ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် လယ်မြေတွင် စပါးပျိုးပင်များကို ကောက်စိုက်စက်များဖြင့် အခမဲ့စိုက်ပျိုးပေး
ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် လယ်မြေတွင် စပါးပျိုးပင်များကို ကောက်စိုက်စက်များဖြင့် အခမဲ့စိုက်ပျိုးပေး
Ministry of Information/ Naypyitaw / October 12, 2024

နေပြည်တော် အောက်တိုဘာ ၁၁
နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော သီးနှံစိုက်ခင်းများ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် စိမ်းစားပင်ကျေးရွာအနီးရှိလယ်မြေ ၂၁ ဧကကို စက်မှုလယ်ယာဦးစီးဌာနက မြေပြင်ထွန်ယက်ပေးနေမှု၊ ကောက်စိုက်စက်များဖြင့် မိုးစပါးစိုက်ပျိုး နေမှုကို ကြည့်ရှုအားပေးကြသည်။
တောင်သူများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် လယ်မြေ ၂၁ ဧကတွင် ရာသီအမီသက်တမ်းတိုစပါး ပြန်လည်စိုက်ပျိုးပေးခြင်းကို ကူညီဆောင်ရွက်ပေးခြင်းသည် ဒေသ၏ စားရေရိက္ခာဖူလုံရေးနှင့်တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဒေသ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ပင်လောင်းလမ်းဆုံအနီး စနစ်ကျလယ်ယာမြေ ဖော်ထုတ်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ထုတ်လမ်းရေသွင်းမြောင်း၊ ရေထုတ်မြောင်းများပါဝင်ပြီး စက်မှုလယ်ယာစနစ်ကို လက်တွေ့အကောင်အထည်ဖော် လုပ်ကိုင်နိုင်ကြမည်ဖြစ်၍ ဒေသဖွံ့ဖြိုးရေးအတွက် တောင်သူများဘက်က အားသွန်ခွန်စိုက် ကြိုးပမ်းကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ယင်းနောက် ဦးစီးဌာနများမှ တာဝန်ရှိသူများက သီးနှံများဖြစ်ထွန်းအောင်မြင်ရေးအတွက် သွင်းအားစုထည့်သွင်းခြင်း၊ အပင်ပြုစုစောင့်ရှောက်ခြင်း၊ ရေသွင်းစနစ်မှန်ကန်ရေးနှင့် စိုက်ပျိုးရေချွေတာ အသုံးပြုရေး၊ လယ်ယာမြေအသုံးပြုခွင့်၊ လုပ်ပိုင်ခွင့်နှင့်ပိုင်ဆိုင်မှုဆိုင်ရာ သိမှတ်ဖွယ်ရာများကို ဆွေးနွေးတင်ပြကြသည်။
ရေကြီးရေလျှံမှုများကြောင့် ပျက်စီးခဲ့သည့် စိုက်ခင်းများရာသီအချိန်မီစိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနရှိ ဦးစီးဌာနများက ကူညီဆောင်ရွက်ပေးလျက်ရှိရာ စပါးသီးနှံပြန်လည်စိုက်ပျိုးခြင်းအတွက် မြေပြင်ထွန်ယက်ခြင်း၊ မျိုးစပါးအခမဲ့ရရှိရေးအပါအဝင် အခြားသီးနှံစိုက်ပျိုးလိုသော တောင်သူများအတွက် လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3171 items

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၂၃ ရက်၊ သောကြာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၂၂ ရက်၊ ကြာသပတေးနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၂၀ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၁၉ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၁၈ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၁၇ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၁၆ ရက်၊ သောကြာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၁၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 15, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 13, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download