မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် -၂၀၂၅ ဖွင့်ပွဲအခမ်းအနားကျင်းပ လူငယ်မျိုးဆက်များ ထူးချွန်ထက်မြက်နေရန် ကြိုးစားအားထုတ်မှုအခွင့်အလမ်းနှင့် စွမ်းရည်မြှင့်တင်ရေးတို့ကို ဖော်ဆောင်ပေးနေ


Ministry of Information/ Naypyitaw / August 31, 2025
image_latest


ရန်ကုန် ဩဂုတ် ၃၀

မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC)၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း၊ မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကို နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသင်းအဖွဲ့များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူငယ်များ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး အခမ်းအနားကို “လူငယ်စွမ်းရည်” သီချင်းဖြင့် ဂုဏ်ပြုဖွင့်လှစ်ကာ “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်ဆီသို့” မှတ်တမ်းဗီဒီယိုကို ပြသသည်။

ဝမ်းမြောက်ဂုဏ်ယူ

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းက ယခုကျင်းပသည့် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်ကို အသွင်သဏ္ဌာန်အရရော အနှစ်သာရအရပါ ပြည့်စုံကောင်းမွန်အောင် စီစဉ်ပေးထားသည်ကို တွေ့မြင်ရပါကြောင်း၊ ဤနေရာတွင် နိုင်ငံတော်၏ အဖိုးတန်ဆုံးရတနာများဖြစ်သည့် လူငယ်များ၏ လန်းဆန်းတက်ကြွသည့်အသွင်သဏ္ဌာန်များ၊ ယုံကြည်ရဲရင့်သည့် စိတ်ဓာတ်များကို မြင်တွေ့ရသည့်အတွက် မိမိအနေဖြင့် အထူးပင်ဝမ်းမြောက်ဂုဏ်ယူပါကြောင်း။

လူငယ်ဆိုသည်မှာ လူ့ဘောင်အဖွဲ့အစည်းတစ်ခုတွင် အားကိုးအားထားပြုကြရသည့် လူ့စွမ်းအားအရင်းအမြစ်တစ်ခုဖြစ်ပါကြောင်း၊ ခေတ်စနစ်များကို မည်သို့ပင်ဖြတ်သန်းကြရပါစေ၊ လူငယ်မျိုးဆက်များသည် အတွေးအခေါ်ပိုင်း၊ အတွေ့အကြုံပိုင်း၊ အရည်အသွေးပိုင်းနှင့် ကိုယ်စွမ်းကိုယ်စအပိုင်းများတွင် ထူးချွန်ထက်မြက်နေရန် လိုအပ်နေမည်ဖြစ်ပါကြောင်း၊ ထိုသို့ဖြစ်ပေါ်နိုင်ရန် လူငယ်များ၏ ကြိုးစားအားထုတ်မှုအခွင့်အလမ်းနှင့် စွမ်းရည်မြှင့်တင်ရေးအပိုင်းများကို ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်တွင် တစိုက်မတ်မတ်တည်ရှိနေအောင် နိုင်ငံတော်အစိုးရက ဖော်ဆောင်ပေးနေခြင်းဖြစ်ပါကြောင်း။

