မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပသည့် (၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အားကစားဖိုရမ် တက်ရောက်


Ministry of Information/ Naypyitaw / November 12, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၁

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်စိုးနှင့်အတူ နိုဝင်ဘာ ၅ ရက်မှ ၇ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Samara မြို့၌ ကျင်းပသည့် (၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအားကစားဖိုရမ်သို့ တက်ရောက်ခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၅ ရက် ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Samara မြို့၌ ကျင်းပခဲ့သည့် First Asian Cooperation Dialouge Ministerial Meeting on Sports သို့ တက်ရောက်ခဲ့ပြီး “ရုရှားနိုင်ငံဆိုင်ရာ အားကစားဖိုရမ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “အမျိုးသားအားကစား၏ အနာဂတ်- ရိုးရာဓလေ့ကို ပြန်လည်ထုတ်ဖော်ပြသခြင်း” ဟူသော ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “လူထုအားကစားတွင် ကမ္ဘာလုံးဆိုင်ရာ လမ်းကြောင်းများမှတစ်ဆင့် နိုင်ငံတကာအားကစားစီမံကိန်းများအထိ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “ဘောလုံး၏အနာဂတ်: ၂ဝ၃ဝ ပြည့်နှစ်တွင် ရုရှားပရီမီယာလိဂ်အတွက် မဟာဗျူဟာလမ်းညွှန်ချက်များ” ခေါင်းစဉ်ဖြင့်လည်းကောင်း နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ကိုယ်စားလှယ်များက တက်ရောက်ဆွေးနွေးခဲ့သည်။

နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရုရှားနိုင်ငံ အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး Alexander Nikitin နှင့် တွေ့ဆုံခဲ့ပြီး မြန်မာ့အားကစားအောင်မြင်ရေးအတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ အားကစားဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးထားသည့် ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှုနှင့် အားကစားကဏ္ဍပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ စာချွန်လွှာနှင့် ပတ်သက်၍လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Samara မြို့တော်ဝန်နှင့် တွေ့ဆုံခဲ့၍ မြန်မာ့အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးနှင့် မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးခဲ့သည်။

ညနေပိုင်းတွင် ဘယ်လာရုစ်နိုင်ငံ အားကစားဝန်ကြီး Siarhei Kavalchuk နှင့် တွေ့ဆုံခဲ့ပြီး လာမည့် ၂၀၂၆ ခုနှစ်မှစတင်၍ MoU နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာအရ ဘယ်လာရုစ်နိုင်ငံမှ ပြေးခုန်ပစ်၊ သေနတ်ပစ်၊ ကနူးကယက်လှေ၊ အနောက်တိုင်းလှေ၊ ဆာလော်လွမ်လှေနည်းပြများ မြန်မာနိုင်ငံသို့ စေလွှတ်ပေးနိုင်ရေးကိစ္စရပ်များကိုလည်းကောင်း၊ ကာဇက်စတန်နိုင်ငံ ခရီးသွားလာရေးနှင့်အားကစားဝန်ကြီးဌာနဝန်ကြီး Yerbol Myrzabosynov နှင့် တွေ့ဆုံ၍ လက်ဝှေ့အားကစားနည်းနှင့် နပန်းအားကစားနည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပြများရရှိစေရေးကို ကူညီဆောင်ရွက်ပေးရန် အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၆ ရက် ညနေပိုင်းတွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ Samara မြို့၌ ကျင်းပသည့် XIII International Sports Forum "Russia: Country of Sports, Plenary Session ” (၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အားကစားဖိုရမ်သို့ တက်ရောက်ခဲ့ပြီး အာရှပူးပေါင်းဆောင်ရွက်ရေး (ACD) အဖွဲ့ဝင်နိုင်ငံများမှ အားကစားဝန်ကြီးများနှင့် အားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများက “အားကစားမြှင့်တင်ရေးအစဉ်အလာမှ ဆန်းသစ်တီထွင်မှုသို့ - ACD နိုင်ငံများရှိ အားကစား၏အနာဂတ်” ဆောင်ပုဒ်ဖြင့် ACD အဖွဲ့ဝင်နိုင်ငံများအကြား အားကစားဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာသုံးစွဲမှုနှင့် လူငယ်အားကစားသမားများကို အားပေးမြှင့်တင်ရေးလုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်ရေး၊ အားကစားကဏ္ဍတွင် နိုင်ငံတကာဆိုင်ရာ ဆန်းသစ်တီထွင်မှုများကို လက်တွေ့အသုံးချနိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် Palace of Sports ပြတိုက်သို့ သွားရောက်လေ့လာခဲ့ပြီး ပြတိုက်အတွင်းရှိ အားကစားပစ္စည်းနှင့် အဆောက်အအုံများကို လေ့လာသုံးသပ်ကာ အားကစားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြိုင်ပွဲစီမံခန့်ခွဲမှုတွင် အသုံးချနိုင်သည့် နည်းလမ်းများကိုလည်းကောင်း၊ အားကစားသမားများ၏ လေ့ကျင့်မှု၊ လုံခြုံရေးနှင့် နည်းပညာအသုံးချမှုဆိုင်ရာ အကောင်းဆုံးနည်းဗျူဟာများကို စူးစမ်းလေ့လာပြီး လိုအပ်သည့် အကြံဉာဏ်များကိုလည်းကောင်း ဆွေးနွေးသုံးသပ်မှုများပြုလုပ်ခဲ့ပြီး Samara မြို့ရှိ Vysotsky အားကစားနန်းတော်၌ ရုရှားဖက်ဒရေးရှင်း နိုင်ငံအားကစားဝန်ကြီးဦးဆောင်၍ “အနာဂတ်အတွက် အားကစားအတူတကွအနိုင်ရရှိခြင်း” မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်၍ အားကစားကဏ္ဍတွင် နိုင်ငံအဆင့်ပူးပေါင်းဆောင်ရွက်မှု၊ လူငယ်အားကစားသမားများ တိုးတက်စွမ်းဆောင်နိုင်ရေးနှင့် နည်းပညာအသုံးချမှုများ ထိရောက်စွာ လုပ်ဆောင်နိုင်ရေးအတွက် အကြံဉာဏ်များကို ဖော်ပြသုံးသပ်ဆွေးနွေးခဲ့ကာ မြန်မာနိုင်ငံရှိ လူငယ်များနှင့် လက်ရွေးစင်အားကစားသမားများအနေဖြင့် အားကစားကဏ္ဍအလိုက် လေ့ကျင့်နေမှုအခြေအနေများ၊ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ ရုရှား-မြန်မာ အားကစားနှင့် လူငယ်ကဏ္ဍပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို နိုင်ငံပေါင်း ၅၁ နိုင်ငံမှ ကိုယ်စားလှယ်များနှင့် အပြန်အလှန်ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၇ ရက် မွန်းလွဲပိုင်းတွင် Samara မြို့၌ ကျင်းပခဲ့သည့် Memorial Parade စစ်ရေးပြအခမ်းအနားကို တက်ရောက်ခဲ့ပြီး နိုဝင်ဘာ ၈ ရက်တွင် Samara မြို့မှ မော်စကိုမြို့၊ မော်စကိုမြို့မှ ဒူဘိုင်းမြို့၊ ဒူဘိုင်းမြို့မှ ဗန်ကောက်မြို့၊ ဗန်ကောက်မြို့မှ ရန်ကုန်မြို့သို့ လေယာဉ်ခရီးစဉ်ဖြင့် ပြန်လည်ထွက်ခွာရာ နိုဝင်ဘာ ၉ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3347 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 06, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download