အမြန်ရထားကို ခဲဖြင့်ပေါက်ကြသူများ
အမြန်ရထားကို ခဲဖြင့်ပေါက်ကြသူများ
Ministry of Information/ Naypyitaw / November 02, 2025
ရန်ကုန်-နေပြည်တော်လမ်းပိုင်းတွင် ခုတ်မောင်းနေသည့် ခေတ်မီ DEMU အမြန်ရထားသစ်အား ခဲဖြင့်ပစ်ပေါက်မှုကို ဖမ်းဆီးရမိပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေး အမှုဖွင့်ဆောင်ရွက်မှု အောက်တို ဘာ ၂၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖြစ်ပွားခဲ့သည်။ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ပြီးဖြစ်သည့် ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ၊ အခန်း ၁၈၊ ပုဒ်မ ၇၉ (ခ)အရ ရထားကို တစ်စုံတစ်ရာဖြင့် ပစ်ပေါက်ခြင်း (သို့မဟုတ်) တစ်စုံတစ်ရာပြုလုပ်ခြင်းအတွက် ပြစ်ဒဏ်အနေဖြင့် ပုဒ်မ (၈၄) အရ ထိုသူကိုအနည်းဆုံး ၅ နှစ်မှ နှစ် ၂၀ အထိမပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်ကိုလည်း ချမှတ်နိုင်ကြောင်းနှင့် ဥပဒေနှင့်အညီ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
မီးရထားဖြင့် ခရီးသွားခြင်းသည် စိတ်ဝင်စားဖွယ်၊ ပျော်ရွှင်ဖွယ်အတွေ့အကြုံများကို ရလေ့ရှိပြီး ခရီးသွားပြည်သူများကလည်း နှစ်ခြိုက်ကြသည်။ ထို့အပြင် ကျေးရွာများ၊ လယ်ကွင်းယာကွင်းများကို ခရီးသည်များ လိုက်ပါစီးနင်းလာသည့် ရထားကြီးဖြတ်သန်း ခုတ်မောင်းသွားသည်ကို မြင်တွေ့ရခြင်းကလည်း ပျော်ရွှင်မှုကိုဖြစ်စေသည်။ သို့ဖြင့် လယ်ထွန်၊ ကောက်စိုက်နေသူများနှင့် ရထားစီးခရီးသည်များ အပြန်အလှန်လက်ဝှေ့ယမ်းနှုတ်ဆက်ကြသည့် မြင်ကွင်းမျိုးကို ယခင်က မြင်တွေ့ကြရမြဲဖြစ်ပြီး ဓလေ့တစ်ခုကဲ့သို့ ပင် ဖြစ်ခဲ့သည်။
သို့ရာတွင် လူအချို့၏ စိတ်အခြေအနေမှာမူ ပုံမှန်မဟုတ်သည့် အခြေအနေမျိုးရှိနေတတ်သည်။ ခေတ်မီသစ်လွင်တောက်ပသော ရထားတွဲများ၊ ညဆိုလျှင်လည်း တွဲတိုင်း၌ မီးရောင်များ ထိန်ထိန် ညီးလျက်၊ ပျော်ရွှင်စွာလိုက်ပါစီးနင်းလာသည့် ခရီးသည်များ၊ ဥဩသံပေး၍ အရှိန်မြန်မြန်ခုတ်မောင်းသွားသည့် ရထားကြီးစသည်တို့ကို မြင်တွေ့ရသည်မှာ အလိုလိုနေရင်း မျက်မုန်းကျိုးစရာ၊ ဝန်တိုစရာ၊ ဒေါသထွက်စရာ ဖြစ်နေတတ်သည့် လူအချို့ ရထား လမ်းဘေးတွင် ရှိနေတတ်သည်။ အထူးသဖြင့် ရထားစက်ခေါင်း အသစ်၊ တွဲဆိုင်းအသစ်များ ခုတ်မောင်းပြေးဆွဲသည့် အခါများတွင် ၎င်းအမှုမျိုးကျူးလွန်သူများ ထွက်ပေါ်လာလေ့ရှိပြီး အချို့အမှုများတွင် ရထားစီးခရီးသည်အချို့ ထိခိုက်ဒဏ်ရာ ရရှိမှုများပင်ရှိခဲ့သည်။ သို့ရာတွင် လမ်းဘေးမှ လူကခဲဖြင့်ပစ်ပေါက်ခြင်းကြောင့် အမြန် ရထားသည် ရပ်တန့်သွားခြင်းမရှိခဲ့။
