ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်များမှ လုံခြုံရေးဝန်ထမ်းများ လုပ်ငန်းခွင် အထောက် အကူပြုမြန်မာ့ရိုးရာသိုင်းပညာသင်တန်းဖွင့်ပွဲကျင်းပ
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်များမှ လုံခြုံရေးဝန်ထမ်းများ လုပ်ငန်းခွင် အထောက် အကူပြုမြန်မာ့ရိုးရာသိုင်းပညာသင်တန်းဖွင့်ပွဲကျင်းပ
Ministry of Hotel & Tourism/ နေပြည်တော် / October 16, 2025
နေပြည်တော်၊ အောက်တိုဘာလ (၁၄) ရက်
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့်ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ကြီးကြပ် မှု၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်)၏ စီစဉ်မှုဖြင့် ရန်ုကုန်တိုင်းဒေသ ကြီးအတွင်း ဟိုတယ်အသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော လုံခြုံရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို ပိုမိုမြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ လုပ်ငန်းခွင်အထောက်အကူပြု မြန်မာ့ရိုးရာ သိုင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ဗဟိုဌာန (ရန်ကုန်) ၌ ကျင်းပသည်။
အခမ်းအနားသို့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့်ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phangနော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီး ဦးမျိုးမြင့်အောင်၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီးများ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ မြန်မာ့ရိုးရာသိုင်းသင်တန်း နည်းပြ ဆရာများနှင့် ဟိုတယ်များမှ လုံခြုံရေးဝန်ထမ်း သင်တန်းသားများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဟိုတယ်တိုင်းတွင် ဌာနအလိုက်ဆောင်ရွက်ရမည် လုပ်ငန်းတာဝန်များ၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ လုပ်ငန်းတာဝန်များကို ခွဲဝေသတ်မှတ်ပေးထား ပါကြောင်း၊ ထိုသို့ခွဲဝေသတ်မှတ်ရာတွင် လုံခြုံရေးဌာန၏ တာဝန်ယူဆောင်ရွက်ရသည့် လုပ်ငန်း တာဝန်များရှိသလို လုံခြုံရေးဝန်ထမ်း တစ်ဦးချင်းစီ၏ တာဝန်ဝတ္တရားများနှင့် တာဝန်သတ်မှတ် ချက်များကိုလည်း သတ်မှတ်ထားရှိပေးထားပါကြောင်း၊ ဟိုတယ်များတွင် တာဝန်ထမ်းဆောင် နေကြသည့် လုံခြုံရေးဝန်ထမ်းများအနေဖြင့် လုံခြုံရေးအမြင် သတိရှိမှု၊ တစ်ကိုယ်ရည်စွမ်းဆောင် နိုင်မှုများနှင့်ပေါင်းစပ်ပြီး တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်းပြောကြားသည်။
အဆိုပါ လုပ်ငန်းခွင်အထောက်အကူပြု မြန်မာ့ရိုးရာသိုင်းပညာသင်တန်းကို ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ဟိုတယ်များမှ လုံခြုံရေးဝန်ထမ်းများပါဝင်တက်ရောက်ကြပြီး သင်တန်းအား ရက်သတ္တပတ်(၄)ပတ်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဟိုတယ်နှင့်ခရီးသွားကဏ္ဍအတွင်း လူ့စွမ်းအားအ ရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သင်တန်းဖွင့်လှစ်ပို့ချဆောင်ရွက်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်များသို့
သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်များသို့ သွားရောက်ကြည့်ရှု့စစ်ဆေးရာ ဟိုတယ်များမှတာဝန်ရှိသူများက ခရီးသွားရာသီအမီ အမြန်ဆုံး ပြန်လည်ဖွင့်လှစ် ဆောင်ရွက်သွားမည့်အခြေအနေများ၊ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိမှုအခြေအနေများ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို တင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။
Source From:Myanmar Alinn
Newspaper - 3320 items

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၁၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 17, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ရက်၊ အောက်တိုဘာ ၁၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 16, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၁၄ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၁၃ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၁၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ရက် ၊ အောက်တိုဘာ ၁၀ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် ၊ အောက်တိုဘာ ၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download