ်ဝန်းကျင်းပစိုက်ပျိုးကြမည်ဖြစ်ပါကြောင်း။        ။

Newspaper - 3521 items

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download