ခေတ်မီအမြန်ရထားကြီး ခုတ်မောင်းသကဲ့သို့ပင် မိမိတို့နိုင်ငံ၏ ခေတ်သမိုင်းမှာ ရှေ့သို့အရှိန်အဟုန်ဖြင့် သွားလျက်ရှိရာ မကြာမီပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပ၍ နိုင်ငံ့သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်တော့မည်ဖြစ်သည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ရန် မဖြစ်မနေဖြတ်သန်းကြရမည့် ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး၊ ပြည်သူများအား အသိပညာပေးရေး၊ နှိုးဆော်ရေးတို့အတွက် တစ်တပ်တစ်အား ဝိုင်းကြကူကြ၊ ဆောင်ရွက်ကြရာတွင် ပြည်တွင်းရှိ အနုပညာရှင်များလည်းပါဝင်သည်။ ၎င်းအနုပညာရှင်များမှာ နိုင်ငံရေးပါတီတစ်ခု၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက် မဟုတ်ဘဲ နိုင်ငံ့အရေး၊ ဒီမိုကရေစီအရေးအတွက် ဆောင်ရွက်ကြခြင်းဖြစ်သည်။
ဒီမိုကရေစီသည် ပါတီတစ်ခု၏ မူပိုင်ပစ္စည်းတစ်ခု မဟုတ်သလို အပိုင်စီးထားအပ်သည့် အရာလည်းမဟုတ်။ မိမိတို့ပါတီသာလျှင် ဒီမိုကရေစီအစစ်ဖြစ်ပြီး ကျန်ပါတီများမှာ ဒီမိုကရေစီအတုဟူ၍လည်း ဆို၍မရနိုင်။ ပါတီတစ်ခုခု၏ ပါတီဝင်မဟုတ်သည့် ပြည်သူများ အနေဖြင့်မူ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲစသည်ဖြင့် အစွဲများကင်းစွာနိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးဆောင်မည့် လူတော်လူကောင်း၊ လူကောင်းလူတော်များကို ဉာဏ်မျက်စိဖြင့်ကြည့်၍ ရွေးချယ်သွား ကြရမည်သာဖြစ်သည်။
တောက်ပသစ်လွင်နေသည့် ခေတ်မီအမြန်ရထားကြီးနှင့် ရထားပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်များကို လမ်းဘေးရှိ စိတ်အခြေအနေမူမမှန်သူက ခဲဖြင့်ပေါက်သကဲ့သို့ပင် ရွေးကောက်ပွဲကြီး အောင်မြင်မည်ကို ကိုယ်တိုင်လည်းမလိုလား၊ ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် နိုင်ငံသားကောင်းတာဝန် ကျေပွန်စွာဆောင်ရွက်သူများအပေါ် တစ်နည်းနည်းဖြင့် အနှောင့်အယှက်အဟန့်အတားပြုသူများမှာလည်း ဆိုင်ရာဥပဒေများဖြင့် အရေးယူ ခံကြရမှာဖြစ်သည်။
DEMU အမြန်ရထားကြီးများကို ခရီးသွားပြည်သူများ၏ ကျေနပ်နှစ်သက်မှု၊ ရထားပေါ်ဝန်ဆောင်မှုများအပေါ် သဘောကျမှုများကို လူမှုကွန်ရက်များတွင် တွေ့နေရသည်။ ထို့အပြင် မိမိတို့ နိုင်ငံတွင် တည်ဆောက်သည့် လျှပ်စစ်ရထားစက်ခေါင်း စမ်းသပ်ခုတ်မောင်းမှု အောင်မြင်သည့် သတင်း၊ ရထားလက်မှတ်ဝယ်ယူသည့် စနစ်ယခင်ထက် လွယ်ကူရေး တစ်ဆင့်တိုးတက်ဆောင်ရွက်ပေးလာ သည့် သတင်းများကိုလည်း တွေ့ရသည်။
ယင်းအရာများအားလုံးသည် အကောင်းဆုံး၊ အမြင့်ဆုံးမဟုတ်သေး။ သို့ရာတွင် တိုးတက်မှုအဆင့်တစ်ဆင့်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး အကောင်းဆုံး၊ အမြင့်ဆုံးသို့ ရောက်ရှိရန်မှာ မိမိတို့အားလုံး ရှေ့သို့ ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။
Newspaper - 3336 items
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 24, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