ဖော်ဆောင်ပေးလျက်ရှိ

ယနေ့လူငယ်များသည် အနာဂတ်နိုင်ငံတော်ကို ဖန်တီးတည်ဆောက်ကြမည့် နိုင်ငံ၏ လူသားအရင်းအမြစ်များဖြစ်ပြီး နိုင်ငံ၏အနာဂတ်ခေါင်းဆောင်များလည်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်စွမ်းအားစုတစ်ရပ်လုံးသည် နိုင်ငံတော်၏ အနာဂတ်များဖြစ်သည်ဟု ယုံကြည်တန်ဖိုးထားသည့်အတွက် လူငယ်ရေးရာ မူဝါဒများ၊ လူငယ်ဖွံ့ဖြိုးရေးအစီအမံများကို ခေတ်နှင့်အညီ ချမှတ်ဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ အကြောင်းကြောင်းကြောင့် လမ်းမှားရောက်ပြီး အနာဂတ်ပျောက်ဆုံးနေသည့် လူငယ်လူရွယ်များကို မိဘနှင့် သားသမီးကဲ့သို့ မေတ္တာထားကာ လမ်းကြောင်းမှန်ကို ပြန်လည်ရောက်ရှိစေရေးနှင့် လူငယ်များ၏ဘဝ တိုးတက်ရေးအတွက်နည်းလမ်းများ ရှာဖွေဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ လူငယ်အင်အားစုများသည် စိတ်ဓာတ်နှင့် အတွေးအခေါ်မြင့်မားသူများ၊ စွမ်းရည်ထက်မြက်သူများ၊ ရိုးသားဖြောင့်မတ်မှန်ကန်သူများဖြစ်ကြမှသာ နိုင်ငံကိုတိုးတက်ကောင်းမွန်အောင် တည်ဆောက်သွားနိုင်မည်ဖြစ်သည်ကို အလေးထား ပြောကြားလိုပါကြောင်း။

လူငယ် မောင်မယ်တို့သည် အရှိန်အဟုန်ဖြင့်ပြောင်းလဲနေသည့် ဒစ်ဂျစ်တယ်ခေတ်ကြီးထဲတွင် ရှင်သန်နေထိုင်နေကြပါကြောင်း၊ နည်းပညာများသည် တစ်နေ့တခြားတိုးတက်နေသလို ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခင်းအကျင်းများသည် အမြဲမပြတ်ရွေ့လျားပြောင်းလဲနေကြသည်ကို သတိပြုကြရန် လိုအပ်ပါကြောင်း၊ ယခုအချိန်သည် လူငယ်များကို “အနာဂတ်ရဲ့ခေါင်းဆောင်များ”ဆိုသည့် စကား လုံးတစ်လုံးဖြင့် တင်စားပြောဆိုရုံနှင့် မလုံလောက်တော့ဘဲ ပိုမိုလေးနက်သည့် အဓိပ္ပာယ်ပေါင်းများစွာ ပြည့်ဝနေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် လူငယ်မောင်မယ်တို့သည် အနာဂတ်ကို စောင့်ဆိုင်းနေသူများမဟုတ်ကြဘဲ ပစ္စုပ္ပန်ကိုမောင်းနှင်နေကြသူများဖြစ်သကဲ့သို့ အနာဂတ်ကို ထုဆစ်ပုံဖော်နေကြသည့် ဗိသုကာပညာရှင်များလည်းဖြစ်ပါကြောင်း။

ဦးစားပေးလုပ်ငန်းစဉ်

နိုင်ငံတော်အစိုးရအနေဖြင့် “လူငယ်များအတွက် ရင်းနှီးမြှုပ်နှံခြင်းသည် နိုင်ငံတော်၏ အနာဂတ်အတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်” ဆိုသည့်သဘောတရားကို ခိုင်ခိုင်မာမာ ယုံကြည်ဆောင်ရွက်လျက်ရှိသည်ကို အသိပေးပြောကြားလိုပါကြောင်း၊ ထို့ကြောင့် လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်၏ ဦးစားပေးလုပ်ငန်းစဉ်တစ်ခုအဖြစ်သတ်မှတ်ပြီး နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်း၊ ထို့ပြင် လူငယ် များအနေဖြင့် မိမိတို့ဘဝအတွက်သာမက နိုင်ငံနှင့်ပြည်သူအတွက်ပါ အကျိုးရှိစေမည့် ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်း (Critical Thinking)နှင့် ပြဿနာရပ်များကို ဖြေရှင်းနိုင်စွမ်း (Problem Solving) များ ရှိလာစေရန်အတွက် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း။

