မဲပေးပိုင်ခွင့်ရှိသူမြန်မာပြည်သူအများ စိတ်ရင်းမှန်ဖြင့်ပါဝင်သည့် ရွေးကောက်ပွဲ


Ministry of Information/ Naypyitaw / December 31, 2025
image_latest


ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပခြင်းသည် သိက္ခာရှိသည့် ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်ရန်အတွက် လွှတ်တော်အသီးသီးခေါ်ယူဖွဲ့စည်းနိုင်ရန်နှင့် လွှတ်တော်မှတစ်ဆင့် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ၊ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများ၊ သမ္မတမှ တာဝန်ပေးအပ်သည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများဖြင့် အစိုးရအဖွဲ့တာဝန်ပေးအပ်နိုင်ရေး ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ရွေးကောက်ပွဲအထမြောက်ရန်နှင့် ဥပဒေနှင့်ညီရန်အရေးကြီးသည်။ နိုင်ငံတော်နှင့် ပြည်သူကောင်းကျိုးကို ဆောင်ကြဉ်းပေးမည့် အစိုးရအဖွဲ့တစ်ရပ်ပေါ်ထွန်းလာရန်အတွက် မဲပေးပိုင်ခွင့်ရှိသူ ပြည်သူများက ဆန္ဒမဲပေးရွေးချယ်ခြင်းကို အားလုံးပါဝင်ဆောင်ရွက်ကြရန် အရေးကြီးသည်။

၂၀၂၅ ရွေးကောက်ပွဲသည် ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်လာရန်အတွက် အများပြည်သူဆန္ဒနှင့်အညီ ဆောင်ရွက်သည့် ဒီမိုကရေစီအခင်းအကျင်းဖြစ်ပြီး ရွေးကောက်ပွဲအောင်မြင်ထမြောက်ရေးအတွက် နိုင်ငံတော်အစိုးရက အစဉ်တစိုက်အလေးထားဆောင်ရွက်ခဲ့သည်။ ယခုအခါ အထွေထွေရွေးကောက်ပွဲအပိုင်း (၁) ကို အောင်မြင်စွာ ကျင်းပခဲ့ပြီး အဖျက်အဆီးအနှောင့်အယှက် အတိုက်အခိုက်များကိုကျော်လွှားကာ အထမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သဖြင့် နိုင်ငံတော်အစိုးရနှင့် တာဝန်ရှိသူများ၊ မဲပေးပိုင်ခွင့်ရှိသူပြည်သူများနှင့် မိတ်ဖက်နိုင်ငံတကာအဖွဲ့အစည်း၊ အသိုင်းအဝိုင်းများအားလုံးကို ကျေးဇူးတင်ရမည်ဖြစ်သည်။ ထိုသို့ အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့သည်ကို အကြမ်းဖက်အဖွဲ့များ၊ ရွေးကောက်ပွဲကိုမလိုလားသည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များက အောင်မြင်မှုကိုပုံဖျက်၍ မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်လျက်ရှိသော်လည်း စိတ်ရင်းမှန်သည့် ပြည်သူများ၏ဆန္ဒအား ချေဖျက်နိုင်ခြင်းမရှိသည်ကို တွေ့ရ သည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) အား အောင်မြင်စွာကျင်းပနိုင်ခဲ့မှုနှင့် ပတ်သက်၍ ပြည်သူလူထုတစ်ရပ်လုံး၏ ပါဝင်မဲပေးခဲ့ကြမှုများကို မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံများပင်မြင်တွေ့ကြရမည်ဖြစ်သည်။ ရွေးကောက်ပွဲကျင်းပနေချိန် နိုင်ငံတစ်ဝန်းမဲပေးခဲ့ကြသည့် ပြည်သူလူထုတစ်ရပ်လုံးအပေါ် ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ တွန်းအားပေးခြင်းအလျှင်းမရှိဘဲ မဲပေးပိုင်ခွင့်ရှိသူ ပြည်သူများအားလုံးကိုယ်တိုင် စိတ်ပါဝင်စားစွာဖြင့်၊ စိတ်ရင်းမှန်ကန်စွာဖြင့် တက်တက်ကြွကြွ ပူးပေါင်းပါဝင်မဲပေးခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် ရွေးကောက်ပွဲအပေါ် မည်မျှစိတ်ဝင်စားပြီး မည်သို့တက်တက်ကြွကြွ ပူးပေါင်းပါဝင်မဲပေးခဲ့ကြသည်ကို မဲရုံများမဖွင့်ခင်ချမ်းအေးသည့် ဆောင်းနံနက်ခင်းမှစ၍ မဲပေးနိုင်ရန် စနစ်တကျလာရောက်တန်းစီကြပြီး မဲဆန္ဒရှင်များနှစ်သက်ရာပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို စိတ်အားထက်သန်စွာ အသီးသီးမဲပေးရွေးချယ်ခဲ့ကြသည်ကို အားရကျေနပ်ဖွယ်တွေ့ရသည်။

