ဥပဒေဘောင်အတွင်းနေထိုင်ခြင်း ဘေးကင်းရန်ကွာ လွန်ချမ်းသာ
ဥပဒေဘောင်အတွင်းနေထိုင်ခြင်း ဘေးကင်းရန်ကွာ လွန်ချမ်းသာ
Ministry of Information/ Naypyitaw / January 25, 2026
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သော လက်နက်ကိုင်ပဋိပက္ခများသည် နှစ်ပေါင်း ၇၀ ကျော်ကြာသည်အထိ ယနေ့ထက်တိုင်ဖြစ်ပေါ်လျက်ရှိသည်။ လက်နက်ကိုင်ပဋိပက္ခများကြောင့် နိုင်ငံတော်၏ အခြေခံအဆောက်အအုံများနှင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုများ အမြောက်အမြားဖြစ်ပေါ်ခဲ့ရသည်။ နိုင်ငံတော်သည်လည်း နိုင်ငံတကာနှင့် နှိုင်းယှဉ်လျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုနောက်ကျကျန်ရစ်ခဲ့ရသည်။
နိုင်ငံတော်အစိုးရက လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဖိတ်ခေါ်ဆွေးနွေးအဖြေရှာခဲ့ကြသည်။ တပ်မတော်အနေဖြင့်လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) မူဘောင်များအတိုင်း ငြိမ်းချမ်းရေးကိုအလေးထား ဆောင်ရွက်ခဲ့သည်။ ပစ်ခတ်တိုက်ခိုက်မှုများကို တစ်ဖက်သတ် အကြိမ်ကြိမ်ရပ်စဲပေးခဲ့သည်။ နိုင်ငံတော်အစိုးရအနေဖြင့် EAO အဖွဲ့များအားလုံးကို ငြိမ်းချမ်းရေးဖိတ်ခေါ်ဆွေးနွေးလျက်ရှိသည်။ နိုင်ငံတော်အစိုးရသည် PDF အပါအဝင် လက်နက်ကိုင်အဖွဲ့အမျိုးမျိုးအမည်ခံ၍ ဆန့်ကျင်တိုက်ခိုက်လျက်ရှိသည့်အဖွဲ့များအတွင်း ရောက်ရှိနေကြသူများအား ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်လျက်ရှိရာ ဝင်ရောက်လာသူများအား လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံတော်အစိုးရနှင့်တပ်မတော်သည် နိုင်ငံတော်နှင့်ပြည်သူများ၏ အကျိုးစီးပွားကိုအလေးထားပြီး လက်နက်ကိုင်ပဋိပက္ခများ လျော့ပါးချုပ်ငြိမ်းသွားအောင် ကြိုးပမ်းဆောင်ရွက်နေသော်လည်း EAO အဖွဲ့ခေါင်းဆောင်အချို့အနေဖြင့် ၎င်းတို့ လူမျိုးရေး၊ ဒေသအရေးကို ခေါင်းစဉ်တပ်ကာ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကိုသာ ရှေ့တန်းတင်ပြီး လက်နက်ကိုင်လမ်းစဉ်အား ရှေ့ဆက်တိုးဆောင်ရွက်နေကြသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ PDF အမည်ခံ လက်နက်ကိုင်အဖွဲ့များအနေဖြင့် အစွန်းရောက်နိုင်ငံရေးသမားများ၏ သွေးထိုးလှုံ့ဆော်မြှောက်ပင့်ပေးမှု၊ EAO အဖွဲ့အချို့၏ ကူညီထောက်ပံ့ပူးပေါင်းဆောင်ရွက်မှုများနှင့် မြန်မာနိုင်ငံကိုမလိုလားသော ပြည်ပနိုင်ငံအချို့၏ သွေးထိုးလှုံ့ဆော် ထောက်ပံ့ကူညီများကြောင့် အသိအမြင်အတွေးအခေါ် အားနည်းသည့် လူငယ်လူရွယ်များသည် လက်နက်ကိုင်လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားကြသည်။