ယနေ့ဖိုရမ်တွင် ကမ္ဘာလုံးဆိုင်ရာ ပထဝီရှုခင်းရှုကွက်များကို နားလည်စေရန်အတွက် မိမိတို့ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ပထဝီနိုင်ငံရေးနှင့် ဗဟုဝင်ရိုးကမ္ဘာအကြောင်းများ၊ ပြောင်းလဲနေသည့် ကမ္ဘာနှင့် မြန်မာ့ပထဝီနိုင်ငံရေးအခြေအနေ၊ မြန်မာနိုင်ငံနှင့် ပထဝီစီးပွားရေးမဟာဗျူဟာကို နားလည်စေရန်အတွက် ပြောင်းလဲနေသည့် ကမ္ဘာနှင့် မြန်မာ့ပထဝီစီးပွားရေးအကြောင်းများ၊ ဗဟုဝင်ရိုးကမ္ဘာအကြောင်းများကို ပြည်ပပညာရှင်များက ရှုထောင့်ပေါင်းစုံမှ ဆွေးနွေးပြောကြားကြမည် ဖြစ်သည့်အတွက် စနစ်တကျ လေ့လာမှတ်သားသင်ယူကြရန် မှာကြားလိုပါကြောင်း။

စနစ်တကျပါဝင်ဆောင်ရွက်

ထို့ပြင် နေ့စဉ်ဆွေးနွေးတင်ပြချက်များအပေါ် လူငယ်များအချင်းချင်း အပြန်အလှန်နှီးနှောဖလှယ်နိုင်မည့် စကားဝိုင်းများ၊ အလုပ်ရုံဆွေးနွေးပွဲများကို ထည့်သွင်းဆောင်ရွက်မည်ဖြစ်သည့်အတွက် စနစ်တကျပါဝင်ဆောင်ရွက်ရန်လည်း တိုက်တွန်းပြောကြားလိုပါကြောင်း၊ ယနေ့ ကျင်းပသည့်ဖိုရမ်ကြီးသည် ယခင်ကျင်းပခဲ့သည့် ဖိုရမ်များ၊ ဆွေးနွေးပွဲများနှင့်မတူဘဲ ကောင်းမွန်သည့် အစီအစဉ်များ၊ လေ့လာသင်ယူမှု ပုံစံများပါဝင်သည့်အတွက် တိုင်းဒေသကြီး၊ ပြည်နယ်များက တက်ရောက်လာသည့် လူငယ်များအနေဖြင့် လွန်စွာအကျိုးကျေးဇူးရှိသည့် ဖိုရမ်ကြီးတစ်ခုဖြစ်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

လူငယ်များကိုယ်တိုင်ဆွေးနွေး

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြည်ပပညာရှင်များ၊ အနုပညာရှင်များကို တက်ရောက်လာကြသည့် လူငယ်များ၊ ကျောင်းသား ကျောင်းသူများနှင့် မိတ်ဆက်ပေးပြီး ဖိုရမ်ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားရာတွင် ယနေ့ဖိုရမ်တွင် ပြည်ပပညာရှင်များဖြစ်သည့် Mr. Atul Aneja နှင့် Mr. Lorenzo Maria Pacini တို့က ကမ္ဘာလုံးဆိုင်ရာ ပထဝီရှုခင်းရှုကွက်များကို နားလည်ခြင်း၊ ပြောင်းလဲနေသော ကမ္ဘာနှင့် မြန်မာ-ပထဝီနိုင်ငံရေး၊ မြန်မာနိုင်ငံနှင့် ပထဝီစီးပွားရေးမဟာဗျူဟာ၊ ပြောင်းလဲနေသည့် ကမ္ဘာနှင့် မြန်မာ-ပထဝီစီးပွားရေးစသည့် အကြောင်းအရာများကို ဆွေးနွေးသွားမည်ဖြစ်သကဲ့သို့ လူငယ်များကိုယ်တိုင် ပါဝင်ဆွေးနွေးဆောင်ရွက်ကြမည်ဖြစ်ကြောင်း။

