ရန်ကုန်တိုင်းဒေသကြီး၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေး


Ministry of Information/ Naypyitaw / December 30, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၂၉

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်မြို့ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဖက်စပ်လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော ဟိုတယ်များ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုကို ကြည့်ရှုသည်။

ကြည့်ရှုစဉ် ဟိုတယ်များမှ တာဝန်ရှိသူများက ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ အခန်းတွင်း၊ အခန်းပြင်ခင်းကျင်းထားရှိမှု၊ လုပ်ငန်းတိုးတက်မှုနှင့် ဧည့်သည်များ လာရောက်တည်းခိုမှု၊ ဧည့်သည်များ၏ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး ပြင်ဆင်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဟိုတယ်များအနေဖြင့် မိမိတို့ဟိုတယ်များသို့ လာရောက်တည်းခိုနေထိုင်ကြမည့် ဧည့်သည်များကို အဆင့်အတန်းမီသော ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုများပေးနိုင်ရန် စဉ်ဆက်မပြတ် ကြိုးစားကြရေး၊ ဟိုတယ်ရှိ ဝန်ထမ်းများအား စွမ်းဆောင်ရည် ပြည့်ဝသော ဝန်ထမ်းများဖြစ်စေရေး၊ အစားအစာချက်ပြုတ်ဆောင်များကို ကျန်းမာရေးနှင့်ညီညွတ်မှုရှိပြီး သန့်ရှင်းသပ်ရပ်မှုရှိအောင် ပြင်ဆင်ထားရှိကာ မြန်မာ့ရိုးရာ အစားအစာများကို အဆင့်အတန်းမီစွာ ချက်ပြုတ်ပြင်ဆင်ဧည့်ခံရေး၊ ဟိုတယ်များသို့ ဧည့်သည်များ ပိုမိုလာရောက် တည်းခိုကြစေရေးအတွက် ဈေးကွက်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ကြိုးစား ဆောင်ရွက်ကြရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အင်းယားလိတ်ဟိုတယ်၌ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ရှင်များအသင်းအနေဖြင့် ခရီးသွားပြပွဲများ စီစဉ်ကျင်းပပြုလုပ်ခြင်းသည် မြန်မာနိုင်ငံအား နိုင်ငံတကာမှ ခရီးသွားလုပ်ငန်းရှင်များ သိရှိ ပြီး package tour များ၊ ပြည်ပခရီးသွားများ ပိုမိုလာရောက်လည်ပတ်ကြစေရေးအတွက် အထောက်အပံ့ကောင်းများ စီစဉ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများ၏ ပကတိအခြေအနေမှန်ကို သိရှိပြီး နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ ပိုမိုလာရောက် လည်ပတ်ကြစေရေး ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းတွင် ပုဂ္ဂလိကကဏ္ဍအချင်းချင်း နီးကပ်စွာပူးပေါင်း ဆောင်ရွက်နိုင်ခြင်းဖြင့် အကျိုးကျေးဇူးကောင်းများကို ရရှိစေနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ အဓိကခရီးစဉ်ဒေသကြီးများသာမက အလားအလာရှိသည့် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်မြှင့်တင်နိုင်ရေးအတွက် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ပြည်တွင်းပြည်ပ ခရီးသွားပြပွဲများ၌ မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွားပြခန်းများ ခင်းကျင်းပြသ နေမှု၊ ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ်များ စီစဉ်ဆောင်ရွက်နေမှု၊ ခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်လည်ပတ် ကြစေရေးအတွက် ခရီးစဉ်ဒေသများ မြှင့်တင်ကြော်ငြာနေမှု၊ ခရီးသွားပြပွဲများ(UMTA Travel Fair 2026) ကျင်းပပြုလုပ်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3395 items

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက် ၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက် ၊ ဒီဇင်ဘာ ၂၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ December 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက် ၊ ဒီဇင်ဘာ ၂၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ December 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက် ၊ ဒီဇင်ဘာ ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 26, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက် ၊ ဒီဇင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 25, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ December 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download