မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် အမျိုးသားအဆင့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးဆိုင်ရာလုပ်ငန်းများတွင် ကြက်ခြေနီအခြေခံမူများနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 10, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၉

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (၈၈) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်၌ ကျင်းပသည်။

အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ တပ်မတော်မှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နှီးနွှယ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ မျိုးညွန့်၊ ဒုတိယဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ မိတ်ဖက်အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ကြက်ခြေနီဗဟိုကောင်စီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများနှင့် ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့မှ တာဝန်ရှိသူများ၊ မိတ်ဖက်အမျိုးသား ကြက်ခြေနီအသင်းများနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် လူသားချင်းစာနာ ထောက်ထားမှုလုပ်ငန်းများကို လုပ်ဆောင်နေသည့် အဖွဲ့အစည်းများထဲတွင် ထူးခြားသည့် ဝိသေသအရည်အချင်းနှင့် အရည်အသွေးများစွာရှိသော အဖွဲ့အစည်းဖြစ်ပါကြောင်း၊ နိုင်ငံတော်ကလည်း ဘေးအန္တရာယ်အမျိုးမျိုးကျရောက်သည့် ဒေသများတွင် လွတ်လပ်စွာ စေတနာအလျောက် ကူညီဆောင်ရွက်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးထားပြီး ကျန်းမာရေးဝန်ကြီးဌာနမှလည်း လိုအပ်သည်များ ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ထင်ရှားသည့် သာဓကအနေဖြင့် ၂၀၂၅ ခုနှစ် မတ်လ၌ လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်တုံ့ပြန်ရေးတွင် နေပြည်တော် ကောင်စီနယ်မြေ မန္တ‌လေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသာမက အခြားပြည်နယ်၊ တိုင်းဒေသကြီးများမှ ကြက်ခြေနီစေတနာလုပ်အားရှင်များကလည်း ငလျင်ဘေးသင့်ပြည်သူများထံ ချက်ချင်းသွားရောက်ကူညီပေးခြင်းကို အထင်အရှားတွေ့မြင်ခဲ့ရပါကြောင်း။

သဘာဝဘေးအန္တရာယ်များ ကျရောက်ချိန်တွင် ပါဝင်ကူညီပေးခဲ့ကြသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ကြက်ခြေနီလူငယ်များနှင့် ကြက်ခြေနီဝန်ထမ်းများအားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုချီးကျူးပါကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် မြေပြင်၌ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် ပြောကြားလိုပါကြောင်း၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရာတွင် ဘက်လိုက်မှုမရှိဘဲ မျှတစွာပေးအပ်နိုင်ရေး၊ မသက်ဆိုင်သူများထံ မရောက်ရှိစေရေး၊ နိုင်ငံတော်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့် အဖွဲ့အစည်းများထံ အကူအညီအထောက်အပံ့များ မရောက်ရှိစေရေးအလေးထားဆောင်ရွက်ပေးရန် မှာကြားလိုပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အရေးပေါ်ထိခိုက် ဒဏ်ရာရသူများအတွက် လူနာသယ်ပို့စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရပါကြောင်း၊ ထိရောက်ကောင်းမွန်သည့် လူနာသယ်ပို့စနစ်တစ်ခုဖြစ်အောင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် တိုက်တွန်းလိုပါကြောင်း။

အထူးအလေးထား

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် အမျိုးသားအဆင့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းများတွင် ကြက်ခြေနီအခြေခံမူများနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ပေးကြရန် လိုအပ်သလို နိုင်ငံအကျိုး၊ ပြည်သူလူထုအကျိုးအတွက် အထူးအလေးထားဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်က အသင်း၏ ၂၀၂၅ ခုနှစ်အတွင်း လူမှုကရုဏာ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး (၈၈) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေးကို ဂုဏ်ပြုသောအားဖြင့် ကြက်ခြေနီလှုပ်ရှားမှု မှတ်တမ်းဗီဒီယိုကို ပြသသည်။

အဆိုပါ (၈၈) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေးကို ဖေဖော်ဝါရီ ၉ ရက်နှင့် ၁၀ ရက် နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၅၅ ခု

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 28, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 27, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 26, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 24, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ February 19, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download