အသေးစား ငွေရေးကြေးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
အသေးစား ငွေရေးကြေးရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Ministry of Information/ Naypyitaw / March 20, 2025
နေပြည်တော် မတ် ၁၉
အသေးစားငွေရေးကြေးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၃၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ အသေးစား ငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးလုပ်ငန်းများအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး အဖွဲ့မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အသေးစားငွေရေးကြေးရေးလုပ်ငန်းများအသင်း၊ မြန်မာနိုင်ငံအာမခံအသင်း၊ Myanmar Credit Bureau နှင့် Micro-finance Credit Information Exchange (MCIX) တို့မှ တာဝန်ရှိသူများ၊ အသေးစား ငွေရေးကြေးရေးကုမ္ပဏီများ၊ ပုဂ္ဂလိက ဘဏ်များနှင့် ပုဂ္ဂလိကအာမခံကုမ္ပဏီများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂၀၁၄ ခုနှစ်မှစ၍ အသေးစားငွေရေးကြေးရေးလုပ်ငန်းကဏ္ဍတွင် ပြည်ပမှရင်းနှီးမြှုပ်နှံ သူများ လာရောက်ရင်းနှီးမြှုပ်နှံခြင်း၊ ပြည်တွင်းလုပ်ငန်းရှင်များ ပိုမိုပါဝင်လာခြင်းတို့ကြောင့် အသေးစား ငွေရေးကြေးရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ကြောင်း၊ သို့ရာတွင် ၂၀၂၀ ပြည့်နှစ်နှောင်းပိုင်းမှစ၍ ကိုဗစ်-၁၉ ကမ္ဘာ့ရောဂါဖြစ်ပွားမှု နောက်ပိုင်းကာလများတွင် အသေးစားငွေရေးကြေးရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုများ သိသာစွာကျဆင်းသွားသည်ကို အသေးစား ငွေရေးကြေးရေးလုပ်ငန်းကုမ္ပဏီများက တင်ပြသည့်စာရင်းဇယားများအရ စိစစ် တွေ့ရှိရကြောင်း။
၂၀၂၅ ခုနှစ် ဇန်နဝါရီလစာရင်းများအရ မြန်မာနိုင်ငံအသေးစားငွေရေးကြေးရေးကဏ္ဍတွင် အသေးစားငွေရေးကြေးရေးကုမ္ပဏီ ၁၇၇ ခုမှ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် ၁၂ ခုရှိ မြို့နယ် ၂၀၂ မြို့နယ်၊ ရပ်ကွက် ၁၉၀၉ ရပ်ကွက်၊ ကျေးရွာအုပ်စု ၇၄၈၈ အုပ်စု၊ ကျေးရွာ ၂၄၃၁၇ ရွာ၊ အသင်းဝင်ဦးရေ ၂ ဒသမ ၈၅၅ သန်း၊ ထုတ်ချေးငွေလက်ကျန်ငွေကျပ် ၂၀၁၂ ဒသမ ၀၂၁ ဘီလီယံရှိကြောင်း၊ သို့ရာတွင် အသေးစား ငွေရေးကြေးရေးလုပ်ငန်းကဏ္ဍ အတိုးတက်ဆုံးအခြေအနေဖြစ်သည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလစာရင်းနှင့် နှိုင်းယှဉ်ပါက ပြည်နယ်နှစ်ခု၊ မြို့နယ် ၅၇ မြို့နယ်၊ ရပ်ကွက် ၃၄၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၁၇ အုပ်စု၊ ကျေးရွာ ၁၉၉၁ ရွာ၊ အသင်းဝင်ဦးရေ ၂ ဒသမ ၈၅၆ သန်း၊ ထုတ်ချေးငွေလက်ကျန်ငွေကျပ် ၇၇၁ ဒသမ ၀၁၅ ဘီလီယံလျော့နည်းသွားကြောင်း အသေးစားငွေရေးကြေးရေးကုမ္ပဏီများမှ တင်ပြသည့်စာရင်းအရ တွေ့ရှိရကြောင်း။
ယင်းသို့ လျော့နည်းကျဆင်းရသည့်အခြေအနေကို စိစစ်လေ့လာသုံးသပ်ရာတွင် အသေးစားငွေရေးကြေးရေးကုမ္ပဏီများအနေဖြင့် လိုအပ်သည့် လည်ပတ်မတည်ငွေရင်းကို ပြည်တွင်း/ ပြည်ပ ငွေရေးကြေးရေး အဖွဲ့အစည်းများထံမှ သင့်တင့်သောအတိုးနှုန်းဖြင့် ရယူနိုင်ရန်၊ နယ်မြေဒေသအခြေအနေများကြောင့် လုပ်ငန်းလည်ပတ်နိုင်မှုမရှိသည့် နယ်မြေဒေသများအတွက် ငွေကြေးဝန်ဆောင်မှုရရှိစေရေး နည်းလမ်းများဖော်ထုတ်ရန်၊ အသင်းဝင်များ၏ ချေးငွေနှင့် လူမှုစီးပွား ဘဝကို အကာအကွယ်ပေးရန်အတွက် ယင်းတို့နှင့်ကိုက်ညီသည့် အာမခံဝန်ဆောင်မှုများ ဆောင်ရွက်ပေးရန်၊ နိုင်ငံတော်က ဦးစားပေးအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှဆောင်ရွက်နေသည့် ငွေကြေးဝန်ဆောင်မှုပေးခြင်း အစီအစဉ်များနှင့် ဟန်ချက်ညီစွာ ပေါင်းစပ်ဆောင်ရွက်နိုင်ရန်၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်းမှ ကာကွယ်တားဆီးခြင်းလုပ်ငန်းစဉ်များတွင် ပါဝင်သည့် ငွေကြေးအရင်းအမြစ်စိစစ်ခြင်း၊ အခွန်ပေးဆောင်ခြင်းအပါအဝင် ဆောင်ရွက်ရမည့်လုပ်ငန်းအစီအစဉ်များ လျင်မြန်ချောမွေ့စေရန်၊ အသင်းဝင်များ ကြုံတွေ့နိုင်သည့် အွန်လိုင်းလိမ်လည်မှု (Online Scams)၊ ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများနှင့် အသင်းဝင်များ၏ သတင်းအချက်အလက်များကို တလွဲအသုံးပြုခြင်းမှ ကာကွယ်နိုင်ရန် ငွေကြေးဆိုင်ရာ အသိပညာပေးခြင်းနှင့် Digital အသိပညာများပေးခြင်းလုပ်ငန်း စဉ်များကို ဥပဒေ၊ နည်းဥပဒေပါ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် စသည့်လိုအပ်ချက်များရှိနေသည်ကို သုံးသပ်တွေ့ရှိရကြောင်း၊ သို့ဖြစ်၍ ယင်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းအဖြေရှာနိုင်ရန် ယနေ့အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ အသေးစား ငွေရေးကြေးရေးလုပ်ငန်းများ အသင်းဥက္ကဋ္ဌ ဦးကျင်ခန့်လျန်က အသေးစား ငွေရေးကြေးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး အသင်း၏လုပ်ငန်းဆောင်ရွက်မှု Video Clip အား ပြသသည်။
ထို့နောက် သက်ဆိုင်ရာ အစုအဖွဲ့ဆွေးနွေးပွဲများကို ဆက်လက်ကျင်းပရာ အသေးစား ငွေရေးကြေးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် မြန်မာနိုင်ငံအသေးစား ငွေရေးကြေးရေးလုပ်ငန်းများအသင်းတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက်ဆွေးနွေးကြပြီး တက်ရောက်လာကြသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3541 items
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
