မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ရခိုင်ပြည်နယ်သို့တင်ပို့မည့် တန်ဖိုးငွေကျပ် ၈ ဒသမ ၁၈ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၇ သိန်းကျော်နှင့်အတူ ဖမ်းဆီးရမိ
မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ရခိုင်ပြည်နယ်သို့တင်ပို့မည့် တန်ဖိုးငွေကျပ် ၈ ဒသမ ၁၈ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၇ သိန်းကျော်နှင့်အတူ ဖမ်းဆီးရမိ
Ministry of Information/ Naypyitaw / June 12, 2025

နေပြည်တော် ဇွန် ၁၂
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၄ ရက်နေ့ မွန်းလွဲ ၁၂၃၀ အချိန် ပြည်-အောင်လံသွား ကားလမ်းရှိ တိုးဂိတ်အနီး၌ မူးယစ်ဆေးဝါးများ အရောင်းအဝယ်ပြုလုပ်မည်ဖြစ်ကြောင်း သတင်းအရစောင့်ဆိုင်းနေစဉ် အောင်ဇော်ဦး မောင်းနှင်သည့် TOYOTA PRADO မော်တော်ယာဉ်ပေါ်မှ ဘိုဘိုအောင် မောင်းနှင်ပြီး ဇင်သူအောင်၊ အောင်ပြည့်ဖြိုးတို့ လိုက်ပါလာသည့် I-ZONE မော်တော်ယာဉ်ပေါ်သို့ လွှဲပြောင်းတင်ဆောင်နေစဉ် ရှာဖွေစစ်ဆေးခဲ့ရာ ၎င်းတို့ ၄ ဦးနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်းပြားအား ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ အောင်ဇော်ဦး ငှားရမ်းနေထိုင်သည့် ပြည်မြို့၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ဆွေးနွေးဘုရားလမ်းရှိနေအိမ်အား ဆက်လက်ရှာဖွေခဲ့ရာ ကျော်ဇင်နှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၄၂ ဒသမ ၈၈၅ သိန်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ သိန်းဌေးနှင့် ၎င်း၏ ဇနီး နန်းခမ်းဖိန်တို့အား ဇွန်လ ၆ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ မိုးကြိုးပစ်ကျေးရွာတွင် TOYOTA LANDCRUISER မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ ဇွန်လ ၇ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် စိုင်းဗညားမြင့်အောင်(ခ)ပီးပီး(ခ) စစ်ကားနှင့် မင်းလွင်ဦးတို့ ၂ ဦးအား မင်္ဂလာဒုံမြို့နယ်၊ စွယ်တော်စီးတီးအိမ်ရာရှိ ကားပါကင်တွင် Hyundai Grand Starex မော်တော်ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းနှင့်အတူ ထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေ ၈ ဒသမ ၁၈ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၇ ဒသမ ၈၈၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ ရှမ်းပြည်နယ်မှ ရခိုင်ပြည်နယ်သို့ စိတ်ကြွရူးသွပ်ဆေးပြားများ တင်ပို့ရောင်းချသူမှာ ရှမ်းပြည်နယ်၊ ကျေးသီမြို့နယ်၊ ဝမ်ဟိုင်းနေ ထွန်းစီနှင့်ဇနီး နန်းရွှေရင်(ခ)နန်းမိုင်းခမ်း(ခ)နန်းခမ်းကြာတို့ဖြစ်ပြီး ၎င်းတို့၏ အစီအမံဖြင့် ရှမ်းပြည်နယ်၊ ဝမ်ဟိုင်းမှ ပြည်မြို့သို့ သယ်ဆောင်ပြီး ပြည်မြို့တွင် သိန်းဌေးနှင့် အောင်ဇော်ဦးတို့မှ နေအိမ်ငှားရမ်းသိုလှောင်ထားရှိကာ ရခိုင်ပြည်နယ်သို့ တစ်ဆင့်ပြန်လည်တင်ပို့ပေးခြင်းဖြစ်ကြောင်း၊ အလားတူ မန္တလေးမြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ သယ်ဆောင်ပြီး ရန်ကုန်မှတစ်ဆင့် ရခိုင်ပြည်နယ်သို့ တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်မှ စိတ်ကြွရူးသွပ်ဆေးပြား သယ်ဆောင်ရောင်းဝယ်သူမှာ ထင်ထင်ကျော်(ခ)ရခိုင်ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းမူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

Newspaper - 3193 items

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 13, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ ဇွန် ၁၀ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၉ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၈ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ဇွန် ၇ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 06, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ ဇွန် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download