အခက်ခဲဆုံးအချိန်တွင် ကူညီမှုများ နိုင်ငံတော်နှင့် ပြည်သူ့အတွက်ခွန်အား
အခက်ခဲဆုံးအချိန်တွင် ကူညီမှုများ နိုင်ငံတော်နှင့် ပြည်သူ့အတွက်ခွန်အား
Ministry of Information/ Naypyitaw / June 11, 2025

မြန်မာမှုနယ်ပယ်တွင် လူတစ်ဦးတစ်ယောက် ဒုက္ခရောက်နေသည့်အချိန်၊ အခက်အခဲဖြစ်နေသည့်အချိန်တွင် ဖေးမကူညီပေးသူကို မိတ်ကောင်းဆွေကောင်း မိတ်ဆွေစစ်ဟုဆိုကြသည်။ သူတစ်ဦး၏ တစ်ကြိမ်တစ်ခါ ပြုဖူးသည့်ကျေးဇူးကို သိတတ်သူသည်လည်း မိတ်ကောင်းဆွေကောင်းပင်ဖြစ်သည်။ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆက်ဆံကြရာတွင်လည်း အလားတူပင်ဖြစ်သည်။ ကူညီဖေးမမှု၊ ကျေးဇူးသိတတ်မှု၊ အသိအမှတ်ပြုမှုတို့သည် မင်္ဂလာတရားတော်နှင့်ညီပေသည်။
မြန်မာနိုင်ငံသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူဝါဒနှင့်အညီ နိုင်ငံများနှင့် အတူယှဉ်တွဲနေထိုင်လျက်ရှိရာ မြန်မာနိုင်ငံအား အသိအမှတ်ပြုသည့်နိုင်ငံများ၊ ကူညီဖေးမသည့်နိုင်ငံများ၊ အပြုသဘောဆောင်သည့်နိုင်ငံများ၊ မိတ်ကောင်း ဆွေကောင်းနိုင်ငံများနှင့် ဆက်ဆံနေထိုင်လျက်ရှိသည်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် မိတ်ကောင်းဆွေကောင်းအဖြစ် ဆက်ဆံနေထိုင်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် နှစ်နိုင်ငံ သမိုင်းကြောင်းတစ်လျှောက်၌ မိတ်ကောင်းဆွေကောင်းနိုင်ငံအဖြစ် အသိအမှတ်ပြုပြီး ရှည်ကြာစွာ ရပ်တည်ဆက်ဆံနေထိုင်လျက်ရှိသည်။
အနီးစပ်ဆုံးအနေဖြင့် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှုများ အမြောက်အမြားဖြစ်နေချိန်တွင် ပြန်လည်ထူထောင်ရေးအတွက် အထောက်အကူဖြစ်စေရန် တရုတ်ယွမ် (၁ ဒသမ ၁)ဘီလီယံတန်ဖိုးရှိ အရေးပေါ်ပစ္စည်းများနှင့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများကို ပေးအပ်ခဲ့သည်။ အခက်ခဲဆုံးအချိန်တွင် ရရှိခဲ့သည့် ပထမဦးဆုံးပြည်ပအကူအညီဖြစ်သည့် တရုတ်နိုင်ငံ၏ အချိန်မီပံ့ပိုးကူညီမှုများသည် မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများအတွက် ခွန်အားများဖြစ်စေခဲ့သည်။ တရုတ်နိုင်ငံသည် ဒေသတွင်းပြဿနာများ၊ နိုင်ငံတကာမျက်နှာစာများ၌ မြန်မာနိုင်ငံအရေးအတွက် ရှေ့တန်းမှ မားမားမတ်မတ် ရပ်တည်ပေးခဲ့သောနိုင်ငံဖြစ်သည်။
နှစ်နိုင်ငံပြည်သူများအကြား အေးအတူပူအမျှ အသိုက်အဝန်းမှ အတူမျှဝေခံစားသည့် စိတ်ဓာတ်နှင့် ခိုင်မာမြဲမြံသည့် ချစ်ကြည်ရင်းနှီးမှုကို အထူးထင်ဟပ်စေ သည်မှာ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က မန္တလေးငလျင်ကြီး လှုပ်ခတ်မှုအပြီး ချက်ချင်းဆိုသလိုပင် ၂၄ နာရီအတွင်း၌ တရုတ်နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို စေလွှတ်ကူညီပေးခဲ့ခြင်းဖြစ်သည်။ အရေးအကြီးဆုံးအချိန်(Golden Hour) ၌ ရှာဖွေကယ်ဆယ်ပေးခဲ့ကြသည့် တရုတ်နိုင်ငံအစိုးရနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များကို မြန်မာပြည်သူများနှင့် နိုင်ငံတော်အစိုးရက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ခဲ့ကြပြီး လေးစားဂုဏ်ပြု အသိအမှတ်ပြုလျက်ရှိသည်။
