ရွှေဇေယျာစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသားတောင်သူများသို့ ပဉ္စမအကြိမ်မြောက် မျိုး၊ သွင်းအားစုများ ပေးအပ်ပွဲကျင်းပ
ရွှေဇေယျာစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသားတောင်သူများသို့ ပဉ္စမအကြိမ်မြောက် မျိုး၊ သွင်းအားစုများ ပေးအပ်ပွဲကျင်းပ
Ministry of Information/ Naypyitaw / August 11, 2025

နေပြည်တော် ဩဂုတ် ၁၀
နေပြည်တော် ဇေယျာသီရိမြို့နယ် စိမ်းစားပင်ကျေးရွာ ရွှေဇေယျာစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ အသင်းသားတောင်သူများသို့ ပြည်ထောင်စုဘတ်ဂျက်မှ အရင်းမပျောက်မတည်ငွေ ကျပ်သိန်း ၁၆၀ နှင့် တိုးပွားငွေများဖြင့် ပဉ္စမအကြိမ်မြောက် မျိုး၊ သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားကို ကျေးရွာရှိ KC ခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားသို့ နေပြည်တော် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့် တက်ရောက်၍ သွင်းအားစုများကို မိမိတို့၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် အမှန်တကယ်အသုံးပြုစေလိုကြောင်းနှင့် သီးနှံပေါ်ချိန်တွင် တက်ညီလက်ညီဖြင့် ပြန်လည်ပေးဆပ်ရန်လိုအပ်ကြောင်း၊ မိမိ၏အသင်းဝင်ငွေရရှိဖွံ့ဖြိုးလာသည်နှင့်အမျှ မိမိတို့ကျေးရွာအတွက် အကျိုးပြုလုပ်ငန်းများ၊ အသင်းသားမိသားစုများအတွက် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် အသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းက အသင်း၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူးက လိုအပ်သည်များကို ဖြည့်စွက်မှာကြာပြီး မျိုး၊ သွင်းအားစုများအတွက် ပဉ္စမအကြိမ်မြောက် ပံ့ပိုးငွေကျပ်သိန်း ၂၇၀ ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3251 items

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၃ ရက် ၊ သြဂုတ် ၁၁ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၂ ရက် ၊ သြဂုတ် ၁၀ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁ ရက် ၊ သြဂုတ် ၉ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်နေ့ ၊ သြဂုတ် ၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 08, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက် ၊ သြဂုတ် ၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ August 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၃ ရက် ၊ သြဂုတ် ၆ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက် ၊ သြဂုတ် ၅ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက် ၊ သြဂုတ် ၄ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက် ၊ သြဂုတ် ၃ ရက်၊ တနင်္ဂနွေနေ့။
