အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေး


Ministry of Information/ Naypyitaw / June 04, 2026
image_latest


နေပြည်တော် ဇွန် ၄

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်ရာတွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် အထူးလိုအပ်သည်ဟု ယုံကြည်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများပြုလုပ်နိုင်ရန် ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်တွင် ကမ်းလှမ်းဖိတ်ခေါ်ထားရှိသည်။

ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့အနေဖြင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် ပူးပေါင်းပါဝင်ဆွေးနွေးလိုသည့်အတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ(၁) စဝ်စိုင်းကမ်၊ ဗဟိုကော်မတီဝင် စဝ်ဆေကောင်းဆိုင်၊ တွဲဖက်အတွင်းရေးမှူး စဝ်ဆေဝမ်းမှ၊ အလှည့်ကျဗဟိုကော်မတီဝင် စဝ်စိုင်းလင်းအောင်၊ ဗဟိုအကြံပေး စဝ်ဆေအိုက်စိုင်းဟန်တို့ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့သည် ဒေသတည်ငြိမ်ရေးကိစ္စရပ်များကို တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်နေပြီး ဒေသနေပြည်သူလူထုများ၏လုံခြုံရေးကို ဆောင်ရွက်နေသည်ဟု သိရကြောင်း၊ ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့အနေဖြင့် နိုင်ငံရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်လုပ်ဆောင်မည်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို နှစ်ဖက်ညှိနှိုင်းပြီးလိုအပ်သည်များကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်လာသည့် ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ(၁) စဝ်စိုင်းကမ်က အစိုးရသစ်ကာလ ရက် ၁၀၀ စီမံကိန်းတွင် ပါဝင်ဆွေးနွေးခွင့်ရသည့်အတွက် ဝမ်းသာပါကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဆက်လက်ပြီး နယ်မြေဖွံ့ဖြိုးရေးအတွက်လည်း တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများက ဒေသတည်ငြိမ်အေးချမ်းရေးနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်မည့်အခြေအနေ၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ရှမ်းနီ (တိုင်းလျန်၊ တိုင်းလိုင်) တိုင်းရင်းသားများနေထိုင်မှုနှင့် ဥပဒေနှင့်အညီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရရှိလိုမှု၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ရာ၌ ကြုံတွေ့ရသော လိုအပ်ချက်များ၊ နိုင်ငံတော်အစိုးရနှင့် အတူလက်တွဲပြီး ပြည်ထောင်စုအဝန်းအဝိုင်းအတွင်း အေးအတူပူအမျှနေထိုင်ရေး၊ တိုက်ပွဲရှောင်ပြည်သူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနိုင်ရေးနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအခြေအနေများအား အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ပြီး ရှမ်းနီ(တိုင်းလျန်၊ တိုင်းလိုင်) လူမျိုးများ၏ သမိုင်းကြောင်းအရ ပျံ့နှံ့နေထိုင်မှု၊ မှတ်ပုံတင်အရ လူမျိုးအမည်အသုံးအနှုန်း၊ ဒေသအသိအမှတ်ပြုလိုမှုတို့နှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွှတ်တော်သို့ တင်ပြဆောင်ရွက်နိုင်မည့်အခြေအနေများကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက အသေးစိတ်ရှင်းလင်းဆွေးနွေးသည်။ ပြီးနောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က ဆွေးနွေးချက်များမှ ရှေ့ဆက်လက်ဆောင်ရွက်သွားနိုင်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် ရှမ်းနီအမျိုးသားများညီညွတ်ရေးအဖွဲ့ ကိုယ်စားလှယ်ခေါင်းဆောင် ဒုတိယဥက္ကဋ္ဌ(၁) စဝ်ဆေစိုင်းကမ်မှ ကျေးဇူးတင်စကားပြောကြားပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်၍ ဆွေးနွေးပွဲအား ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။

Newspaper - 3547 items

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download