ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်၊ ပျက်စီးခဲ့သည့်သီးနှံများ ပြန်လည်စိုက်ပျိုးရန် အရင်းမပျောက်မတည်ငွေနှင့် စိုက်ပျိုးရေးသွင်းအားစုများအသုံးပြုနိုင်ရန် ထောက်ပံ့ငွေလှူဒါန်း


Ministry of Information/ Naypyitaw / October 05, 2024
image_latest


နေပြည်တော် အောက်တိုဘာ ၄

ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သဖြင့် ထိခိုက်၊ပျက်စီးခဲ့သည့် သီးနှံများပြန်လည်စိုက်ပျိုးရန် အရင်းမပျောက်မတည်ငွေနှင့် မျိုးစေ့ ၊ရွက်ဖျန်းမြေဩဇာနှင့် ပိုးသတ်ဆေးများ အသုံးပြုနိုင်ရေးအတွက် ထောက်ပံ့ငွေလှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ထောက်ပံ့ငွေများအား တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ထံသို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(ဘုရင့်နောင်ကုန်စည်ဒိုင်)တို့က စုပေါင်းလှူဒါန်းကြခြင်းဖြစ်ပြီး အခမ်းအနားတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းဥက္ကဋ္ဌတို့က လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌက အရင်းမပျောက်မတည်ငွေကျပ်သိန်း ၁၂၅၀၀၊ ထောက်ပံ့ငွေကျပ်သိန်း ၅၀၀၀ နှင့် မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်းဥက္ကဋ္ဌက ထောက်ပံ့ငွေကျပ်သိန်း ၅၀၀၀ ကို ပေးအပ်လှူဒါန်းကြရာ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယဝန်ကြီးများက လက်ခံရယူကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ကြသည်။

ယင်းနောက် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က ယခုပေးအပ်သည့် ထောက်ပံ့ငွေကျပ်သိန်း ၅၀၀၀ မှ ရေကြီးနစ်မြုပ်မှုဒဏ်ခံခဲ့ရသည့် စပါးစိုက်ဧရိယာ ၇၇၇၃ ဧကအတွက် မျိုးစေ့တစ်တင်း၊ ရွက်ဖျန်းမြေဩဇာ၊ ပိုးသတ်ဆေးအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ၆၄၃၂၅ ကျပ်နှုန်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ အရင်းမပျောက်မတည်ငွေ ကျပ်သိန်းပေါင်း ၁၂၅၀၀ ကို မိုးစပါးသီးနှံထိခိုက်မှုရှိခဲ့သည့် စိုက်ခင်းများအတွက် တစ်ဧက ကျပ်တစ်သိန်းနှုန်းဖြင့် အတိုးမဲ့ချေးပေးရန် လျာထားပါကြောင်း၊ မိုးစပါးပြန်လည်စိုက်ပျိုးနိုင်ခြင်းမရှိသောဧရိယာများတွင် တောင်သူများတွက်ခြေကိုက်သော အခြားသီးနှံများ အစားထိုးစိုက်ပျိုးနိုင်ရန် ထောက်ပံ့ငွေကျပ်သိန်း ၅၀၀၀ ဖြင့် စီမံဆောင်ရွက်ပေးမည်ဖြစ်ပြီး မတ်ပဲ ၂၆၉၂ ဧကနှင့် ပဲတီစိမ်း ၁၃၀၄ ဧကအတွက် တစ်ဧကလျှင် မျိုးစေ့တစ်တင်းနှုန်း ပံ့ပိုးပေးမည်ဖြစ်ကြောင်းနှင့် ထောက်ပံ့ပေးသောအလှူရှင်အသင်းချုပ်များ၊ ကုမ္ပဏီအစုအဖွဲ့များအား ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။

သတင်းစဉ်

Newspaper - 3533 items

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download