ရန်ကုန်တိုင်းဒေသကြီးရှိ မဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်များတွင် မဟာသင်္ကြန်အကြတ်နေ့၌ မိသားစုအလိုက်၊ အစုအဖွဲ့အလိုက် အေးချမ်းပျော်ရွှင်စွာ သင်္ကြန်ပွဲတော်ဆင်နွှဲကြသည့် သင်္ကြန်ချစ်သူပြည်သူများဖြင့် စည်ကားများပြား


Ministry of Information/ Naypyitaw / April 16, 2026
image_latest


ရန်ကုန် ဧပြီ ၁၅

ရန်ကုန်တိုင်းဒေသကြီးရှိ မဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်များတွင် ယနေ့ မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြတ်နေ့၌ နံနက်ပိုင်းမှစတင်ကာ မိသားစုအလိုက်၊ အစုအဖွဲ့အလိုက် အေးချမ်းပျော်ရွှင်စွာ သင်္ကြန်ပွဲတော်ဆင်နွှဲကြသည့် သင်္ကြန်ချစ်သူပြည်သူများဖြင့် စည်ကားများပြားလျက်ရှိသည်။

ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ် ဒေါက်တာစိုးမြင့်မောင်နှင့် ဇနီး၊ တာဝန်ရှိသူများသည် ဒဂုံမြို့နယ်ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်လမ်းလျှောက် သင်္ကြန်သို့ရောက်ရှိကြပြီး ပြည်သူများနှင့်အတူ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

ထို့နောက် Royal-Apex မဏ္ဍပ်၌ အောင်ဇမ္ဗူနှင့်အဖွဲ့၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးတို့မှ အနုပညာရှင်များက မြူးကြွသည့် သင်္ကြန်သီချင်းများ၊ အဆို၊ အကများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်နှင့် မဟာဗန္ဓုလပန်းခြံလမ်းလျှောက်သင်္ကြန်ပွဲသို့ ရောက်ရှိရာ ယိမ်းအဖွဲ့များအား သပြေခက်ဖြင့် အတာရေပက်ဖျန်းပေးပြီး လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် သင်္ကြန်ချစ်သူပြည်သူများနှင့်အတူ ပျော်ရွှင်စွာ ဆင်နွှဲကြသည်။

ထို့အပြင် ဒဂုံမြို့နယ် ဦးဝိစာရအဝိုင်းမှ အလုံလမ်းတစ်လျှောက်၊ ပြည်လမ်းနှင့် အလုံလမ်းထောင့်အထိ သင်္ကြန်မဏ္ဍပ်များနှင့် ဈေးဆိုင်တန်းများတွင်လည်း သင်္ကြန်ပွဲတော်ကို အေးချမ်းစွာ ပါဝင်ဆင်နွှဲကြသည့် ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ထို့အတူ ရန်ကုန် မြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ ယိမ်းအဖွဲ့များ၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံးတို့မှ အနုပညာရှင်များက ပရိသတ်အကြိုက် တေးသီချင်းများ၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ပြည်သူများက လိုက်ပါသီဆိုကခုန်ရင်း သင်္ကြန်အကြတ်နေ့ကို ပျော်ရွှင်စွာ ဆင်နွှဲကြသည်။

အလားတူ      ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်၊ မဟာဗန္ဓုလပန်းခြံလမ်း လမ်းလျှောက်သင်္ကြန်တို့တွင်လည်း အနုပညာရှင်များနှင့် DJ အဖွဲ့ တို့၏ မြူးမြူးကြွကြွ ဖျော်ဖြေတင်ဆက်မှုများနှင့်အတူ သင်္ကြန်ချစ်သူပြည်သူများက အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြလျက်ရှိသည့်အပြင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများရှိ မဏ္ဍပ်ငယ်များတွင် လူငယ်များ၊ ကလေးများကစုဖွဲ့၍ ရေကစားခြင်း၊ စတုဒိသာကျွေးမွေးခြင်းတို့ဖြင့် သင်္ကြန်အကြတ်နေ့ကို ပျော်ရွှင်စွာဆင်နွှဲလျက်ရှိသည်။

ယနေ့ သင်္ကြန်အကြတ်နေ့တွင် တိုင်းဒေသကြီးအတွင်း ဘုရားစေတီများတွင် ဥပုသ်သီလဆောက်တည်ကြသူများ၊ ကုသိုလ်ပြုကြသူများဖြင့် စည်ကားလျက်ရှိသည့်အပြင် မဏ္ဍပ်များ၊ ရပ်ကွက်၊ လမ်းများတွင် ထမင်းနှင့်ဟင်း၊ မြန်မာ့ရိုးရာအစား အစာများကို စတုဒိသာအဖြစ်‌ ကျွေးမွေးကြရာ လာရောက်သုံးဆောင်ကြသူများဖြင့် စည်ကားများပြားခဲ့ကြောင်း သိရသည်။       

သတင်း-နေဇော်

ဓာတ်ပုံ-ဇော်မင်းလတ်

Newspaper - 3500 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download