ရေပြန်လည်ကျဆင်းသွားသည့်နေရာများ၌ သန့်ရှင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
ရေပြန်လည်ကျဆင်းသွားသည့်နေရာများ၌ သန့်ရှင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Ministry of Information/ Naypyitaw / October 07, 2024

နေပြည်တော် အောက်တိုဘာ ၆
နေပြည်တော်ကောင်စီနယ်မြေ အပါအဝင်တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ လမ်း၊ တံတားများ၊ ရပ်ကွက်၊ ကျေးရွာများအတွင်း၌ တင်ကျန်ခဲ့သည့်နုန်းများ၊ သစ်ပင်သစ်ကိုင်းများ ဖယ်ရှားပေးခြင်းအပါအဝင် အခြားလိုအပ်သည်များကို တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးအဖွဲ့များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ တက်ကြွစွာ ဆောင်ရွက်ပေးလျက်ရှိသည်။
ပေးအပ်လှူဒါန်း
ထို့ပြင် ယာယီရေဘေးရှောင်စခန်းများတွင် ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပြီး ထောက်ပံ့ပစ္စည်းများ၊ အဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် အလှူငွေများကို အားတက်သရော ပေးအပ်လှူဒါန်းလျက်ရှိသည်။
အလားတူ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ဇော်မင်းလတ်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ် လောပိတမြို့ရှိ ဘီးလူးချောင်း အမှတ်(၂)ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့သွားရောက်၍ ရေကြီးရေလျှံမှုအခြေအနေများ၊ စက်ရုံအတွင်း ရေဝင်ရောက်မှုအခြေအနေများနှင့် ထိန်းချုပ်ခန်းအတွင်းရှိ စက်ကြံ့ခိုင်ရေး အခြေအနေများကို သွားရောက်စစ်ဆေးပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများက ရေဝင်ရောက်မှုနည်းအောင် သဲအိတ်များဖြင့် အတားအဆီးများ ပြုလုပ်နေမှုအခြေအနေများ၊ စက်ရုံအတွင်း ဝင်ရောက်နေသောရေများအား ရစုပ်စက်များဖြင့် စုပ်ထုတ်နေမှုအခြေအနေများ၊ စက်ယန္တာရားများဖြင့် ရေလွှဲတာပေါင်ပြုလုပ်နေသည့် အခြေအနေများကို ကြည့်ရှုအားပေးပြီး ဒေသခံတိုင်းရင်း သားပြည်သူများအတွက်ကြက်ဥ၊ ခေါက်ဆွဲခြောက်နှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်သည်။ ယင်းနောက်တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် လောပိတ အမှတ်(၁)ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိကြပြီးထိန်းချုပ်ခန်းမှ လျှပ်စစ်ဓာတ်အားထုတ်လွှတ်နေမှုအခြေအနေများ၊ စက်များကြံ့ခိုင်မှုအခြေအနေများ၊ စက်ရုံရေပိုလွှဲမှ ရေလွှဲ ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့ပြင်ရေကြီးမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်း/တံတားများကိုလည်း လမ်းပန်းဆက်သွယ်ရေး အမြန်ပြန်လည်ကောင်းမွန်စေရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်လျက်ရှိရာပျက်စီးခဲ့သည့် လမ်း/ တံတားများကိုလည်း ယာယီသံပေါင် ဘေလီတံတားများ အစားထိုး၍ အမြန်ဆုံး ပြန်လည်ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိပြီး ပြုပြင်ရန်ကျန်ရှိနေသည့် လမ်း၊ တံတားများကို အမြန်ဆုံး ဆက်လက်ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3200 items

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်၊ ဇွန် ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 13, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download