ဥပမာအားဖြင့် အကြမ်းဖက်သမားများရှိတတ်သည့် အချို့ဒေသများတွင်ပင် ပြည်သူများအနေဖြင့် ကြိတ်ကြိတ်တိုးပြီး ဆန္ဒမဲပေးရန်စောင့်နေကြသည့် မြင်ကွင်းများအား မြင်တွေ့ရသည်မှာ စိတ်ကြည်နူးဝမ်းမြောက်ဖွယ်ဖြစ်သည်။ အချို့မဲဆန္ဒနယ်များတွင် ကျန်းမာရေးမကောင်း၍ သက်ကြီးရွယ်အိုများသည်ပင် အသည်းကြားက တန်ဖိုးရှိလှသည့် မဲတစ်ပြားမဆုံးရှုံးစေရန် မဲရုံများဆီသို့ မရောက်ရောက်အောင်သွားပြီး နိုင်ငံ့သားကောင်းတစ်ယောက်ပီသစွာ မဲပေးခဲ့ကြသည်ကို တွေ့ရသည်။ အချို့ပြည်သူများသည် မဲပေးခဲ့ပြီးဖြစ်ကြောင်းကို လူမှုကွန်ရက်များပေါ်တွင် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဖော်ပြခဲ့ကြသည်ကို တွေ့ရသည်။ ရွေးကောက်ပွဲအပိုင်း (၁) နှင့် ပတ်သက်၍ နိုင်ငံတကာစောင့်ကြည့်လေ့လာသူများ၊ သတင်းမီဒီယာများက တရားမျှတလွတ်လပ်သည့် ရွေးကောက်ပွဲဖြစ်ကြောင်းကို အသိအမှတ်ပြုခဲ့သည်။

သို့ဖြစ်ရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများသည် နိုင်ငံ့သားကောင်းပီသစွာဖြင့် ရွေးကောက်ပွဲအပိုင်း (၁) တွင် တက်ကြွစွာပူးပေါင်းပါဝင်မဲပေးခဲ့ကြပြီး နိုင်ငံသားတာဝန်ကျေကြောင်း ပြသခဲ့ကြပြီးဖြစ်ရာ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) သည် မဲပေးပိုင်ခွင့်ရှိသူ ပြည်သူလူထုတစ်ရပ်လုံးက စိတ်ရင်းအမှန်ဖြင့် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့သည့် အောင်ပွဲ၊ နိုင်ငံတော်အစိုးရက အထမြောက်အောင် ဆောင်ရွက်ပေးခဲ့သည့် အောင်ပွဲဖြစ်သည်ဟု လက်တွေ့မြေပြင်အမှန်တရားဖြင့် မှတ်ကျောက်တင်သက်သေထူပြနိုင်ခဲ့ပြီဖြစ်ပါကြောင်း။          ။

Newspaper - 3396 items

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 31, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက် ၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက် ၊ ဒီဇင်ဘာ ၂၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ December 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက် ၊ ဒီဇင်ဘာ ၂၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ December 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက် ၊ ဒီဇင်ဘာ ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 26, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက် ၊ ဒီဇင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 25, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download