လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သာစည် ၄၀ မဂ္ဂါဝပ်နှင့် သပြေဝ ၄၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများဖွင့်ပွဲအခမ်းအနား ကျင်းပ


Ministry of Information/ Naypyitaw / April 30, 2026
image_latest


နေပြည်တော် ဧပြီ ၂၉

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်ရှိ Leader Power Co., Ltd. မှ တည်ဆောက်သော သာစည် ၄၀ မဂ္ဂါဝပ်နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် မိတ္ထီလာမြို့နယ်ရှိ Hanzar Solar Energy Co., Ltd. မှ တည်ဆောက်သော သပြေဝ ၄၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ဦးစွာ အဆိုပါစက်ရုံရှေ့ ဖွင့်ပွဲမုခ်ဦးနေရာ၌ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းမြင့်နှင့် Asia World Co., Ltd. မှ တာဝန်ရှိသူတစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြသည်။

ထို့နောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က ဓာတ်အားပေးစက်ရုံ ကမ္ပည်းမော်ကွန်းကျောက်စာတိုင်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းကျောက်စာတိုင်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စက်ရုံ Control Room အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ယခုပြီးစီးသည့် စီမံကိန်းနှစ်ခုသည် တစ်နှစ်လျှင် ကီလိုဝပ်နာရီ သန်းပေါင်း ၂၀၂ သန်း ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး အိမ်ထောင်စုပေါင်း ၁၃၀၀၀၀ ခန့်ကို ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း၊ မကြာမီတွင် ဆောင်ရွက်ဆဲ ၂၁၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ပြီးမြောက်မည်ဖြစ်ကြောင်း၊ စက်ရုံအမြန်ပြီးစီးနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ လိုအပ်သော ပံ့ပိုးကူညီမှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

နိုင်ငံတော်အတွက် ဓာတ်အားထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်နေသည့် စီမံကိန်းများသည် နှောင့်နှေးကြန့်ကြာမှုများရှိနေပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် လည်ပတ်လျက်ရှိသည့် စက်ရုံများအနက်မှ အချို့သည်လည်း ဖျက်ဆီးမှုများခံခဲ့ရသည့်အတွက် ဓာတ်အားထုတ်လုပ်မှုများ လျော့နည်းလျက်ရှိပါကြောင်း၊ ပို့လွှတ်မှုအပိုင်းတွင်လည်း ဝေးလံသည့် ခရီးတစ်လျှောက် ပို့လွှတ်ရသဖြင့် ဓာတ်အားများ လျော့နည်းဆုံးရှုံးသကဲ့သို့ သဘာဝဘေးဒဏ်နှင့် လူတို့၏ဖျက်ဆီးခြင်းခံရသဖြင့် အချို့ဓာတ်အားလိုင်းကြီးများ ပျက်စီးလျက်ရှိပါကြောင်း၊ ယင်းအတွက်ကြောင့် ကောင်းမွန်သည့် ဓာတ်အားလိုင်းကြီးများသည် ဝန်ပိုများ ထမ်းဆောင်နေရသဖြင့် မကြာခဏ System Break Down ဖြစ်၍ ဓာတ်အားပြတ်တောက် မှုများဖြစ်ပါကြောင်း၊ ဖြန့်ဖြူးမှုအပိုင်းတွင်လည်း ဖြန့်ဖြူးသည့် နည်းစနစ်၏ အားနည်းမှုနှင့် မသမာမှုများကြောင့် ဓာတ်အားလျော့နည်းပျောက်ဆုံးမှုများ ရှိနေပါကြောင်း၊ ယင်းသို့ အားနည်းချက်များရှိနေသည့်အတွက် ဓာတ်အားသုံးစွဲသူ ပြည်သူများအနေဖြင့် ဓာတ်အားကို မျှဝေသုံးစွဲနေရပါကြောင်း၊ ယင်းသို့ လျှပ်စစ်ဓာတ်အားစနစ်၏ အားနည်းချက်များကို ပြုပြင်နိုင်ရန်အတွက် ရေတိုရေရှည်အစီအမံများချမှတ်၍ ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ဖြန့်ဖြူးရေးအပိုင်းတွင် ဖြစ်ပေါ်နေသည့် အားနည်းချက်များကိုလည်း နည်းပညာဖြင့် ထိန်းကျောင်းခြင်းအပါအဝင် စီမံခန့်ခွဲမှုနည်းလမ်းများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး စက်ရုံမှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက စက်ရုံများတည်ဆောက်ခဲ့မှု Documentary Movie ကို ကြည့်ရှုပြီး ဓာတ်အားပေးစက်ရုံ ဧရိယာအတွင်း လှည့်လည်စစ်ဆေးကာ ရှုရပ်မှနေ၍ ဆိုလာများ တပ်ဆင်ထားမှုအခြေအနေကို ကြည့်ရှုကြသည်။

ဆက်လက်၍ ရွှေစွမ်းအင် ကုမ္ပဏီလီမိတက်မှ ထပ်မံအကောင်အထည်ဖော် တည်ဆောက်လျက်ရှိသော ၂၁၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးစီမံကိန်း တည်ဆောက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 3511 items

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download