ရန်ကုန် - မော်လမြိုင်သွား ပြည်ထောင်စုကားလမ်းမကြီးပေါ်၌ KNLA ၊ PDF အမည်ခံအကြမ်းဖက်ပူးပေါင်းအဖွဲ့က လက်လုပ်မိုင်းများ ထောင်ထားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အများပြည်သူအန္တရာယ်မဖြစ်စေရေး ဖယ်ရှားရှင်းလင်း
ရန်ကုန် - မော်လမြိုင်သွား ပြည်ထောင်စုကားလမ်းမကြီးပေါ်၌ KNLA ၊ PDF အမည်ခံအကြမ်းဖက်ပူးပေါင်းအဖွဲ့က လက်လုပ်မိုင်းများ ထောင်ထားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အများပြည်သူအန္တရာယ်မဖြစ်စေရေး ဖယ်ရှားရှင်းလင်း
Ministry of Information/ Naypyitaw / July 19, 2025
နေပြည်တော် ဇူလိုင် ၁၈
KNLA ၊ PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် အများပြည်သူများ အထိတ်တလန့် ဖြစ်စေရန်၊ လမ်းပန်းဆက်သွယ်မှု ပြတ်တောက်စေရန်နှင့် ကုန်စည်စီးဆင်းမှုများ အခက်အခဲဖြစ်ပေါ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသော လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခြင်းစသည်များကို ဆင်ခြင်တုံတရားကင်းမဲ့စွာ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဘီးလင်းမြို့၏ အနောက်မြောက်ဘက် မီတာ ၇၃၀၀ ခန့်အကွာ အလူးလေးကျေးရွာအနီး ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုကားလမ်းမကြီး မိုင်တိုင်အမှတ် (၁၂၀/၆) နှင့် (၁၂၀/၇) ကြားလမ်း၏ ညာဘက်ခြမ်း ချုံပုတ်အတွင်း၌ KNLA ၊ PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့က ဆင်ခြင်တုံတရားကင်းမဲ့စွာ ထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်း ခုနစ်လုံးနှင့် ရှေ့ထွက်မိုင်း နှစ်လုံးတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိ ခဲ့သဖြင့် အများပြည်သူများ ဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် စနစ်တကျ ဖယ်ရှား ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သည်။
PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ယခုကဲ့သို့ ပြည်သူများ ထိခိုက်ပျက်စီးဒဏ်ရာရရှိစေရန် မိုင်းထောင်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများကို မကြာခဏ လုပ်ဆောင်လျက်ရှိရာ ထိုကဲ့သို့အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေမှုအပေါ် ပြည်သူများအနေဖြင့် လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းစဉ်များကို ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3466 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
