ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် သာသနိကအဆောက်အအုံများ ပြုပြင်မွမ်းမံရေးဆိုင်ရာ ဩဝါဒခံယူပွဲ ကျင်းပ


Ministry of Religious Affairs & Culture/ Naypyitaw / July 24, 2025
image_latest


   မန္တလေးငလျင်ဒဏ်သင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် သာသနိကအဆောက်အအုံများ ပြုပြင်မွမ်းမံရေးဆိုင်ရာ စေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲ အခမ်းအနားကို ၂၃-၇-၂၀၂၅ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး လိုဏ်ဂူတော် အတွင်း၌ ကျင်းပသည်။

   အခမ်းအနားသို့ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်၊ နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇနိန္ဒ၊ နေပြည်တော် လယ်ဝေးမြို့ အင်းသာအရှေ့ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍိတနှင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

 

 

   ဦးစွာ လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက်ဆရာတော်ထံမှ ပြည်ထောင်စုဝန်ကြီး အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

 

 

   ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့သည် သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

 

 

 

   ထို့နောက် လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက်ဆရာတော် အမှူးပြုသော ဩဝါဒါစရိယ ဆရာတော်ကြီးများက ဩဝါဒကထာများ မိန့်ကြားတော်မူသည်။

 

 

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး အမှူးပြုသော တာဝန်ရှိသူများက ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

 

 

 

   ထို့နောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ခုနှစ်ရက် သားသမီးများ၏ အလှူငွေကျပ် ၁၀၈ သိန်းကို လည်းကောင်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက  နေပြည်တော်ကောင်စီမှလှူဒါန်းသော အလှူငွေကျပ် ၁၀၈ သိန်းကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့ဝင်က လက်ခံရယူသည်။

 

 

 

 

 

   ယင်းနောက် လယ်ဝေးမြို့ အင်းသာအရှေ့ကျောင်းတို က်ဆရာတော်ထံမှ ပြည်ထောင်စုဝန်ကြီး အမှူးပြုသော ဧည့်ပရိသတ်များက ရေစက်ချအနုမောဒနာတရားနာယူကြည်ညိုကြပြီး စေတီတော်မြတ်ကြီး လိုဏ်ဂူတော်နှင့် ရင်ပြင်တော် ပျက်စီးမှုအခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း ဖော်ပြ အပ်ပါသည်။

 

 

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန

Newspaper - 3235 items

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက် ၊ ဇူလိုင် ၂၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ July 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်းလဆန်း ၁ ရက် ၊ ဇူလိုင် ၂၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 25, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလကွယ်နေ့ ၊ ဇူလိုင် ၂၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 24, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၄ ရက်၊ ဇူလိုင် ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၃ ရက်၊ ဇူလိုင် ၂၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ July 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၂ ရက်၊ ဇူလိုင် ၂၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ July 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၁ ရက်၊ ဇူလိုင် ၂၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ July 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၀ ရက်၊ ဇူလိုင် ၁၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ July 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်၊ ဇူလိုင် ၁၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 18, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၈ ရက်၊ ဇူလိုင် ၁၇ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 17, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download