သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးခင်မောင်ရီ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ဘရာဇီးနိုင်ငံ၊ ဘဲလ်လမ်မြို့ ၌ ကျင်းပပြုလုပ်သည့် ဘဲလ်လမ် ရာသီဥတုဆိုင်ရာထိပ်သီးအစည်းအဝေး (Belem Climate Summit) ဒုတိယနေ့သို့ ဆက်လက်တက်ရောက်


Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / November 10, 2025


ဘရာဇီးနိုင်ငံ၊ သမ္မတ လူးဝစ်အင်နာစီယို လူလာဒါဆေးလ်ဗား ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ကိုယ်စား) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ဘရာဇီးနိုင်ငံ၊ ဘဲလ်လမ်မြို့၌ နိုဝင်ဘာလ ၆ ရက်မှ ၇ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သည့် ဘဲလ်လမ်ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေး (Belem Climate Summit) ဒုတိယနေ့ စုံညီအစည်းအဝေးနှင့် ဘာသာရပ်ဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲများသို့ ဆက်လက်တက်ရောက်ခဲ့သည်။

စုံညီအစည်းအဝေး ဒုတိယနေ့အား ဆက်လက်ကျင်းပရာ နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံ အသီးသီးမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် သစ်တောနှင့်ပတ်ဝန်းကျင်ရေးရာဝန်ကြီးများ၊ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများမှ အကြီးအကဲများက နိုင်ငံကိုယ်စားပြု မိန့်ခွန်းများ ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောကြားရာတွင် မြန်မာနိုင်ငံသည်  နိုင်ငံဧရိယာ၏ ၄၂.၁၉ ရာခိုင်နှုန်းကျော်ကို သစ်တောများဖြင့် ဖုံးလွှမ်းထားပြီး ဂေဟစနစ်မျိုးစုံနှင့် ဇီဝမျိုးစုံမျိုး ကွဲများကြွယ်ဝ သောနိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း၊ ရှည်လျားသော ကမ်းရိုးတန်းနှင့် ဒီရေတောများ ပိုင်ဆိုင်ကြောင်း၊ သို့သော်လည်း ရာသီဥတုပြောင်းလဲမှု ဒဏ်အခံရဆုံးနိုင်ငံများတွင် ပါဝင်လျက်ရှိသဖြင့် ရာသီဥတု ပြောင်းလဲမှု လျော့ချရေးဆိုင်ရာလုပ်ငန်းများကို အမျိုးသားရေး လုပ်ငန်းတစ်ရပ်အနေဖြင့် အထူး အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ “အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ် (Nationally Determined Contributions-NDC)” ပါ ရည်မှန်းချက်များနှင့်အညီ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ရာသီဥတုဒဏ်ခံနိုင်သော စိုက်ပျိုးရေးလုပ်ငန်းများ၊ သစ်တောထိန်းသိမ်းရေးကို ဗဟိုပြုသည့် မဟာဗျူဟာများ ချမှတ်ကာ ဆောင်ရွက်လျက်ရှိကြောင်း၊ ရာသီဥတုဆိုင်ရာရန်ပုံငွေ တိုးမြှင့်ရရှိရေး၊ နည်းပညာများ လွှဲပြောင်းရယူနိုင်ရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးတို့သည် အထူးအရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဘဲလ်လမ်ရာသီတုဆိုင်ရာ ထိပ်သီးအစည်းအဝေး ကြေညာချက်အားထောက်ခံပါကြောင်း၊ အပူပိုင်းသစ်တောများ ထာဝရရန်ပုံငွေ (Tropical Forests Forever Facility- TFFFတည်ထောင်ခြင်း၊ ဆင်းရဲနွမ်းပါးမှုနှင့် ပြည်သူဗဟိုပြု ရာသီဥတုဆိုင်ရာ လှုပ်ရှားမှုများနှင့် ဘက်စုံတောမီး စီမံအုပ်ချုပ်မှုဆိုင်ရာ လှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း အတည်ပြုအကြောင်းကြားပြီးဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင်ပြီး ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းနှင့် နီးကပ်စွာ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် “ရာသီဥတုနှင့် သဘာဝ၊ သစ်တောများနှင့် သမုဒ္ဒရာ များ” ခေါင်းစဉ်ဖြင့် ဘာသာရပ်ဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲကို ဆက်လက် တက်ရောက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပြောကြားသည်။

ကမ္ဘာ့ရာသီဥတုထိပ်သီးအစည်းအဝေးသည် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးအတွက် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို အခြေခံသော နည်းလမ်းများကို အဓိကထားသည့် ဦးဆောင်ဖိုရမ် တစ်ခုဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် စတင်ကျင်းပခဲ့ကာ ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း (UNFCCC) အဖွဲ့ဝင်နိုင်ငံများညီလာခံနှင့်အတူ ကျင်းပသော အရေးကြီးသည့် ထိပ်သီး အစည်းအဝေးတစ်ခုဖြစ်သည်။ အဆိုပါအစည်းအဝေးတွင် အစိုးရ၊ စီးပွားရေးလုပ်ငန်းများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပညာရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များ တက်ရောက်ကြပြီး ပါရီရာသီဥတုဆိုင်ရာ သဘောတူညီချက် ရည်မှန်းချက်များ အောင်မြင်စေရန်နှင့် ကာဗွန်ထုတ်လွှတ်မှု နည်းပါးသောစီးပွားရေးသို့ ကူးပြောင်းရာတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

Newspaper - 3344 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 06, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download