အမှန်တကယ် တိုးတက်လိုက အမှန်တကယ် အလုပ်လုပ်ဖို့လို
အမှန်တကယ် တိုးတက်လိုက အမှန်တကယ် အလုပ်လုပ်ဖို့လို
Ministry of Information/ Naypyitaw / May 09, 2026
နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုကဏ္ဍကိုမြှင့်တင်ကာ ထုတ်ကုန်ပစ္စည်းများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရန်လိုအပ်သည်။ ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာခြင်းအားဖြင့် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သကဲ့သို့ ပြည်ပပို့ကုန်ကိုလည်း တိုးမြှင့်ရရှိစေနိုင်သည်။ ပြည်ပပို့ကုန်တင်ပို့မှု တိုးတက်မြင့်မားလာသည်နှင့်အမျှ ပြည်ပဝင်ငွေ ပိုမိုရရှိလာစေမည်ဖြစ်ပြီး နိုင်ငံ့စီးပွားကိုလည်း ဖွံ့ဖြိုးလာစေမည်ဖြစ်သည်။
မိမိတို့နိုင်ငံ၏ စီးပွားရေးတွင် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များ၏ ကဏ္ဍမှာ အထူးအရေးပါသည်။ MSME လုပ်ငန်းများတွင် လိုအပ်သောကုန်ကြမ်းများကို ပြည်ပမှ ဝယ်ယူလုပ်ကိုင်ခြင်းထက် ဒေသတွင်းမှရရှိသောကုန်ကြမ်းများကို အသုံးပြုဆောင်ရွက်သည့် လုပ်ငန်းများက ပိုမိုတိုးတက်လျက်ရှိသည်ဟု သိရသည်။ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေး အဓိကလုပ်ကိုင်သည့် နိုင်ငံဖြစ်ရာ အဓိက စားသုံးသီးနှံဖြစ်သည့် ဆန်စပါးအပြင် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံ၊ မီးဖိုချောင်သုံးသီးနှံ၊ ဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံစသည်တို့ကို အမျိုးအမည်အများအပြား စုံလင်စွာစိုက်ပျိုးထုတ်လုပ်နိုင်သည်။ စိုက်ပျိုးမှုမှ ထွက်ရှိလာသည့် သီးနှံထုတ်ကုန်အမယ်စုံ အများစုတို့ကို နောက်ထပ်တန်ဖိုးမြှင့်ကုန်ချောများအဖြစ် ထုတ်လုပ်နိုင်မှုမှာနည်းပါးသည်။ သို့ဖြစ်ရာ မိမိနိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်နိုင်သည့် ကုန်ကြမ်းများဖြင့် ထုတ်လုပ်ထားသည့် ပစ္စည်းအများအပြားတို့ကို ပြည်ပနိုင်ငံတို့မှတင်သွင်း၍ စားသောက်သုံးစွဲနေကြရသည်။
ကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင်ရာတွင် ကုန်ကြမ်း၊ ငွေကြေးအရင်းအနှီး၊ သွင်းအားစုများ၊ လူသားအရင်းအမြစ်များ လိုအပ်ပြီး လုပ်ငန်းထူထောင်မှု လွယ်ကူလျင်မြန်ရန်နှင့် မလိုအပ်သော ကနဦးကုန်ကျစရိတ်များ မရှိရန်လည်းလိုသည်။ ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍကို အားပေးမြှင့်တင်ရန်လိုအပ်သလို တစ်ဖက်တွင်လည်း တရားမဝင်ကုန်သွယ်မှုပပျောက်ရေးကို ဖိဖိစီးစီး ထိထိရောက်ရောက် ဆောင်ရွက်ရမည်လည်းဖြစ်သည်။ လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း တရားမဝင်ကုန်သွယ်မှုလမ်းကြောင်းမှ ဝင်ရောက်လာသော အရည်အသွေးနိမ့်ပြီး ဈေးပေါသည့်ကုန်စည်များ ပြည်တွင်းစျေးကွက်သို့ရောက်ရှိလာခြင်းက ပြည်တွင်းရှိ ကုန်ထုတ်လုပ်ငန်းငယ်အများအပြားကို စီးပွားပျက်စေကာ လုပ်ငန်းများရပ်ဆိုင်းသွားစေခဲ့ရာ ပြည်တွင်းလုပ်ငန်းများကို အကာအကွယ်ပေးရန်လိုသည်။
“ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုတိုးတက်အောင်ဆောင်ရွက်ရာတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများသည် များစွာအရေးပါကြောင်း၊ အလားတူ သမဝါယမစနစ်ဖြင့် ကုန်ထုတ်လုပ်မှုများကိုလည်း တိုးတက်အောင်ဆောင်ရွက်သွားရန်လိုကြောင်း၊ MSME လုပ်ငန်းများကို သမဝါယမစနစ်ဖြင့်ဆောင်ရွက်၍ ရသကဲ့သို့ တစ်ဦးချင်းအနေဖြင့်လည်း ဆောင်ရွက်နိုင်ကြောင်း” နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ သို့ဖြစ်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတို့တွင်ရှိနေကြသော အမျိုးအစားတူ လုပ်ငန်းငယ်ကလေးများ သမဝါယမစနစ်ဖြင့် စိတ်တူကိုယ်တူ ပူးပေါင်းကြကာ ပိုမိုကြီးမားသည့် စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ကြခြင်းက ဈေးကွက်တွင် အောင်မြင်မှုကို ပိုမိုရရှိနိုင်မည်ဖြစ်သည်။
မိမိတို့နိုင်ငံတွင် ဝါး၊ ဝါ၊ ကော်ဖီ၊ ရော်ဘာစသည့် ကုန်ကြမ်းများ အများအပြားရရှိနိုင်ပြီး ၎င်းကုန်ကြမ်းများနှင့်ဆက်စပ်၍ ကုန်ထုတ်လုပ်ငန်းများ အများအပြားလုပ်ကိုင်နိုင်သည်။ ပြည်တွင်း၌ ဝါစိုက်ဧက အများအပြားရှိနေရာ ဝါကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်ရန်၊ ရှိပြီးဖြစ်သော ဝါအခြေခံစက်မှုကုန်ထုတ်လုပ်ငန်းများ အဆင့်မြှင့်တင်ရေးဆောင်ရွက်ရန်နှင့် ဈေးကွက်တွင် တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မလာရန် ဆောင်ရွက်ကြရမည်ဖြစ်သည်။ အလားတူ သယံဇာတအများအပြားရှိပြီးဖြစ်သည့် ဝါး၊ ရော်ဘာတို့ကို အခြေခံသည့်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် အောင်မြင်အောင်ဆောင်ရွက်ရေး၊ သရက်၊ ဒူးရင်း၊ ကြက်မောက်၊ ငရုတ်ကောင်း၊ ကျွဲကောတို့အပါအဝင် ဥယျာဉ်ခြံမြေထွက် သီးနှံများကို အဆင့်မြင့်ကုန်ထုတ်သီးနှံများအဖြစ် ထုတ်လုပ်နိုင်ရန် ကြိုးစားဆောင်ရွက်ရေးတို့ကို ဒေသအလိုက် ကြိုးပမ်းကြရန်လိုသည်။
တိုင်းဒေသကြီးများနှင့် ပြည်နယ်များအလိုက် ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကုန်ထုတ်လုပ်မှုကဏ္ဍကို မြင့်မားအောင်မြှင့်တင်ရာတွင် အရေးကြီးသည့်အချက်မှာ အလုပ်လုပ်ကြရန်ပင်ဖြစ်သည်။ တကယ်ဖြစ်ချင် တကယ်လုပ်အဟုတ်ဖြစ်ရမည် ဆိုသည့်အတိုင်း စကားနောက်တရားပါ အမှန်တကယ်အားထုတ် လုပ်ကိုင်ကြခြင်းဖြင့် အောင်မြင်နိုင်ပါမည့်အကြောင်း။
Newspaper - 3520 items
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