အချို့လူငယ်လူရွယ်များသည် PDF များ၏ စည်းရုံးမှုများကြောင့် လည်းကောင်း၊ ခြိမ်းခြောက်အကျပ်ကိုင်မှုများကြောင့်လည်းကောင်း အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များအတွင်းသို့ ရောက်ရှိသွားကြသူများလည်းရှိသည်။ အကြမ်းဖက်သောင်းကျန်း သူအဖွဲ့များအတွင်း၌ အနိုင်ကျင့်ဗိုလ်ကျမှုများ၊ အဓမ္မကျူးလွန်မှုများ၊ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအား ပြန်ပေးဆွဲသတ်ဖြတ်မှုများ၊ အဖွဲ့ဝင်များ ဆင်းရဲဒုက္ခရောက်မှုများ ကြုံတွေ့လာကြသည်။ ယခုအခါ တပ်မတော်စစ်ကြောင်းများအနေဖြင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသည့်နေရာများကို တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။ မြို့ရွာများနှင့် ဆက်သွယ်ရေးလမ်းကြောင်းများကို အပြည့်အဝထိန်းချုပ် ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့သဖြင့် ဒေသခံပြည်သူများက ဝမ်းမြောက်ဝမ်းသာကြိုဆိုလျက်ရှိသည်။
တိုင်းရင်းသားပြည်သူများက ဒေသများအား ကာကွယ်စောင့်ရှောက်ပေးခဲ့သည့် တပ်မတော်ကို စိတ်အားထက်သန်စွာကြိုဆိုထောက်ခံမှုများနှင့်အတူ ယုံကြည်စိတ်ချအားကိုးမှုများဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်လာကြသည်။ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် နားလည်သဘောပေါက်လာကြခြင်း၊ နိုင်ငံတော်၏ဖိတ်ခေါ်မှုကို ယုံကြည်လက်ခံလာကြခြင်း၊ အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်ခဲ့မှုအပေါ် စိတ်ပျက်နောင်တရမှုများဖြစ်လာခြင်း၊ တပ်မတော်၏ တိုက်ခိုက်ရှင်းလင်းမှုများကို ခုခံနိုင်မှုမရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းနှင့်အတူ ၎င်းတို့အဖွဲ့များအတွင်း အနိုင်ကျင့်ဗိုလ်ကျမှုများနှင့် ဆင်းရဲဒုက္ခများ၊ နိုင်ငံတော်နှင့်ပြည်သူများအား ဒုက္ခပေးမှုများကို လက်ခံ နိုင်ခြင်းမရှိတော့သဖြင့် ဥပဒေဘောင်အတွင်းသို့ အသီးသီးဝင်ရောက်လာကြသည်။
PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်းရောက်ရှိနေသူများအနေဖြင့် ယခင်ကလည်း ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြသူများရှိခဲ့သည်။ ယခုထပ်မံ၍ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၁၄၁ ဦး၊ အမျိုးသမီးရှစ်ဦး စုစုပေါင်း ၁၄၉ ဦးတို့ သည် ဇန်နဝါရီ ၂၃ ရက်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် လက်နက်ခဲယမ်းများ နှင့်အတူ ပြန်လည်ဝင်ရောက်လာခြင်းအတွက် ကြိုဆိုခြင်းနှင့် ဆုကြေးငွေ ထောက်ပံ့ခြင်းအခမ်းအနားပြုလုပ်ခဲ့သည်ကို ဝမ်းမြောက်ဝမ်းသာကြိုဆိုရမည်ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံတော်အစိုးရနှင့် တပ်မတော်က နိုင်ငံသားများအပေါ်ထားရှိသည့် စေတနာကိုနားလည်ပြီး ဥပဒေဘောင်အတွင်း နေထိုင်ခြင်းသည်သာ ဘေးကင်းရန်ကွာ စိတ်ချမ်းသာမည်ဖြစ်ပါကြောင်း။ ။
Newspaper - 3421 items
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
