သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက စိုက်ပျိုးမွေးမြူရေး ဒေသထွက်ကုန်ကြမ်းအခြေပြုသည့် စက်မှုကုန်ကြမ်းလုပ်ငန်းများ၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် AI နည်းပညာများကိုအခြေပြုသည့် ပြကွက်များပြသသွားမည်


Ministry of Information/ Naypyitaw / February 04, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) ကို နေပြည်တော် ပြည်သူ့ရင်ပြင်၌ ဖေဖော်ဝါရီ ၈ ရက်မှ ၁၃ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်၊၊

အဆိုပါပြပွဲတွင် ဝင်ရောက်ပြသမည့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ နည်းပညာပြခန်းများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့၊ နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့ဆိုတဲ့ အမျိုးသားရေးဆောင်ပုဒ်ကြီးနှစ်ခုနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ လုပ်ငန်းတွေ၊ ပြကွက်တွေကို ဝင်ရောက်ပြသသွားမှာဖြစ်ပါတယ်၊၊ နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ စိုက်ပျိုးမွေးမြူရေး ဒေသထွက်ကုန်ကြမ်းအခြေပြုတဲ့ စက်မှုကုန်ကြမ်းလုပ်ငန်းတွေ၊ MSME လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ဖို့ AI နည်းပညာတွေကိုအခြေပြုပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လို့ရတယ်ဆိုတဲ့ ပြကွက်တွေပါဝင်မှာဖြစ်ပါတယ်၊၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနတွေက ပြသတဲ့ပြကွက်ပေါင်း ၁၉ ခုအပြင် Digital Corner ပြခန်းကိုပါ ထည့်သွင်းပြသသွားမှာဖြစ်ပါတယ်၊၊ အထူးသဖြင့် AI နည်းပညာကို အသုံးပြုပြီး MSME လုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လို့ရတဲ့အခြေအနေတွေကို လေ့လာလို့ရမှာဖြစ်ပါတယ်၊၊ Digital Corner ပြခန်းမှာလည်း ပြကွက် ၁၀ ခု ထားရှိမှာ ဟု ပြောသည်၊၊ ယခုနှစ် ကျင်းပသည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) တွင် သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာနအနေဖြင့် နည်းပညာများကို အခြေပြုပြီး MSME ထုတ်ကုန်များအား ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်သည့် နည်းလမ်းများ၊ MSME လုပ်ငန်းများကိုချဲ့ထွင်ပြီး ပြည်တွင်းဈေးကွက်တွင်သာမက နိုင်ငံတကာဈေးကွက်အထိ ထိုးဖောက်နိုင်သည့် နည်းပညာများ၊ AI နည်းပညာကို အသုံးပြုပြီး MSME ထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်အထိ ရောက်ရှိနိုင်အောင် ဆောင်ရွက်နိုင်သည့်နည်းလမ်းများနှင့်ပတ်သက်သည့် ပြခန်း/ပြကွက်များကို ထည့်သွင်းပြသသွားမည်ဖြစ်သည်၊၊

ထို့ပြင် ဒုတိယဝန်ကြီးက “Electronic Waste တွေကနေ အဖိုးတန်တဲ့သတ္တုတွေ ပြန်လည် ထုတ်ယူလို့ရမယ့် နည်းပညာ၊ Recycle ပြန်လုပ်ပြီးသုံးတာတွေ၊ Reuse ပြန်လုပ်ပြီး သုံးတာတွေ၊ Electronic Waste တွေကို အခြေခံပြီး ပြန်ထုတ်လို့ရတယ်ဆိုတဲ့ နည်းပညာတွေကိုပါ ပြသသွားဖို့ရှိပါတယ်၊၊ အသေးစား ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွေကနေ MSME ကဏ္ဍကို မြှင့်တင်ဆောင်ရွက်လို့ ရတယ်ဆိုတဲ့ပြကွက်တွေ၊ Solar စနစ်နဲ့ အစားအသောက်တွေကို အခြောက်ခံတဲ့ နည်းပညာတွေ၊ အသေးစား လေစွမ်းအင်သုံးစနစ်တွေနဲ့ပတ်သက်ပြီး တာဘိုင်အငယ်စားတွေပါ ခင်းကျင်းပြသထားမှာဖြစ်ပါတယ် ဟု ပြောသည်၊၊ ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်ကဏ္ဍတွင် စိတ်ဝင်စားသည့် လုပ်ငန်းရှင်များကို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအနေဖြင့် နည်းပညာတချို့ကို ဖြန့်ဝေထားပြီးဖြစ်ကြောင်း၊ ယခု MSME ပြပွဲသို့ လာရောက်လေ့လာကြမည့် ပြည်သူများ၊ MSME/ စက်မှုကုန်ထုတ်လုပ်မှု လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ငန်းများနှင့် သင့်လျော်သည့် နည်းပညာများကို အွန်လိုင်းကတစ်ဆင့် တောင်းခံနိုင် ရန် QR Code များ ထားရှိပေးသွားမည်ဖြစ်ကြောင်း၊ ယင်း QR Code ကို Scan ဖတ်၍ Message ပေးပို့ကာ မိမိတို့ရယူလိုသည့် နည်းပညာများကို တောင်းခံနိုင်ကြောင်း သိရသည်၊၊

