အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၁၃၆ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ခုနစ်ဦးအား ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်း
အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၁၃၆ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ခုနစ်ဦးအား ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်း
Ministry of Home Affairs/ နေပြည်တော် / June 18, 2025
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင် ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်၊ မယ်ထော်သလေး (KK Park)နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါ အဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ဗီယက်နမ်နိုင်ငံသား ၇၀ ဦး၊ အီသီယိုးပီးယားနိုင်ငံသား ၅၆ ဦး၊ ကင်မရွန်းနိုင်ငံသား ၈ ဦးနှင့် ဂါနာနိုင်ငံသား ၂ ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ၁၃၆ ဦးတို့အား ၂၀၂၅ ခုနှစ်၊ ဇွန် ၁၇ ရက်တွင် မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေး တံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ခုနစ်ဦးအား ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။
အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာများနှင့်တွေ့ဆုံကာ စာရင်းဇယား၊ အချက်အလက်များ ကိုက်ညီမှုရှိရေးနှင့် ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ကင်မရွန်းနိုင်ငံသံရုံးမှ First Secretary Ms. Danzouma Alima Anda နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံးမှ First Secretary Mr. Hoang Minh Hai နှင့် တာဝန်ရှိသူများ၊ ဂါနာသမ္မတနိုင်ငံသံရုံးနှင့် အီသီယိုးပီးယားဖယ်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံသံရုံးတို့မှ ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူ သံရုံးကိုယ်စားလှယ် Ms. Amy Kristen Miller နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ် ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျလွှဲပြောင်း ပေးအပ်ခဲ့သည်။
ထို့အတူ မြဝတီမြို့၊ ရွှေကုက္ကိုလ်နယ်မြေသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် အိန္ဒိယနိုင်ငံသား ၄ ဦး၊ နီပေါနိုင်ငံသား ၁ ဦး၊ ယူဂန္ဓာနိုင်ငံသား ၁ ဦး၊ ကင်ညာနိုင်ငံသား ၁ ဦး၊ စုစုပေါင်း ပြည်ပနိုင်ငံသား ၇ ဦးတို့အား ၂၀၂၅ ခုနှစ်၊ ဇွန် ၁၇ ရက်တွင် ထပ်မံစစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ဇွန် ၁၇ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသားစုစုပေါင်း ၉,၁၄၁ ဦးအား စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၈,၉၀၆ ဦးအား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့်ပြည်ပနိုင်ငံသား ၂၃၅ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်းစောင့် ရှောက်ထားရှိသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေသူများ၊ ပါဝင်ပတ်သက်သူများအားလုံးကို စုံစမ်းဖော်ထုတ်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ် တက်ကြွစွာ ဖော်ထုတ်အရေးယူ ဆောင်ရွက်လျက်ရှိသည့်အပြင် အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Newspaper - 3441 items
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 14, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 12, 2026
Publication Date: 2026
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 11, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 10, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 09, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 08, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက် ၊ ဖေဖော်ဝါရီ ၇ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 07, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
