အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်၏ (၂၂) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးနှင့် ဆက်စပ်ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခြင်း
အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်၏ (၂၂) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးနှင့် ဆက်စပ်ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခြင်း
Myanmar National Human Rights Commission/ Yangon / November 22, 2025
အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်သည် အင်ဒိုနီးရှား နိုင်ငံ၊ ဂျကာတာမြို့တွင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပသော အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်၏ (၂၂) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးနှင့် ဆက်စပ်ဆွေးနွေးပွဲသို့ ပါဝင် တက်ရောက်ခဲ့ပါသည်။ ကော်မရှင် ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်နှင့် ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးဇေယျာလင်း လိုက်ပါခဲ့ပါသည်။
ဖိုရမ်၏ ဆက်စပ်ဆွေးနွေးပွဲကို နိုဝင်ဘာလ ၁၈ ရက်နေ့တွင် “ဒစ်ဂျစ်တယ် နယ်ပယ်နှင့် စပ်လျဉ်းသည့် လူ့အခွင့်အရေးဆိုင်ရာ ဒေသတွင်း ညီလာခံ” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ဆွေးနွေးပွဲသို့ ဖိုရမ်အဖွဲ့ဝင် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ ကော်မရှင် အဖွဲ့ဝင်များ၊ ရုံးဝန်ထမ်းများ စုစုပေါင်း (၅၀) ဦးခန့် ပါဝင် တက်ရောက်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲ အကြောင်းအရာနှင့်စပ်လျဉ်း၍ ကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က “ဉာဏ်ရည်တုနှင့် အချက်အလက် များ ကာကွယ်ရေး အပါအဝင် နည်းပညာကုမ္ပဏီများ၏ ဆောင်ရွက်ချက်များတွင် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ လမ်းညွှန်အခြေခံမူများကို လက်တွေ့အသုံးချခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။
ဖိုရမ်၏ နှစ်ပတ်လည် အစည်းအဝေးကို နိုဝင်ဘာလ ၁၉-၂၀ ရက်နေ့တို့တွင် ကျင်းပရာ ဖိုရမ်အဖွဲ့ဝင်များဖြစ်ကြသည့် အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် တီမောလက်စ်တေ နိုင်ငံ လူ့အခွင့်အရေး ကော်မရှင်များမှ ကိုယ်စားလှယ်များ စုစုပေါင်း (၃၀) ဦး ပါဝင်တက်ရောက်ခဲ့ ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် ၏ ၂၀၂၅ ခုနှစ်အတွက် အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် အင်ဒိုနီးရှားနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ဥက္ကဋ္ဌဖြစ်သူ Ms. Anis Hidayah က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်၏ (၂၂) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် ဖိုရမ်၏ (၂၁) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး နောက်ပိုင်း ကာလအတွင်း ဖိုရမ်အဖွဲ့ဝင် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်များ၏ ဆောင်ရွက်ချက်များနှင့် တိုးတက်ဖြစ်ထွန်းမှုများ၊ အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်၏ မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၆) ပါ ဦးစားပေး ကိစ္စရပ် (၅) ရပ် အကောင်အထည်ဖော်ခြင်းနှင့် စပ်လျဉ်း၍ ဦးစားပေးကိစ္စရပ် တစ်ခုစီအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရန် အဓိက တာဝန်ယူထားသော ဖိုရမ်အဖွဲ့ဝင် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ အကောင်အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ ဖိုရမ်၏ Rule of Procedures (RoP) ပြင်ဆင်ရေးနှင့် စပ်လျဉ်း သည့်ကိစ္စရပ်များ၊ ဖိုရမ်၏ ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် မီဒီယာဆက်သွယ်ရေး လမ်းညွှန် ချက်များနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။
ဖိုရမ်၏ နှစ်ပတ်လည်အစည်းအဝေးတွင် ကော်မရှင် အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က ဖိုရမ်၏ (၂၁) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး နောက်ပိုင်းကာလအတွင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် တိုးတက်ဖြစ်ထွန်းမှုများကို ဆွေးနွေးခဲ့ ပါသည်။ ထို့နောက် ဖိုရမ်၏ မဟာဗျူဟာ စီမံကိန်း (၂၀၂၂-၂၀၂၆) ပါ ဦးစားပေးကိစ္စရပ် အမှတ် (၂) ဖြစ်သည့် “စီးပွားရေးလုပ်ငန်းများတွင် လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်ရေး” ကိစ္စရပ်နှင့် စပ်လျဉ်း၍ ကော်မရှင်၏ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးဇေယျာလင်းက ဆွေးနွေးခဲ့ပါသည်။
ဖိုရမ်၏ (၂၂) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးအပြီးတွင် ၂၀၂၆ ခုနှစ်အတွက် ဖိုရမ်၏ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို အင်ဒိုနီးရှားနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က မလေးရှား နိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ပြန်လည်ရောက်ရှိခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
Newspaper - 3357 items
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 20, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 19, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 18, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 16, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 15, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 14, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 13, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
