သီးနှံ ၁၀ မျိုး ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သီးထပ်စွမ်းအားပြည့်မီရေး ကြိုးပမ်းစိုက်ပျိုး
သီးနှံ ၁၀ မျိုး ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သီးထပ်စွမ်းအားပြည့်မီရေး ကြိုးပမ်းစိုက်ပျိုး
Ministry of Information/ Naypyitaw / May 16, 2026
လယ်ယာကုန်ထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားမှသာလျှင် စိုက်ပျိုးရေးကိုအခြေခံသော စီးပွားရေးအဓိကနိုင်ငံဖြစ်သည့် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်သည်။ စိုက်ပျိုးရေးထုတ်ကုန်များ တိုးတက်မှုရရှိရေးအတွက် နိုင်ငံတော်က အဓိကသီးနှံ ၁ဝ မျိုးကို သီးနှံအလိုက် ရည်မှန်းချက်ပန်းတိုင်အထွက်နှုန်းများ သတ်မှတ်ပေးကာ လိုအပ်ချက်များကို ပံ့ပိုးပေးပြီး တွန်းအားပေးဆောင်ရွက်လျက်ရှိသော်လည်း အောင်မြင်မှုမရသေးဘဲ ရှိနေသေးသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မေလ ၁၅ ရက် မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားရာတွင် “မန္တလေးတိုင်းဒေသကြီးအတွင်း ပန်းတိုင်ရည်မှန်းချက် မပြည့်မီခြင်းကြောင့် ပန်းတိုင်ရည်မှန်းချက် သီးနှံ ၁ဝ မျိုးတွင် နှစ်စဉ်မြန်မာကျပ်ငွေ ၃၇၆၅ ဘီလီယံခန့် လျော့နည်းနစ်နာဆုံးရှုံးရလျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှစ်စဉ်အမေရိကန်ဒေါ်လာ ၈ ဘီလီယံခန့် ထိခိုက်နစ်နာ ဆုံးရှုံးရလျက်ရှိကြောင်း၊ လက်ရှိစိုက်ပျိုးနေသည့် စိုက်ဧကအတိုင်း သီးထပ်စွမ်းအား ပြည့်မီအောင် စိုက်ပျိုးနိုင်မည်ဆိုပါက နှစ်စဉ်အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံခန့် ပိုမိုအကျိုးအမြတ်ရရှိနိုင်မည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်၏ အရေးကြီးသီးနှံ ၁ဝ မျိုးတို့အတွက် သတ်မှတ်ထားသော တစ်ဧကလျှင် ထွက်ရှိရမည့် ပန်းတိုင်အထွက်နှုန်းများမှာ မိုးစပါး တင်း ၁၀၀၊ နွေစပါး တင်း ၁၁၀၊ အစေ့ထုတ်ပြောင်း ၈၅ တင်း၊ မြေပဲ တင်း ၇၀၊ နှမ်း တင်း ၂၀၊ နေကြာ တင်း ၅၀၊ မတ်ပဲ ၂၅ တင်း၊ ပဲတီစိမ်း တင်း ၂၀၊ ပဲစင်းငုံ ၂၅ တင်း၊ ချည်မျှင်ရှည်ဝါ ပိဿာ ၇၀၀၊ ချက်ကြံ တန် ၃၀ တို့ဖြစ်သည်။ ထို့အပြင် မီးဖိုချောင်သုံး သီးနှံများဖြစ်သည့် အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကိုလည်း အရေးကြီးသီးနှံအဖြစ် ထည့်သွင်းသတ်မှတ်ပြီး တစ်ဧကလျှင် အာလူး ပိဿာ ၄၅၀၀၊ ကြက်သွန်နီ ပိဿာ ၅၀၀၀၊ ကြက်သွန်ဖြူ ပိဿာ ၂၅၀၀ ထွက်ရှိရေး ပန်းတိုင်အထွက်နှုန်းများ သတ်မှတ်ပေးထားကာ ဆောင်ရွက်လျက်ရှိသည်။
