အကြမ်းဖက်လက်နက်ကိုင် AA နှင့် မူးယစ်ဆေးဝါးမှောင်ခို စီးပွားရေး


Ministry of Information/ Naypyitaw / March 20, 2025
image_latest


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များက သတင်းအရရှာဖွေစစ်ဆေးရာမှ မူးယစ်ဆေးဝါးများနှင့် သယ်ဆောင်ရောင်းဝယ်သူများကို ဖမ်းဆီးရမိသည့်သတင်းများ ယခုရက်ပိုင်းတွင် ဆက်တိုက်တွေ့ရှိနေရသည်။ ဘိန်းကိုအခြေခံထုတ်လုပ်သည့် ဘိန်းဖြူနှင့် ဓာတုပစ္စည်းများကို အခြေခံထုတ်လုပ်သည့် စိတ်ပြောင်းဆေးဝါးများမှာ နယ်စွန်နယ်ဖျားဒေသများတွင် ထုတ်လုပ်နေကြခြင်းဖြစ်ပြီး ပြည်တွင်းကိုဖြတ်သန်းသယ်ဆောင်ကာ နိုင်ငံအနှံ့အပြားဒေသအသီးသီးနှင့် ပြည်ပဈေးကွက်များသို့ ပို့ဆောင်ရောင်းဝယ်နေကြခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ သယ်ဆောင်ရောင်းဝယ်ခြင်းတို့အပါအဝင် မူးယစ်မှောင်ခိုလုပ်ငန်းမှာ ငွေကြေးအမြတ်အစွန်း လွန်စွာကြီးမားသည့်အလျောက် နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများနှင့်အတူ လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များလည်း ပါဝင်ပတ်သက်နေလေ့ရှိသည်။ တစ်နည်းအားဖြင့် မူးယစ်မှောင်ခိုလုပ်ငန်းသည် အချို့သောလူမျိုးစုအမည်ခံထားသည့် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့အစည်းတို့၏ အားထားရသော ဝင်ငွေရလမ်းသဖွယ်ဖြစ်နေသည်။ မတ်လ ၆ ရက်က ရန်ကုန်တိုင်းဒေသကြီးတွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ဝင် အာရကန်အာမီ (AA) ခေါ် အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့၏ စီးပွားရေးတာဝန်ခံ လင်မယားနှစ်ဦးတို့ပါဝင်နေကြောင်း တွေ့ရှိရသည်။

အဆိုပါ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းကို ဖမ်းဆီးရာတွင် မြန်မာငွေကျပ် ၉၆ ဘီလီယံကျော် တန်ဖိုးရှိသည့် အိုက်စ် (မက်သ် အဖက်တမင်း) သုံးတန်ကျော်၊ ကက်တမင်းကီလို ၂၀၀ တို့နှင့်အတူ ဂိုဏ်းဝင်များကို ဖမ်းဆီးရမိခဲ့ပြီး အဓိကတရားခံအချို့ လွတ်မြောက်နေသေးသည်ဟု သိရှိရသည်။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မှ သယ်ဆောင်လာသည့် အဆိုပါမူးယစ်ဆေးဝါးများမှာ ရန်ကုန်မြို့တွင် ရောင်းချရန်နှင့် ပင်လယ်ရေကြောင်းမှတစ်ဆင့် မလေးရှားသို့ပို့ဆောင်ရောင်းချရန်ဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်နိုင်ခဲ့ရာ ပမာဏကြီးမားလှစွာသော မူးယစ်ဆေးဝါးအန္တရာယ်ကို ပြည်တွင်းအတွက်ရော ပြည်ပအတွက်ပါ တားဆီးနှိမ်နင်းကာကွယ်လိုက်နိုင်ခြင်းပင်ဖြစ်သည်။

ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ လှုပ်ရှားထိန်းချုပ်ထားရာ နယ်မြေများသည် မူးယစ်ဆေးဝါးထုတ်လုပ်မှုများ၏ ဗဟိုချက်ဖြစ်နေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ကသိရှိထားပြီးဖြစ်သကဲ့သို့ အာရကန်အာမီ (AA) ၏ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုများနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာဌာနတွင် မှုခင်းမှတ်တမ်းများရှိနေသည်။ AA သည် ရှမ်းပြည်နယ်ရှိ မူးယစ်မှောင်ခို လက်နက်ကိုင်အဖွဲ့များကထုတ်လုပ်သည့် မူးယစ်ဆေးဝါးများကို ပြည်တွင်းလမ်းကြောင်းများမှ ဖြတ်သန်းသယ်ဆောင်ကာ ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်သို့လည်းကောင်း၊ ပင်လယ်ရေကြောင်းမှတစ်ဆင့် မလေးရှား၊ အင်ဒိုနီးရှားနှင့် အခြားနိုင်ငံများသို့တင်ပို့ရောင်းချနေခြင်းဖြစ်ပြီး ယခင်ဖမ်းဆီးရမိခဲ့သည့် သာဓကများလည်း ရှိနေသည်။

မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခများ၊ ပြည်တွင်းမတည်ငြိမ်မှုများက မူးယစ်ဆေးဝါးဖြင့် ဝင်ငွေရှာ၊ စီးပွားရှာနေကြသည့် မူးယစ်မှောင်ခိုများ၊ တိုင်းရင်းသားအမည်ခံလက်နက်ကိုင်သောင်းကျန်းသူများအတွက် အခွင့်အရေးတစ်ရပ်ရရှိနေခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးများကို ပြည်တွင်း၌နှိမ်နင်းရာတွင် ကေတီဗီများ၊ ကလပ်များ၊ ဘားများနှင့် ကျောင်းသားကျောင်းသူလူငယ်များကို ပစ်မှတ်ထားရောင်းချမှုများကိုပါ အရှိန်အဟုန်မြှင့် ဖမ်းဆီးအရေးယူဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်သည်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးသည် မိမိတို့နိုင်ငံအဖို့ အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများ နှိမ်နင်းရေးနှင့်ပါ ဆက်စပ်နေသည့်အလျောက် အလေးအနက်ထား၍ တားဆီးကာကွယ်တိုက်ဖျက်ကြရပါမည့်အကြောင်း။ ။

Newspaper - 3521 items

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download