ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာရပ်လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအခမ်းအနားသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာရပ်လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအခမ်းအနားသို့တက်ရောက်
Ayeyarwaddy Region Government/ ပုသိမ် / July 01, 2025
ပုသိမ် ဇွန် ၃၀
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနရုံးတွင်ပြုလုပ်သည့် တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေး ဝမ်းကျောင်းပညာရပ်လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အခမ်းအနားသို့တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာရပ် လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းဖြစ်၍ ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသားညီအစ်ကို မောင်နှများကလည်း မိမိတို့ ဒေသ၌ဖြစ်ပေါ်နေသည့် အခြေအနေများကို အပြန်အလှန်ဆွေးနွေးသွားကြမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် ကျေးလက်နေလူဦးရေများပြားသည့်တိုင်းဒေသကြီဖြစ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြသူများဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အနေဖြင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးတွင် စိုက်ပျိုးသီးနှံများ သီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိစေရေးအတွက်လည်း အင်တိုက် အားတိုက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်မိုးစပါးစိုက်ရာသီတွင် ရေတော်မိုးတော်စိုက်ဧက (၂၇)သိန်းကျော်ကို ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ)များကို ထည်ထိုးထည့်သွင်း စိုက်ပျိုးလျက်ရှိပါကြောင်း၊ ဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံများကို အောင်မြင်အောင် စိုက်ပျိုးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နေအဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးသာမက ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးအပါအဝင် ကျန်ကဏ္ဍများကိုလည်း အားလုံးတပြေးညီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများအနေဖြင့်လည်း မိမိတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ဝိုင်းဝန်းထိမ်းသိမ်းစောင့်ရှောက်ကြရန်နှင့် တည်ငြိမ်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်သည့် တိုင်းဒေသကြီးဖြစ်အောင် တိုင်းရင်းသားအားလုံး တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း” အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မြန်မာ-စကော-ပိုးကရင် အဘိဓာန်စာအုပ်နှင့် သင်ကြားရေးအထောက်အကူပြု စကားပြော စာအုပ်များပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။
ထို့နောက် တိုင်းရင်းသားရေးရာအသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်း ကျောင်းပညာရပ် လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်ကို ဆက်လက်ပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းရင်းသားအခွင့် အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတို့မှ တာဝန်ရှိသူများက စိုက်ပျိုးရေးဆိုင်ရာသိမှတ်ဖွယ်ရာများ၊ မွေးမြူရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ လူမှုဝန်ဆောင်မှုလုပ်ငန်းများအကြောင်း၊ တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ TA/LT ခန့်ထားခြင်းဆိုင်ရာ အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခဲ့ကြပြီး ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်စစ်တမ်းကောက်ယူခဲ့ကြသည်။ တိုင်းရင်းသားရေးရာ အသိပညာပေးခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာရပ်လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ်သို့ တိုင်းဒေသကြီးအတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူ (၁၅၁)ဦး တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
Newspaper - 3210 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 27, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 26, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။