စိုက်ပျိုးသီးနှံများအလိုက် သတ်မှတ်ထားသည့် ပန်းတိုင်အထွက် နှုန်းရရှိနိုင်ရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်းဟူသော လိုအပ်ချက် (၄) ရပ်တို့ ညီညွတ်မျှတစွာ ရရှိရန်လိုသည်။ သီးနှံမျိုးစေ့သည် ဒေသ၏ ရာသီဥတုနှင့် ကိုက်ညီသော သီးနှံမျိုးကောင်းမျိုးသန့်ကို ရွေးချယ်ရမည်ဖြစ်သည်။ ပိုးမွှားနှင့် ရောဂါဒဏ်ကို ခံနိုင်ရည်ရှိရန် လိုအပ်သလိုအပင်ပေါက်နှုန်းကောင်းမွန်ပြီး အထွက်နှုန်းမြင့်မားသည့် အရည်အသွေးကောင်းမွန်သော မျိုးစေ့လည်းဖြစ်ရန်လိုသည်။ စိုက်ပျိုးမြေသည် စိုက်ပျိုးမည့် သီးနှံနှင့်ကိုက်ညီသော မြေဖြစ်ရန်လိုအပ်ပြီး မြေအနိမ့်အမြင့် ညီညာစေရန်၊ သီးနှံများ ကောင်းစွာအမြစ်တွယ်နိုင်စေရန် မြေကိုပြုပြင်ပေးရမည်ဖြစ်သည်။ မြေဆီသြဇာကောင်းမွန်စေရန်အတွက် သဘာဝမြေသြဇာနှင့် အပင်များအတွက် လိုအပ်သော အာဟာရဓာတ်များကို စနစ်တကျထည့်သွင်းပေးရမည် ဖြစ်သည်။ စိုက်ပျိုးရေကို သီးနှံပင်များ၏ လိုအပ်ချက်အတိုင်း အချိန်နှင့်တစ်ပြေးညီပေးနိုင်ရန်နှင့် ရေသွင်းရေထုတ်စနစ်တကျလုပ်ရန်လိုသည်။ ခေတ်မီစိုက်ပျိုးနည်းစနစ်များကို ကျင့်သုံးခြင်းသည် သမားရိုးကျစိုက်ပျိုးခြင်းထက်အထွက်နှုန်းများစွာ ပိုမိုရရှိနိုင်သကဲ့သို့ ရိတ်သိမ်းချိန်လွန် နည်းပညာများကလည်း သီးနှံများ လေလွင့်ဆုံးရှုံးမှုနှင့် အရည်အသွေးကောင်းမွန်မှုတို့အတွက် အရေးကြီးသည်။
အထက်တွင် ဖော်ပြခဲ့သည့် မျိုး၊ မြေ၊ ရေ၊ နည်း (၄) ချက်တို့မှာ တစ်ဧကချင်းအလိုက် အထွက်တိုးရန် အခြေခံလိုအပ်ချက်များပင်ဖြစ်ပြီး ပြည့်စုံစေရန် အားထုတ်ကြိုးပမ်းဆောင်ရွက်ကြခြင်းဖြင့် သီးနှံများအလိုက် ရည်မှန်းချက်ပန်းတိုင်အထွက်နှုန်းများ ရရှိလာကြမည်ဖြစ်သည်။ စိုက်ပျိုးကုန်ထုတ်ကဏ္ဍတိုးတက်စေရေးအတွက် နောက်ထပ်အရေးပါသည့် အချက်မှာ လက်ရှိစိုက်ပျိုးမြေဧကများ ပေါ်မှာပင်နှစ်သီး၊ သုံးသီး စသည်ဖြင့် သီးထပ်စိုက်ပျိုးခြင်းပင်ဖြစ်သည်။ သီးနှံတစ်မျိုးတည်းကိုဖြစ်စေ၊ နှစ်မျိုး သုံးမျိုးဖြစ်စေ သီးထပ်စိုက်ပျိုးခြင်းအားဖြင့် တောင်သူတို့အဖို့ အကျိုးအမြတ် ပိုမိုဖြစ်ထွန်းရရှိကြမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ၊ ဒေသတွင်းနိုင်ငံများဖြစ်သော ထိုင်း၊ ဗီယက်နမ် စသည့်နိုင်ငံများမှ သီးနှံစိုက်ပျိုးထုတ်လုပ်မှုများ၊ ပြည်ပတင်ပို့မှုများနှင့် ရရှိသောဝင်ငွေစသည်တို့ကို လေ့လာကြည့်မည်ဆိုပါက အားရဖွယ်ရာ၊ အားကျဖွယ်ရာများဖြစ်သည်ကို တွေ့ရှိနိုင်သည်။ စိုက်ပျိုးရေးအတွက် လိုအပ်သည့် မြေ၊ ရေ အရင်းအမြစ်များ ပြည့်စုံသည့် မိမိတို့နိုင်ငံအနေဖြင့် ၎င်းတို့နည်းတူ ကြိုးပမ်းအားထုတ်လုပ်ကိုင်ခြင်းဖြင့် ဝင်ငွေတိုးကာ အကျိုးဖြစ်ထွန်းစေနိုင်မည့်အကြောင်း။ ။
Newspaper - 3527 items
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 15, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