ဆက်လက်၍ ဒုတိယဝန်ကြီး က “EV နဲ့ပတ်သက်တဲ့ သင်တန်းတွေမှာပို့ချနေတဲ့ သင်ရိုးတွေကိုပါ လက်ကမ်းစာစောင်တွေအနေနဲ့ ပြသသွားမှာဖြစ်ပါတယ်။ EV Workshop တွေ ထူထောင်ချင်တဲ့ သူတွေအတွက် အကြံဉာဏ်ပေးဖို့ကိုလည်း ပြင်ဆင်ထားပါတယ်။ လစဉ်ဖွင့်လှစ်ပေးနေတဲ့ သင်တန်းတွေ၊သင်ရိုးညွှန်းတမ်းတွေကိုလည်း မျှဝေပေးသွားမှာဖြစ်ပါတယ်၊၊ လာရောက်လေ့လာကြည့်ရှုကြတဲ့သူတွေအနေနဲ့ ပြသထားတဲ့သင်တန်း တွေတင်မကဘဲ ထပ်တိုးဖွင့်လှစ်ပေးလိုတဲ့ သင်တန်းတွေရှိပါက အွန်လိုင်းကနေတောင်းခံလို့ရတဲ့ အစီအစဉ်တွေလည်းရှိပါတယ်။

MSME လုပ်ငန်းရှင်တွေအတွက် စိုက်ပျိုးမွေးမြူရေးကနေထွက်ရှိတဲ့ ကုန်ကြမ်းတွေကိုအခြေခံပြီး ထုတ်လုပ်တဲ့နည်းပညာတွေကိုလည်း ဖြန့်ဝေထားပါတယ်၊၊ စိုက်ပျိုးနည်းစနစ်တွေ၊ ဇီဝပိုးသတ်ဆေးနဲ့ ပတ်သက်တာတွေ၊ အပင်တစ်သျှူးမျိုးပွားတဲ့ လုပ်ငန်းတွေရရှိလာတဲ့ ဇီဝထုတ်ကုန်တွေ၊ Bio Technology နဲ့ ပတ်သက်ပြီး မြေဩဇာလုပ်တဲ့ နည်းစဉ်တွေလည်း ပြသသွားမှာဖြစ်ပါတယ်၊၊ ဒါတွေနဲ့ပတ်သက်ပြီး နည်းပညာတောင်းခံလာရင်လည်း ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။ လိုအပ်ပါက သင်တန်းဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။ အခု MSME ပွဲတော်ကြီးမှာ တိုက်ရိုက်ချိတ်ဆက်နိုင်တဲ့ အခွင့်အလမ်းတွေ အများကြီးရှိပါတယ်၊၊ ဒါကြောင့် MSME ပွဲတော်ကြီးကို လာရောက်ကြည့်ရှု လေ့လာကြဖို့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါတယ် ဟု ပြောသည်၊၊

 ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) တွင် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုပြခန်းများ၊ ဝန်ကြီးဌာနပြခန်းများအပြင် စီးပွားရေးချိတ်ဆက်မှုများ (Busi-ness Matching)၊ နည်းပညာပြခန်းနှင့် လယ်ယာသုံးစက်ပစ္စည်း၊ အသေးစားစက်မှု လက်မှုလုပ်ငန်းပြခန်းများ ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်၊၊

မင်းကျော်စွာ

ဓာတ်ပုံ - ဖိုးပြည့်စုံ

Newspaper - 3455 items

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 22, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download