အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာလှုပ်ရှား
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာလှုပ်ရှား
Ministry of Information/ Naypyitaw / December 02, 2025
၂၀၂၅ ခုနှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုများကို မြန်မာနိုင်ငံတွင် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက် နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိသည်။ ယခုနှစ်အတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုဆောင်ပုဒ်မှာ “အမျိုးသမီးများအပေါ် ဒစ်ဂျစ်တယ်အကြမ်းဖက်မှုပပျောက်ရေး အားလုံးပူးပေါင်းဆောင်ရွက်ပေး” ဖြစ်သည်။ ယင်းသည် ဒစ်ဂျစ်တယ်ခေတ်တွင် အမျိုးသမီးများအတွက် အရေးကြီးသည့် သတိပေးနှိုးဆော်ချက်ဖြစ်သည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုသည်မှာ အများပြည်သူနေရာများတွင်ဖြစ်စေ၊ ပုဂ္ဂလိကသီးသန့်နေရာများတွင်ဖြစ်စေ အမျိုးသမီးများအပေါ် အနိုင်အထက်ပြုခြင်း သို့မဟုတ် လွတ်လပ်ခွင့်အားငြင်းဆန်ပြီး တစ်ဖက်သတ်ပြုမူခြင်းစသည့် ခြိမ်းခြောက်မှုများအပါအဝင် ကိုယ်ထိလက်ရောက်ဖြစ်စေ၊ လိင်ပိုင်းဆိုင်ရာဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာဖြစ်စေ ထိခိုက်နစ်နာစေမည့် သို့မဟုတ် ထိုသို့ထိခိုက်နစ်နာဖွယ်ရှိသည့် ကျား/မရေးရာကိုအခြေခံသော အကြမ်းဖက်မှုအပြုအမူတစ်ရပ်ကိုဆိုလိုကြောင်း ၁၉၉၃ ခုနှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ၏ ကြေညာစာတမ်း (DEVAW) ၏ အပိုဒ်(၁)တွင် ဖော်ပြထားသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများသည် အကြမ်းဖက်ခံရသော အမျိုးသမီးတစ်ဦးချင်းအပေါ်တွင်သာမက ၎င်းတို့၏မိသားစုများ၊ လူမှုအသိုင်းအဝိုင်းများနှင့် လူ့အဖွဲ့အစည်းအတွက်ပါ ထိခိုက်မှု၊ နစ်နာဆုံးရှုံးမှုများကို ဖြစ်ပေါ်စေသည်။ အမျိုးသမီးများဆိုရာ၌ သက်ငယ်ကလေးအရွယ်နှင့် အပျိုဖော်ဝင်အရွယ်များအတွက်ဆိုပါမူ ပန်းကောင်းအညွန့်ကျိုး၍ လူဖြစ်ရှုံးရသည့်အဖြစ်ဆိုးမျိုးပင်ဖြစ်စေနိုင်သည်။ ကုလသမဂ္ဂအဖွဲ့ကြီးက အမျိုးသမီးသုံးဦးတွင် တစ်ဦးသည် ၎င်းတို့၏ဘဝတစ်လျှောက်တွင် အနည်းဆုံးတစ်ကြိမ် အကြမ်းဖက်မှုနှင့် ကြုံတွေ့ရသည်ဟုဖော်ပြထားရာ ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများအတွက် အန္တရာယ်မကျရောက်စေရေးကို အလေးထားဆောင်ရွက်သွားရမည်ဖြစ်သည်။
အမျိုးသမီးများနှင့်ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများ၊ ပဋိပက္ခများ၊ မိသားစုပြဿနာအခက်အခဲများနှင့် ရာသီဥတုဆိုင်ရာ ပြောင်းလဲမှုများသည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် ထိခိုက်နစ်နာမှုကိုဖြစ်စေသလို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများလည်း ပိုမိုမြင့်တက်စေပါသည်။ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂက ချမှတ်ထားသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်ပန်းတိုင်များ၊ ကမ္ဘာ့အမျိုးသမီးညီလာခံနှင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များ၊ လုပ်ငန်းအစီအစဉ်များကို နိုင်ငံတော်၏မူဝါဒနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာတွင် ကျား/မ မခွဲခြားဘဲ အားလုံးပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။
မျက်မှောက်ကာလတွင် ဒစ်ဂျစ်တယ်နည်းပညာများ တစ်နေ့တခြား တိုးတက်ထွန်းကားလာသည်နှင့်အမျှ ဒစ်ဂျစ်တယ်အကြမ်းဖက်မှုများလည်း ကမ္ဘာပေါ်ရှိ မည်သည့်နေရာဒေသတွင်မဆို လွယ်ကူလျင်မြန်စွာ ဖြစ်ပေါ်လာနိုင်သည့်အတွက် ယခုနှစ်တွင် “အမျိုးသမီးများအပေါ် ဒစ်ဂျစ်တယ်အကြမ်းဖက်မှုပပျောက်ရေး” ဆောင်ပုဒ်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ခြင်း၊ တားဆီးခြင်း၊ တုံ့ပြန်မှုပေးခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်းစဉ်များကို သက်ဆိုင်ရာအစိုးရဌာနနှင့် အဖွဲ့အစည်းများပူးပေါင်းကာ ဆောင်ရွက်ပေးလျက်ရှိသည်။
အမျိုးသမီးများနှင့်ပတ်သက်၍ အကြမ်းဖက်ခံရသူများက အကူအညီတောင်းခံသည့် ဖုန်းနံပါတ် ၁၅၆၆ ကို တိုင်ကြားလာပါက ဥပဒေအရ စိစစ်အရေးယူဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်အပေါ်မူတည်၍ လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်ကိုအသုံးပြုကာ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲသူ (Case Manager) ၅၉၆ ဦးနှင့် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ အကြမ်းဖက်ခံရသူ အမျိုးသမီးများအား တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့်စင်တာနှင့် ကျား/မအခြေပြု အကြမ်းဖက်ခံရသူများကို တစ်နေရာတည်းတွင် ပြီးပြည့်စုံသော ပြုစုစောင့်ရှောက်ပေးနိုင်သည့်စင်တာတို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့တွင် ဖွင့်လှစ်ပေးပြီး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ လူကုန်ကူးမှုတွင် အရေးကြီးသည့်ပါဝင်ပတ်သက်မှုဖြစ်သော အငှားဇနီးမယားအဖြစ် ရောင်းစားခံရမှုများမှာ ယခုအခါ တွင်ကျယ်လာသည်ကို တွေ့မြင်နေရသည်။ ထို့ကြောင့် အမျိုးသမီးများအနေဖြင့် ဒစ်ဂျစ်တယ်နည်းပညာကိုအသုံးပြု၍ လိမ်လည်လှည့်ဖြားရောင်းစားခြင်းမခံရအောင် အသိပညာပေးမှုများနှင့်အညီ သတိပြုလုပ်ကိုင်နိုင်ရေးနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် မိသားစု၊ လူမှုအသိုင်းအဝိုင်းတို့ကလည်း အဆိုပါအမှုများ အပါအဝင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ပပျောက်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
Newspaper - 3367 items
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 30, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက် ၊ နိုဝင်ဘာ ၂၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 29, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက် ၊ နိုဝင်ဘာ ၂၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 28, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် ၊ နိုဝင်ဘာ ၂၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 27, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 26, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 25, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 24, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 23, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
