လိပ်ပြာကန်ကျောင်းတိုက် နန္ဒာအောင်မြေကျောင်း ဦးစီးပဓာနနာယကဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဒေါက်တာဘဒ္ဒန္တနိမလ၏ ၂ဝ၂၆ ခုနှစ် နှစ်သစ်မင်္ဂလာဆုတောင်းလွှာ
လိပ်ပြာကန်ကျောင်းတိုက် နန္ဒာအောင်မြေကျောင်း ဦးစီးပဓာနနာယကဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဒေါက်တာဘဒ္ဒန္တနိမလ၏ ၂ဝ၂၆ ခုနှစ် နှစ်သစ်မင်္ဂလာဆုတောင်းလွှာ
Ministry of Information/ Naypyitaw / April 17, 2026
၁၃၈၇ ခုနှစ်ကုန်ဆုံး၍ ၁၃၈၈ ခုနှစ်သို့ ကူးပြောင်းသည့် နှစ်သစ်ကူးနှစ်ဦးမင်္ဂလာအခါသမယ၌ ရဟန်း ရှင်လူ၊ နိုင်ငံသူနိုင်ငံသားအားလုံး မြတ်ဗုဒ္ဓ၏ ဆုံးမဩဝါဒကို လိုက်နာကျင့်သုံးသူများဖြစ်ကြပါစေလို့ အထူးဆုမွန်ပတ္ထနာပြုအပ်ပါသည်။
မနောပုဗ္ဗင်္ဂမာဓမ္မာ မနောသေဋ္ဌာမနောမယာ
မနသာစေပသန္နေန - ဘာသတိဝါကရောတိဝါ
တတောနံသုခမနွေတိ - ဆာယာဝအနုပါယိနီ
ဓမ္မပဒ ပါဠိတော်
ကုသိုလ်ကံ၊ အကုသိုလ်ကံတို့ကို စီမံအားထုတ် ပြုလုပ်သောအရာ၌ စိတ်သာလျှင် ပြဋ္ဌာန်း၏။ စိတ်သာလျှင်မြတ်၏။ စိတ်သာလျှင်ပဓာနဖြစ်၏။ ကြည်ညို မြတ်နိုးသောစိတ်ဖြင့် ပြုအပ်သော ကောင်းမှုကုသိုလ်ကံသည် လူ့ပြည်သို့လည်းကောင်း၊ နတ်ပြည်သို့လည်းကောင်း ကျင်လည်ပြောင်းရွှေ့ရသော ပုဂ္ဂိုလ်တို့၏နောက်သို့ အရိပ်တမျှပမာဏကဲ့သို့ မိမိကိုယ်ကို မစွန့်မူ၍ ထက်ကြပ်မကွာချမ်းသာသည်၊ အစဉ်တစိုက်လိုက်၏ဟု မြတ်ဗုဒ္ဓဘုရားရှင်သည် ဆုံးမတော်မူခဲ့၏။ ထိုမြတ်ဗုဒ္ဓဘုရားရှင်၏ ဆုံးမဩဝါဒတို့ကို လိုက်နာကျင့်သုံးကြသော ရဟန်းရှင်လူ၊ ပြည်သူပြည်သား နိုင်ငံသူနိုင်ငံသားများဖြစ်ကြ၍ ပြည်လုံးချမ်းသာ အေးမြစွာဖြင့် ငြိမ်းချမ်းပန်းကိုပန်ဆင်နိုင်ကြပါစေ။
မနောပုဗ္ဗင်္ဂမာဓမ္မာ မနောသေဋ္ဌာမနောမယာ
မနသာစေပဒုဋ္ဌေန - ဘာသတိဝါကရောတိဝါ
တတောနံဒုက္ခမနွေတိ - စက္ကံဝ ဝဟတောပဒံ
ဓမ္မပဒ ပါဠိတော်
ရဟန်းတို့ မကောင်းမှုကံမည်သည်ကား ဝန်ကိုရွက်ဆောင်သော နွားလား၏ နင်းတိုင်း နင်းတိုင်းသော ခြေရာကိုလှည်းဘီးစက်သည် ထက်ကြပ်မကွာ နင်းကာသာလျှင် လိုက်ဘိသကဲ့သို့ ထိုမကောင်းကံကို ပြုအပ်သောသူအား ဆင်းရဲသည် အစဉ်မပြတ် ထက်ကြပ်မကွာ လိုက်သည်သာတည်းဟု မြတ်ဗုဒ္ဓဘုရားရှင်၏ ဆုံးမဩဝါဒကို နာခံမှတ်သား၍ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထားပြီး မကောင်းမှုမှ အထူးရှောင်ကြဉ်ကြသော ရဟန်းရှင်လူ၊ ပြည်သူပြည်သား၊ နိုင်ငံသူ နိုင်ငံသားများဖြစ်ကြ၍ ပြည်လုံးတစ်ခွင် သောကစင်၍ ငြိမ်းချမ်းခြင်းနှင့် ပြည့်စုံကြပါစေဟု နှစ်သစ်ကာလအခါသမယတွင် လောဘမီး၊ ဒေါသမီး၊ မောဟမီးတွေငြိမ်းပြီး မေတ္တာပွား၍ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေဟု အထူးမေတ္တာပို့ ဆုတောင်းပတ္ထနာပြုလိုက်ပါသည်။
Newspaper - 3500 items
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
