သဘာဝဘေးပညာပေးမှုများ အလေးထားမှတ်သားဆောင်ရွက်


Ministry of Information/ Naypyitaw / May 12, 2026
image_latest


လာမည့်ရက်အနည်းငယ်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်တော့မည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။ မုတ်သုံလေ စတင်ဝင်ရောက်သည့် မိုးဦးလေဦးသည် သဘာဝဘေးအန္တရာယ်များ ကျရောက်လေ့ရှိသော အချိန်ကာလလည်းဖြစ်သည်။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှု၏ အကျိုးသက်ရောက်မှုအရ သဘာဝဘေးအန္တရာယ်များမှာ အကြိမ်ရေ ပို၍များများ ဖြစ်ပေါ်လာသလို ပို၍လည်း ပြင်းထန်လာသည်။

မြန်မာနိုင်ငံသည် ပထဝီဝင်အနေအထားအရ သဘာဝဘေးအန္တရာယ်ဖြစ်ပွားနိုင်ခြေ မြင့်မားသည့် နိုင်ငံများ၌ ပါဝင်လျက်ရှိရာ မိမိတို့နေထိုင်ရာ ဒေသအလိုက်ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခြင်းအားဖြင့် ပျက်စီးဆုံးရှုံးမှုများ အနည်းဆုံးဖြစ်အောင် ကာကွယ်နိုင်သည်။ မုတ်သုံလေစတင်ဝင်ရောက်သည့် မေလနှောင်းပိုင်းမှ ဇွန်လအထိ အဓိကဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များမှာ မုန်တိုင်းတိုက်ခတ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း စသည်တို့ဖြစ်သည်။

မြန်မာနိုင်ငံတွင် မိုးကြိုကာလ ဧပြီလလယ်မှ မေလအထိနှင့် မိုးလွန်ကာလ အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် မုန်တိုင်းအများဆုံးဖြစ်ပေါ်လေ့ရှိသည်။ မုန်တိုင်းများဖြစ်ပေါ်ပါက လေပြင်းတိုက်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မုန်တိုင်းကြောင့် မြင့်တက်သည့်ရေလှိုင်း ရိုက်ခတ်ခြင်းဟူသည့် အဖျက်စွမ်းအား(၃)မျိုး ဖြစ်ပေါ်နိုင်သည်။ မုန်တိုင်းကြောင့် မြင့်တက်သည့်ရေလှိုင်းမှာ ရေထရက်တွင် ပိုမိုမြင့်မားနိုင်ပြီး ကမ်းရိုးတန်းမြစ်များမှတစ်ဆင့် ကုန်းတွင်းပိုင်းအထိ ဝင်ရောက်နိုင်သည်။ မုန်တိုင်းကမ်းခြေသို့မရောက်မီ နာရီအနည်းငယ်အလိုတွင် မုန်တိုင်းလမ်းကြောင်း၏ လက်ယာဘက်၊ အောက်ဘက်တွင် ဖြစ်ပေါ်တတ်သည်။

မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားရာတွင် မြစ်ရေကြီးခြင်းနှင့် တောင်ကျရေစီးဆင်းမှုကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်းတို့ ဖြစ်ပွားနိုင်သည်။ မြစ်ရေကြီးသည့် ဖြစ်စဉ်တွင် မြစ်ကမ်းဘေးဝဲယာ အနိမ့်ပိုင်းဒေသများကို အချိန်ကြာရေလွှမ်းမိုးခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးများတွင် ဖြစ်လေ့ရှိသည်။ အချိန်ကြာမြင့်စွာ ရေလွှမ်းနေခြင်းကြောင့် ဝမ်းရောဂါအပါအဝင် အခြားရောဂါများလည်း ဖြစ်ပွားလေ့ရှိသည်။ လျှပ်တစ်ပြက်ရေကြီးခြင်းမှာ မြစ်အထက်ပိုင်း၊ အမြင့်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက်ရေများအလုံး အရင်းနှင့် စီးဆင်းလာပြီးရေစီးဆင်းသည့် လမ်းကြောင်းတစ်လျှောက် တိုက်စားဖျက်ဆီးသွားခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင် ဆယ်စုနှစ်ပေါင်းများစွာ ရေမစီးတော့သည့် ချောင်းဟောင်းနေရာများ တစ်လျှောက်ရေများစီးဆင်းလာခြင်းကြောင့် ၎င်းနေရာများတွင် ဝင်ရောက်နေထိုင်သူများ အသက်အိုးအိမ် ပျက်စီးဆုံးရှုံးမှုများ ဖြစ်စေသည်။

မိုးကြိုနှင့် မိုးနှောင်းကာလတို့တွင် မိုးကြိုးဘေးမှာလည်း အထူးဂရုပြုသင့်သည့် သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သည်။ မြန်မာ နိုင်ငံတွင် မိုးကြိုးပစ်မှုကြောင့် နှစ်စဉ် လူ ၁၀၀ ကျော် သေဆုံးလျက်ရှိပြီး ဒဏ်ရာရမှုများ၊ ကျွဲနွားတိရစ္ဆာန်များ သေဆုံးမှုများဖြစ်ပေါ် လေ့ရှိသည်။ မိုးကြိုနှင့် မိုးနှောင်းကာလ မွန်းလွဲပိုင်းမှစ၍ ညနေ ၆ နာရီခန့်အထိ အချိန်များတွင် မိုးကြိုးအန္တရာယ်ကို သတိထားကြ ရန်နှင့် အတတ်နိုင်ဆုံး အဆောက်အအုံများအတွင်း၌သာ နေထိုင် ကြရန်လိုသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ပြိုခြင်း၊ မြေပြိုခြင်း သဘာဝဘေးအန္တရာယ်များမှာလည်း နှစ်စဉ်ဖြစ်ပေါ်လေ့ရှိပြီး လူသေဆုံးမှုများလည်းရှိခြင်းကြောင့် ဂရုပြုကြရမည့်အန္တရာယ် တစ်ခုဖြစ်သည်။ မိုးအများအပြား ရွာသွန်းသည့်ကာလတွင် တောင်ကုန်း၊ တောင်တန်း၊ တောင်စောင်း၊ ကုန်းမြေမြင့်၊ ဆင်ခြေလျှော ဒေသများတွင် နေထိုင်သူများ အထူးသတိပြုကြရမည်ဖြစ်ပြီး တောင်စောင်းများ၊ ဆင်ခြေလျှောများတွင် ကျောက်တုံးများ ပြိုခြင်း၊ မြေလွှာများ အိကျခြင်းတို့တွေ့ရှိပါက မကြာမီမြေပြိုကျမည့် ရှေ့ပြေးလက္ခဏာများဖြစ်သည့်အလျောက် အမြန်ရှောင်တိမ်းကြရန်လိုသည်။

ရာသီဥတုအပြောင်းအလဲကာလတွင် နေ့စဉ်အချိန်နှင့်အမျှ ဖြစ်ပေါ်နေသည့် မိုးလေဝသဖြစ်စဉ်များ၊ ထူးခြားသည့် မိုးလေဝသဖြစ်စဉ်များကို မိုး/ဇလက အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးလျက်ရှိသကဲ့သို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးမှုများကို မီဒီယာများမှတစ်ဆင့် ပညာပေးနှိုးဆော်မှုများ ပြုလုပ်လျက်ရှိရာ အလေးထားမှတ်သား ဆောင်ရွက်ကြခြင်း အားဖြင့် သဘာဝဘေးများမှ လွတ်ကင်းနိုင်ကြပါစေကြောင်း။

Newspaper - 3523 items

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download