ရရန်ပိုင်ခွင့်များ စီမံခန့်ခွဲရေးကုမ္ပဏီတည်ထောင်ရေးဆိုင်ရာ ဦးစီးကော်မတီ အစည်းအဝေးကျင်းပ
ရရန်ပိုင်ခွင့်များ စီမံခန့်ခွဲရေးကုမ္ပဏီတည်ထောင်ရေးဆိုင်ရာ ဦးစီးကော်မတီ အစည်းအဝေးကျင်းပ
Ministry of Information/ Naypyitaw / January 24, 2026
နေပြည်တော် ဇန်နဝါရီ ၂၃
ရရန်ပိုင်ခွင့်များစီမံခန့်ခွဲရေးကုမ္ပဏီတည်ထောင်ရေးဆိုင်ရာ ဦးစီးကော်မတီအစည်းအဝေး (၁/၂၀၂၆) ကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်နေပြည်တော်၌ ကျင်းပသည်။
ရရန်ပိုင်ခွင့်များ စီမံခန့်ခွဲရေးကုမ္ပဏီတည်ထောင်ရေးဆိုင်ရာ ဦးစီးကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဦးစီးကော်မတီအဖွဲ့ဝင်များ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသက်ထွန်းအောင်၊ ဦးစီးကော်မတီအဖွဲ့ဝင်များဖြစ်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒါရိုက်တာအဖွဲ့ဝင်များနှင့် အရာထမ်းများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာနိုင်ငံအာမခံအသင်း၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ ဦးစီးကော်မတီဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေးထိန်းသိမ်းရန်၊ ဘဏ်များ၏ အရင်းနှင့်အတိုးပေးဆပ်ရန် ပျက်ကွက်သော ချေးငွေများကို စနစ်တကျစီမံခန့်ခွဲ၍ ငွေရေးကြေးရေးစနစ် ပိုမိုခိုင်မာတောင့်တင်းစေရန်နှင့် ချေးငွေအသစ်များ ထုတ်ချေးခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ဖြစ်စေရန်ဖြစ်ပါကြောင်း နိုင်ငံတကာမှ ဆောင်ရွက်နေသည့် အတွေ့အကြုံများအပေါ်မူတည်၍ ရရန်ပိုင်ခွင့်များ စီမံခန့်ခွဲရေးကုမ္ပဏီဖွဲ့စည်း တည်ထောင်ရေးအား ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ၂၀၂၅ခုနှစ် ဩဂုတ်၂၅ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၁၄၁/၂၀၂၅ ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်းနှင့် ကော်မတီ၏ တာဝန်များကို ဦးစွာရှင်းလင်းပြောကြားသည်။
ထို့နောက် ရရန်ပိုင်ခွင့်များစီမံခန့်ခွဲရေးကုမ္ပဏီဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ငန်းအထောက်အကူပြုအဖွဲ့သုံးဖွဲ့က လေ့လာတင်ပြထားသော နိုင်ငံတကာတွင်ဆောင်ရွက်နေသည့် လုပ်ထုံးလုပ်နည်းများနှင့် စံသတ်မှတ်ချက်များအရ မိမိနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိသော ရရန်ပိုင်ခွင့်များ စီမံခန့်ခွဲရေးကုမ္ပဏီ ဖွဲ့စည်းတည်ထောင်နိုင်ရေးအတွက် လက်ရှိဘဏ်များတွင် ဖြစ်ပေါ်လျက်ရှိသည့် အရင်းနှင့်အတိုးပေးဆပ်ရန် ပျက်ကွက်သော ချေးငွေများအခြေအနေများနှင့် လျှော့ချဆောင်ရွက်လျက်ရှိသည့် နည်းလမ်းများ၊ ထို့ပြင် အဆိုပါ ကုမ္ပဏီတည်ထောင်ရန် လိုအပ်သည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ သတ်မှတ်ပြဋ္ဌာန်းနိုင်ရန်၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များသတ်မှတ်နိုင်ရန် ဆွေးနွေးတင်ပြချက်များအပေါ် အစည်းအဝေး တက်ရောက်လာသူအဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးပြီး ဦးစီးကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3446 items
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 18, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 17, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 16, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 15, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 14, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 12, 2026
Publication Date: 2026
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 11, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 10, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
