ဝန်ထမ်းများနေထိုင်မှုဘဝအဆင်ပြေစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၏(၆)ခန်းတွဲ(၃)ထပ် ဝန်ထမ်းအိမ်ရာသစ်ဖွင့်
ဝန်ထမ်းများနေထိုင်မှုဘဝအဆင်ပြေစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၏(၆)ခန်းတွဲ(၃)ထပ် ဝန်ထမ်းအိမ်ရာသစ်ဖွင့်
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / May 12, 2026
ဘားအံ မေ ၁၂
ကရင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ နေထိုင်မှုဘဝအဆင်ပြေစေရေးအတွက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် ၉၆၉ ဒဿမ ၈၀၀ သန်းဖြင့် အကုန်အကျခံတည်ဆောက်ခဲ့သော ကရင်ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန၏ (၆)ခန်းတွဲ RC (၃)ထပ်ဝန်ထမ်းအိမ်ရာအဆောက်အဦသစ်ဖွင့်ပွဲကို မေလ ၁၂ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့ အမှတ်(၅)ရပ်ကွက်၊ ငုဝါလမ်းရှိ အဆိုပါဝန်ထမ်းအိမ်ရာအဆောက်အဦရှေ့၌ ကျင်းပသည်။
စိုက်ပျိုးရေးဦးစီးဌာနမှ အမှုထမ်းဝန်ထမ်းငယ်များသည် ပြည်နယ်၏လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နေပူမရှောင်၊ မိုးရွာမရှောင် ကွင်းဆင်းဆောင်ရွက်ပေးနေကြသည့်ဝန်ထမ်းများဖြစ်ပြီး ယခင်က စိုက်ပျိုးရေးဂိုဒေါင်တွင် အခန်းကန့်၍ နေထိုင်ခဲ့ကြရာမှ ၎င်းတို့၏နေထိုင်မှုဘဝအဆင်ပြေစေရေးအတွက် ယခုကဲ့သို့တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါဝန်ထမ်းအိမ်ရာသစ်ကို ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ယူတည်ဆောက်ပေးသည့် မော်ဖမော်ကွန်းကုမ္ပဏီမှ မန်းနေးဂျင်း ဒါရိုက်တာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ဘင်ခရာ၊ ပန်းပွားနှင့်ယဉ်ကျေး မှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်၍ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ဝန်ထမ်းအိမ် ရာအဆောက်အဦသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။
ယင်းနောက် ဝန်ထမ်းအိမ်ရာသစ်ဖွင့်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး က မိမိတို့နေထိုင်မည့်အိမ်ခန်းများကို မိမိတို့၏ကိုယ်ပိုင်အိမ်ခန်းများကဲ့သို့သဘောထား ထိန်းသိမ်းစောင့်ရှောက်နေထိုင်သွား ကြစေလိုပြီး ပြည်နယ်အစိုးရမှ ဝန်ထမ်းများနေထိုင်ရေးအဆင်ပြေစေရန်ဆောင်ရွက်ပေးသကဲ့သို့ ဝန်ထမ်းများကလည်း မိမိတို့ပြည်နယ်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ခွန်စိုက်ကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် (၆)ခန်းတွဲ(၃)ထပ်(အာရ်စီကွန်ကရစ်)ဝန်ထမ်းအိမ်ရာအဆောက်အဦသစ်ဆိုင်ရာစာရွက်စာတမ်းများကို တာဝန်ယူတည်ဆောက်သည့် မော်ဖမော်ကွန်းကုမ္ပဏီမှ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးထွန်းမြင့်ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့လူငယ်စင်တာတွင် မေလ ၅ ရက်နေ့မှ ၂၂ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော တိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး သင်တန်း တွင် ကြီးကြပ်၊အုပ်ချုပ်၊နည်းပြ ၁၁ ဦးနှင့် သင်တန်းသား၊သင်တန်းသူ ၆၅ ဦးတို့၏ သင်ကြား၊သင်ယူနေမှုအခြေအနေများ ကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။
Newspaper - 3523 items
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
