ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅-၂၀၂၆ပညာသင်နှစ် ပုသိမ်တက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတက်ရောက်


Ayeyarwaddy Region Government/ ပုသိမ် / December 11, 2025


ပုသိမ် ဒီဇင်ဘာ ၁၀

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ ပုသိမ်တက္ကသိုလ်၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့ပြီး ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကရင်တိုင်းရင်းသားရိုးရာအကဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မောင်တို့မယ်တို့အနေဖြင့် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ခဲ့ကြပြီး ဘာသာရပ်များအလိုက် အဆင့်မြင့်ပညာများကို ဆက်လက်လေ့လာသင်ယူ ကြရမည့်သူများဖြစ်ပါကြောင်း၊ ပုသိမ်တက္ကသိုလ်ကြီးသည် အစဉ်အလာရှိသည့် တက္ကသိုလ်ကြီး ဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ်များစွာ နှစ်စဉ်မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ တက္ကသိုလ်ဆိုသည်မှာ တွေးတောကြံဆခြင်း အလေ့အကျင့်ကောင်း များကို ပြုစုပျိုးထောင်ပေးရာနေရာဖြစ်ရာ မောင်တို့မယ်တို့အနေဖြင့် စိတ်အေးချမ်းစွာ ပညာသင်ယူနိုင်ရေးအတွက် တက္ကသိုလ် ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ အဆောက်အဦများ ခန့်ညားထည်ဝါမှုရှိစေရေး အတွက်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မောင်တို့မယ်တို့ သည် တက္ကသိုလ်ကျောင်းတော်ကြီးတွင် မိမိတို့ဝါသနာပါသည့်အားကစား၊ စာပေ ၊ ဂီတ၊ အနုပညာ ဆိုင်ရာများကိုလည်းလေ့လာသင်ယူခွင့်ရကြမည်ဖြစ်ပါကြောင်း၊ ထို့အပြင်မိမိတို့၏ ကျောင်းတော်ကြီး စိမ်းလန်းစိုပြေရေးနှင့် ပန်းပေါင်းဝေဆာသည့်ကျောင်းတော်ကြီးဖြစ်စေရေး၊ Green Zone Area များ ဖော်ဆောင်ရေးလုပ်ငန်းများတွင်လည်း ပူးပေါင်းဆောင်ရွက်ကြရန် လိုပါကြောင်း၊ မောင်တို့မယ်တို့ အနေဖြင့် အဆင့်မြင့်ပညာများကိုလေ့လာဆည်းပူးပြီး သုတေသနပြုမှု၊ တီထွင်ဖန်တီးမှုတွေကို တိုးတက် အောင်မြင်အောင်ကြိုးစားသင်ယူကြရမည်ဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့သည်ဒေသနှင့် နိုင်ငံအကျိုး ဖော်ဆောင်ပေးနိုင်သူများ ဖြစ်အောင်ကြိုးစား၍ တက္ကသိုလ်ပညာရပ်များကို လေ့လာဆည်းပူးရင်း ဗလငါးတန်ပြည့်စုံသောလူငယ်လူရွယ်များဖြစ်အောင် ကြိုးစားသွားကြရန် လိုပါ ကြောင်း” အမှာစကားပြောကြားခဲ့ပြီး မောင်မယ်သစ်လွင်များ၊ တက္ကသိုလ်များ ဇုန်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုနှင့် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုများရရှိခဲ့ကြသည့် ပုသိမ်ဇုန် အမျိုးသား/ အမျိုးသမီးဘောလုံးအသင်း၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်)ပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင်၊ ပုသိမ်တက္ကသိုလ်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီအကအဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ရာ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် တက္ကသိုလ်လေ့ကျင့်ရေးတပ်ပြခန်း၊ ပုသိမ်တက္ကသိုလ်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီပြခန်း၊ အရှေ့တိုင်းပညာဌာနပြခန်း၊ ဉပဒေဌာန၊ သမိုင်းဌာန၊ အင်္ဂလိပ်စာဌာန၊ မြန်မာစာဌာန၊ စိတ်ပညာဌာန၊ ပထဝီဝင်ဌာန၊ ဘူမိဗေဒဌာန စသည့်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်-ရှောပြာ-ချောင်းသာလမ်း (၀/၇.၂၅)မှ (၁/၃.၂၅) အား (၂၄ပေ)အကျယ်ကွန်ကရစ်လမ်းအဖြစ်တိုးချဲ့ တည်ဆောက်ခြင်းနှင့် လူသွားလမ်း(၂ ဖက်) ပြုလုပ်ခြင်း၊ အုတ်စီ ရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်း (၄ ဖာလုံ)ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးမှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကညင်ငူကျေးရွာကမ်းပြိုကာကွယ်ရေး ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်း‌ အလျား(၁၂၀) ပေဆောင်ရွက်နေမှုများ၊ ၂၀၂၅-၂၀၂၆ ဧရာဝတီတိုင်းဒေသကြီးငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၄၀၀ သန်းဖြင့် ဧရာဝတီတိုင်းဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သည့် ရေကြည်မြို့နယ်၊ ကွင်းလျားကျေးရွာအုပ်စု၊ ဘုရားကုန်းပိုင်းကျေးရွာကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၊ ဘိုးပိုင်အခြေပြုကျောက်ပြားကပ်တမံ အလျား ၁၀၀ ပေတည်ဆောက်ရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးနှင့် အရည်အသွေးပြည့်မီရေးကိုအလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွင်းလျားကျေးရွာ ရွာလယ်ကျောင်းတိုက်သို့ သွားရောက်၍ ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာန၊ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ နားနှာခေါင်းလည်ချောင်းအထူးကုဆရာဝန်၊ ဓာတ်မှန်အထူးကုဆရာဝန်၊ သားဖွားမီးယပ်အထူးကုဆရာဝန်၊ အထွေထွေရောဂါကုဆရာဝန်၊ အရိုးအကြောအထူးကုဆရာဝန်၊ သွားနှင့်ခံတွင်းအထူးကုဆရာဝန်၊ ခွဲစိတ်အထူးကုဆရာဝန်၊ ကလေးအထူးကုဆရာဝန်ကြီးများက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးပြီးနောက် ကွင်းလျားကျေးရွာ ရွာလယ်ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များအား တင်ပြလျှောက်ထားကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား ဖြည့်ဆည်းဆောင်ရွက်ပေးလို၍ တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများအား တတိယအကြိမ်‌ကြေညာကပ်ထား ပေးသွားမည်ဖြစ်ပါကြောင်းနှင့် အသက်(၁၈)နှစ်ပြည့်ပြီးတိုင်း မဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးလျက်ရှိပါကြောင်း၊ မဲပေးခွင့် အခွင့်အရေးများဆုံးရှံးမှုမရှိစေရေးအတွက် မဲစာရင်းတွင် ပါဝင်ခြင်းရှိမရှိ သွားရောက်ကြည့်ရှုရန် လိုပါကြောင်း၊ တိုင်းဒေသကြီး၏ စိုက်ပျိုးရေးမွေးမြူရေးကို အထောက်အကူပြုမည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်ကို မအူပင်မြို့တွင် ဖွင့်လှစ်ပြီးဖြစ်ရာ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရှင်များ ပိုမိုမွေးထုတ်ပေးနိုင်တော့မည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေးအတွက် ဆရာ၊ မိဘ၊ ကျောင်းသား၊ ကျောင်းသူများ၊ အုပ်ချုပ်ရေးအဖွဲ့များကလည်း ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း” ဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူများအား ကျန်းမာရေးဆေးစိမ်ခြင်ထောင်များ ပေးအပ်ခဲ့သည်။ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကွင်းလျားကျေးရွာအခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများ၊ Grade-12 ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အတွက် ဆွေးနွေးပွဲများပြုလုပ်လျက်ရှိပါကြောင်း၊ သိပ္ပံဘာသာတွဲတွင်လည်း နိုင်ငံတော်အဆင့် ထူးချွန်ကျောင်းသားများ ပေါ်ထွက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုပါ ကြောင်းနှင့် ကျန်းမာရေးကိုလည်း ဂရုစိုက်နေထိုင်၍ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးထူး ချွန်ချွန်ဖြင့် အောင်မြင်ရေးအတွက်လည်း ဆရာ၊ မိဘ၊ ကျောင်းသားက ပူးပေါင်းဆောင်ရွက် သွားကြရန်လိုပါကြောင်း” ဆွေးနွေးပြောကြားကာ ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ ကမ်းနီကျေးရွာအခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး၊ သိပ္ပံဘာသာတွဲတွင်လည်း နိုင်ငံတော်အဆင့် ထူးချွန်ကျောင်းသားများ ပေါ်ထွက်ရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားကာ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများကို ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမ်းနီကျေးရွာ၊ ရန်အောင်မင်္ဂလာကျောင်းတိုက်၌ ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာန၊ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ နား၊ နှာခေါင်းလည်ချောင်းအထူးကုဆရာဝန်၊ ဓာတ်မှန်အထူးကုဆရာဝန်၊ သားဖွားမီးယပ်အထူးကုဆရာဝန်၊ အထွေထွေရောဂါကုဆရာဝန်၊ အရိုးအကြောအထူးကုဆရာဝန်၊ သွားနှင့်ခံတွင်းအထူးကုဆရာဝန်၊ ခွဲစိတ်အထူးကုဆရာဝန်၊ ကလေးအထူးကုဆရာဝန်ကြီးများက ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာဝန်ကြီးများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမ်းနီကျေးရွာ ရန်အောင်မင်္ဂလာကျောင်းတိုက် ဆရာတော်အားဖူးမြော်ကြည်ညိုခဲ့ပြီး သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များအား တင်ပြလျှောက်ထားကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများအား တတိယအကြိမ်‌ကြေညာကပ်ထား ပေးသွားမည်ဖြစ်ပါကြောင်းနှင့် အသက်(၁၈)နှစ်ပြည့်ပြီးတိုင်း မဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးလျက်ရှိပါကြောင်း၊ မဲပေးခွင့် အခွင့်အရေးများဆုံးရှံးမှုမရှိစေရေးအတွက် မဲစာရင်းတွင် ပါဝင်ခြင်းရှိမရှိ သွားရောက်ကြည့်ရှုရန် လိုပါကြောင်း၊ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM)အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းများနှင့် အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးကိစ္စရပ်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်လျက်ရှိပါကြောင်း” ဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူများအား ကျန်းမာရေးဆေးစိမ်ခြင်ထောင်များ ပေးအပ်ခဲ့သည်။ ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက် ထရောနစ်မဲပေးစက်(MEVM)အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းများပြသမှုကိုကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

Newspaper - 3378 items

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ December 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 12, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့


Publisher: မြန်မာ့အလင်း/ December 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 05, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 04, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download