ရွေးကောက်ပွဲအလွန် ပြည်သူနှင့် နိုင်ငံ့အရေး


Ministry of Information/ Naypyitaw / January 27, 2026
image_latest


၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။ ဤရွေးကောက်ပွဲတွင် မည်သည့်ပါတီကနိုင်၍ မည်သည့်ပါတီက အနိုင်မရခြင်းမှာမူ မဲဆန္ဒရှင်ပြည်သူတို့၏ ရွေးချယ်မှုသာလျှင်ဖြစ်ပြီး ပွင့်လင်းမြင်သာမှုရှိ၍ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်သည်ကိုမူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် နိုင်ငံရေးပါတီများနှင့် လူပုဂ္ဂိုလ်များ၊ မဲဆန္ဒရှင်ပြည်သူများ၊ ပြည်တွင်းပြည်ပ စောင့်ကြည့်လေ့လာရေးအဖွဲ့များ၊ နိုင်ငံတကာသံရုံးများမှ သံတမန်များ၊ သတင်းမီဒီယာများက အသိအမှတ်ပြုထားကြသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်ပေါင်း ၂၆၃ မြို့နယ်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကြီး၏ အောင်မြင်မှုမှာ မျှော်လင့်ထားသည်ထက် များစွာပိုမိုသည့် အောင်မြင်မှုဖြစ်ရာ အဓိကကျသည့်အချက်မှာ ပြည်သူများ၏တက်ကြွစွာ ပါဝင်မှုကြောင့်ပင်ဖြစ်သည်။ ယမန်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှသည် ဇန်နဝါရီလ ၂၅ ရက်နေ့အထိ အပိုင်းသုံးပိုင်းခွဲခြားကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ၏ မဲပေးမှုရာခိုင်နှုန်းမှာ တစ်ပိုင်းထက် နောက်တစ်ပိုင်းက ပို၍မြင့်တက်များပြားခဲ့သည်။ ရွေးကောက်ပွဲ အထမမြောက်ရေး၊ ပြည်သူများ မဲမပေးကြရေးအတွက် အကြမ်းဖက်အဖျက်သမားများက နည်းလမ်းမျိုးစုံဖြင့် တိုက်ခိုက်ဖျက်ဆီးခြင်း၊ ဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်း၊ ဟန့်တားနှောင့်ယှက်ခြင်းတို့ ပြုလုပ်ခဲ့ကြစေကာမူ နိုင်ငံသားပြည်သူများက မိမိတို့၏ အခွင့်အရေးကို လက်လွတ်မခံဘဲ ပိုင်နိုင်စွာအသုံးချကာ နိုင်ငံသားတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူဦးရေ စုစုပေါင်း ၂၄ ဒသမ ၂၂ သန်းကျော်ရှိသည့်အနက် ရွေးကောက်ပွဲအပိုင်းသုံးပိုင်းလုံးတွင် မဲပေးသူစုစုပေါင်း ၁၃ ဒသမ ၁၄ သန်းကျော်၊ ရာခိုင်နှုန်းအားဖြင့် ၅၄ ရာခိုင်နှုန်းမှ ၅၅ ရာခိုင်နှုန်းခန့်အထိ တက်တက်ကြွကြွ မဲပေးခဲ့ကြခြင်းက ဒီမိုကရေစီစနစ်အပေါ် နိုင်ငံသူနိုင်ငံသားတို့၏ ယုံကြည်မှုနှင့်စိတ်အားထက်သန်မှုကို ပြသခြင်းဟု ဆိုနိုင်သည်။

ရွေးကောက်ပွဲတွင် နှစ်သက်ရာကိုယ်စားလှယ်လောင်းများကို မဲပေးရွေးချယ်ခဲ့ကြသည့် ပြည်သူတို့၏ မျှော်လင့်ချက်မှာ နိုင်ငံတည်ငြိမ်အေးချမ်းရန်နှင့် လူမှုစီးပွားဘဝများ ပိုမိုကောင်းမွန်ရန် ဖြစ်သည်။ လူငယ်များက ပညာရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုကောင်းမွန်လာရန် မျှော်မှန်းကြပြီး အိမ်ရှင်မများက သင့်တင့်မျှတသည့် ကုန်စျေးနှုန်းများ ဖြစ်လာစေရန် မျှော်လင့်ကြသည်။ မိမိတို့နိုင်ငံ၏ ပကတိအခြေအနေမှန်တွင် စိန်ခေါ်မှုများနှင့်အတူ အခွင့်အလမ်းကောင်းများလည်းရှိနေရာ လာမည့်ဧပြီလတွင် စတင်တာဝန်ယူရမည့် အစိုးရသစ်အနေဖြင့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန်နှင့် အခွင့်အလမ်းကောင်းများကို နိုင်ငံနှင့် ပြည်သူအတွက် အကောင်းဆုံး အကျိုးစီးပွားဖြစ်ထွန်းလာစေရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ နိုင်ငံတစ်ဝန်း ဆက်သွယ်ကူးသန်းသွားလာမှုများ လုံခြုံလျင်မြန်ချောမွေ့ရေးနှင့် တရားဥပဒေစိုးမိုးရေး၊ နိုင်ငံ၏စီးပွားရေး ယန္တရားကောင်းမွန်စွာ လည်ပတ်ရေးတို့သည် အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့ အတူတကွ လက်တွဲဆောင်ရွက်ကြခြင်းဖြင့်သာ လျင်လျင်မြန်မြန် အောင်မြင်မှု ရရှိနိုင်မည်ဖြစ်သည်။

ထို့အပြင် မိမိတို့နိုင်ငံ၏ မဟာဗျူဟာမြောက် တည်နေရာနှင့် ပထဝီအနေအထား၊ သယံဇာတများ စသည်တို့မှာ အင်အားကြီးတို့၏ စိတ်ဝင်စားမှုနှင့် အာရုံစူးစိုက်စရာများဖြစ်နေပြီး ပြောင်းလဲလာနေသည့် ကမ္ဘာ့နိုင်ငံရေးအခြေအနေတွင် တစ်စုံတစ်ရာ အရေးပါသည့် အနေအထားတွင်ရှိနေသည်။ နိုင်ငံတွင် ရွေးကောက် တင်မြှောက်ခံအစိုးရတစ်ရပ် ပေါ်ပေါက်လာပြီး သမိုင်းစာမျက်နှာ သစ်ဖွင့်လှစ်ခြင်းက နိုင်ငံတကာဆက်ဆံရေးတွင်လည်း အပြောင်းအလဲကိုဖြစ်လာစေကာ အေးချမ်းတည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ဦးတည်သွားမည်ဖြစ်သည်။ မိမိတို့ သတိပြုကြရမည့်အချက်မှာ မိမိတို့နိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို အနှောင့် အယှက်၊ အဖျက်အဆီးပြုကြမည့် ပြည်တွင်းပြည်ပမှ အဖျက်အန္တရာယ်များပင်ဖြစ်သည်။ ရွေးကောက်ပွဲအလွန် နိုင်ငံကိုအဖျက်အန္တရာယ်များမှ ကာကွယ်ရေးနှင့် ပိုမိုကောင်းမွန်သည့်နိုင်ငံဖြစ်အောင် တည်ဆောက်ကြရမည့် နိုင်ငံ့အရေးတို့တွင်လည်း စည်းလုံး ညီညွတ်၍တက်ကြွသော ပြည်သူတို့၏အားမာန်ဖြင့် တစ်ခဲနက်ပူးပေါင်းပါဝင်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။

Newspaper - 3423 items

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဇန်နဝါရီ ၂၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 27, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 26, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 20, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 19, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 18, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download