ယခုဖိုရမ်မှ မိမိတို့မျှော်မှန်းထားသည့် ရလဒ် ၆ ခု ရှိပါကြောင်း၊ လူငယ်ပေါင်း ၄၀၀ ခန့်ကို မဟာဗျူဟာမြောက် စဉ်းစားတွေးခေါ်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ သတိမပြတ်မှုများ လေ့ကျင့်ပေးနိုင်ခြင်း၊ ဖိုရမ်တွင် ပညာရှင်များနှင့်လိုက်ပါဆွေးနွေးရင်း တက်ရောက်သူ လူငယ်များအနေဖြင့် မိမိတို့၏ အတွေးအမြင်များ၊ စိတ်ကူးစိတ်သန်းများနှင့် အနာဂတ်စီမံကိန်းများအပေါ် အဆိုပြုပေးနိုင်ခြင်း၊ စုပေါင်းခေါင်းဆောင်မှု၊ စုပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် “မြန်မာလူငယ်ကြေညာစာတမ်း -၂၀၄၀ (Youth Declaration for Myanmar 2040)” တစ်ခုကို ပူးတွဲထုတ်ပြန်နိုင်ခြင်း၊ ဖိုရမ်တက်ရောက်လာကြသည့် လူငယ်အချင်းချင်း ထိတွေ့ဆက်ဆံမှုများမှတစ်ဆင့် လူငယ်ကွန်ရက်တစ်ခုရရှိလာနိုင်ခြင်း၊ အဆင့်မြင့်ခေါင်းဆောင်မှု သင်တန်းများနှင့် အသိပညာပေးဝေမှုများကို ဆက်လက်ဆောင်ရွက်၍ လူငယ်များ၏ လုပ်နိုင်စွမ်းကို မြှင့်တင်နိုင်ခြင်း၊ လာမည့်ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် လူငယ်များ တက်ကြွစွာ ပါဝင်လာစေခြင်းတို့ ဖြစ်ပါကြောင်း။

ယနေ့ဖိုရမ်ကို တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူငယ်မောင်မယ်များအနေဖြင့် မြန်မာနိုင်ငံ၏ ပထဝီအနေအထား၊ ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေးဆိုင်ရာ အားသာချက်၊ အားနည်းချက်များကို သိရှိကြပြီး အနာဂတ်နိုင်ငံတော်တာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြသည့်အခါ မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ဦးတည်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြမည်ဟု မျှော်လင့်ယုံကြည်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုဖိုရမ်က ချမှတ်ထားသည့် ရည်ရွယ်ချက်များ၊ မျှော်မှန်းချက်များ၊ ရလဒ်များကို ဖိုရမ်တက်ရောက်လာကြ သူအားလုံးက အောင်မြင်စွာ အကောင်အထည်ဖော်မည်ဟု ယုံကြည်ပါကြောင်း၊ ရရှိလာမည့် အတွေးအမြင်ကောင်းများကို အမိနိုင်ငံတော်ကြီးနှင့် နိုင်ငံသားများအတွက် ပြန်လည်အကျိုးပြုနိုင်ကြပါစေကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ဖျော်ဖြေတင်ဆက်

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီက “အနာဂတ်၏ အလင်းရောင်များ” တေးသီချင်းဖြင့် ဂုဏ်ပြုဖျော်ဖြေတင်ဆက်ကြသည်။

မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ် -၂၀၂၅ ကို ဩဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၁ ရက်အထိ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3272 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက် ၊ စက်တင်ဘာ ၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ September 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက် ၊ သြဂုတ် ၃၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ August 31, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက် ၊ သြဂုတ် ၃၀ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ August 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက် ၊ သြဂုတ် ၂၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ August 29, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက် ၊ သြဂုတ် ၂၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ August 28, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက် ၊ သြဂုတ် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ August 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက် ၊ သြဂုတ် ၂၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ August 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၃ ရက် ၊ သြဂုတ် ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ August 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက် ၊ သြဂုတ် ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ August 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက် ၊ သြဂုတ် ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ August 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download