ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေမှုများကိုကြည့်ရှုအားပေး


Ayeyarwaddy Region Government/ ပုသိမ် / October 07, 2024


ပုသိမ်         အောက်တိုဘာ      ၆ 

၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယခုလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ  စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များဖြင့် စတင်ကောက်ယူဆောင်ရွက်နေပြီဖြစ်ရာ ဧရာဝတီ တိုင်းဒေသကြီးအနေဖြင့်လည်း ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆) မြို့နယ်၊ ရပ်ကွက်( ၃၀၂) ရပ်ကွက်၊  ကျေးရွာအုပ်စု( ၁၉၂၀) အုပ်စုရှိ အိမ်ထောင်စုကောက်ကွက်ပေါင်း (၁၄၂၉၆ )ကွက်တွင် စာရင်းကောက်အဖွဲ့ပေါင်း( ၁၀၂၂) ဖွဲ့၊ စာရင်းစစ် (၁၁၅၀) ဦး၊ စာရင်းကောက်( ၄၃၂၈) ဦး စုစုပေါင်း( ၅၄၇၈) ဦးအပြင် အထောက်အကူပြုအဖွဲ့များဖြင့် ကောက်ယူဆောင်ရွက်လျက်ရှိပြီဖြစ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက မြောင်းမြမြို့နယ်နှင့် ပုသိမ်မြို့တို့တွင် လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်းကောက်ယူနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ဉီးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ မြို့ဟောင်းကျေးရွာ၌ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များ၊ အထောက်အကူပြုအဖွဲ့များဖြစ်သည့် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့နှင့် တိုင်းရင်းသားဘာသာရပ်သင်ဆရာ၊ ဆရာမ များမှ Tabletများဖြင့် တစ်အိမ်တက်ဆင်း လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေမှုများ၊ သန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်းကောက်များနှင့် တိုင်းရင်းသားပြည်သူများကြား ဘာသာစကားအခက်အခဲမရှိစေရေးနှင့်  အဆင်ပြေစွာကောက်ယူနိုင်ရေးအတွက် အထောက်အကူပြုအဖွဲများမှ ကူညီဆောင်ရွက်ပေးနေမှုများ၊ ပြည်သူများမှ သန်းခေါင်စာရင်းဆိုင်ရာအချက်(၆၈)ချက်အား စိတ်ပါဝင်စားစွာ ဖြေကြားနေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး အချက်အလက်များမှန်ကန်စွာရေးသွင်းစေရေး၊ ပြည်သူများကလည်း မေးမြန်းချက်များအား ပြည့်စုံမှန်ကန်စွာ ဖြေကြားပေးနိုင်ရေးနှင့် သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးစေရေးမှာကြားခဲ့သည်။ ယင်းနောက် မြို့ဟောင်းကျေးရွာ ရွှေစည်းခုံကျောင်းတိုက်ဆရာတော်အားဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နေမှုများကိုတင်ပြလျှောက်ထားခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ မြောင်းမြမြို့၊ မြကန်သာရပ်ကွက်တွင် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များ၊ အထောက်အကူပြုအဖွဲ့များကလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများကိုကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် မြောင်းမြမြို့နယ်၊ ကျုံဝါးကျေးရွာရှိ တောင်သူဦးသိန်းဆိုင်ထွန်း၏ စိုက်ဧက(၃)ဧကတွင် ရက်(၉၀)စပါးမျိုး မျိုးစေ့ထုတ်စိုက်ခင်းအား မျိုးကွဲနှုတ်ပယ်ခြင်းအခမ်းအနားသို့ တက်ရောက်အားပေးခဲ့ပြီး မျိုးကွဲနှုတ်ပယ်မှုအခြေအနေများ၊ အထွက်တိုးမျိုးစပါးများ စိုက်ပျိုးထုတ်နိုင်မှုအခြေအနေများ၊ သစ်စိမ်းေမြဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းအသုံးပြုမှုအခြေအနေများ ဆွေးနွေးပြောကြားခဲ့ပြီး အလုပ်သမများအတွက် စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။ ထို့နောက်  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်များ၌ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများကို  လိုက်လံကြည့်ရှုအားပေးခဲ့ပြီး စာရင်းကောက်ယူမှုအခြေအနေများ၊ ပြည်သူများမှ စိတ်ပါဝင်စားစွာပြန်လည်ဖြေကြားနေမှုများ ဆွေးနွေးမေးမြန်းခဲ့ပြီး အချက်အလက်များမှန်ကန်စွာရေးသွင်းစေရေး၊  လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြည့်စုံမှန်ကန်စွာ ေကာက်ယူနိုင်ရေးနှင့် သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးစေရေးမှာကြားခဲ့သည်။

Newspaper - 3201 items

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 19, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်၊ ဇွန် ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 19, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 13, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download