ပြီးခဲ့သည့် ၂၀၂၀-၂၀၂၁-၂၀၂၂ ခုနှစ် ကာလများအတွင်း၌လည်း ကမ္ဘာတစ်ဝန်းလုံး၌ ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ကိုဗစ်-၁၉ ကပ်ရောဂါကို မြန်မာနိုင်ငံအနေဖြင့် ဆိုးဆိုးရွားရွား ခံစားခဲ့ကြရသည်။ အဆိုပါအရေးပေါ်အချိန်၊ အရေးကြီးအချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ၊ ရောဂါကုသရေးပစ္စည်းများ၊ အထူးသဖြင့်အောက်ဆီဂျင်နှင့် ဆေးဝါးထုတ်လုပ် ရေးဆိုင်ရာပစ္စည်းများကို အမြောက်အမြားကူညီပေးခဲ့ခြင်းကြောင့် မြန်မာနိုင်ငံနှင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး၊ ကုသရေး၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် များစွာအထောက်အကူပေးခဲ့သဖြင့် မြန်မာနိုင်ငံက ကျေးဇူးတင်အသိအမှတ် ပြုထားသည်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာ့အရေးကိစ္စရပ်များတွင် နိုင်ငံတကာမျက်နှာစာ၌ အစဉ်အဆက် ရပ်တည်ပေးလျက်ရှိသည့်နည်းတူ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင်လည်း မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို အားပေးထောက်ခံပံ့ပိုးကူညီပေးလျက်ရှိသဖြင့် မြန်မာနိုင်ငံအနေဖြင့် ကျေးဇူးတင်လျက်ရှိသည်။ ထိုသို့တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မြန်မာနိုင်ငံအပေါ် မိတ်ကောင်းဆွေကောင်းပီသစွာဖြင့် ကူညီမှုများ၊ ဖေးမမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများသည် တရုတ်-မြန်မာနှစ်နိုင်ငံအကြားတွင်ရှိသော နက်ရှိုင်းသည့် ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်နားလည်မှုတို့ကို ပိုမိုခိုင်မြဲစွာဖြင့် ထင်ဟပ်ပေါ်လွင်လျက်ရှိသည်။
ကာလရှည်ကြာဆက်ဆံလျက်ရှိသည့် နှစ်နိုင်ငံသမိုင်းကြောင်းတစ်လျှောက်တွင် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် စဉ်ဆက်မပြတ်အပြုသဘောဆောင်သည့် ထိတွေ့ဆောင်ရွက်မှုများ၊ စိတ်ကောင်းစေတနာဖြင့် အားပေးထောက်ခံမှုများအတွက် များစွာကျေးဇူးတင်ရှိနေမည်ဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် မိတ်ကောင်းဆွေကောင်း အိမ်နီးချင်းနိုင်ငံကောင်းများဖြစ်သည်နှင့်အညီ မွန်မြတ်သည့် ပံ့ပိုးကူညီမှုများ၊ နှစ်နိုင်ငံပြည်သူများအကြား စစ်မှန်သည့် ချစ်ကြည်ရင်းနှီးမှုများနှင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပေးမှု၊ နွေးထွေးသည့်အကူအညီပေးမှုများသည် နှစ်နိုင်ငံဆက်ဆံရေး၊ ချစ်ကြည်ရေးသမိုင်းကြောင်းတွင် ကမ္ပည်းမော်ကွန်းတင် အစဉ်ထာဝရ အမှတ်တရ ကျန်ရစ်နေမည်ဖြစ်ပါကြောင်း။ ။
Newspaper - 3191 items

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ ဇွန် ၁၀ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၉ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၈ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ဇွန် ၇ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 06, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ ဇွန် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၉ ရက်၊ ဇွန် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
