ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့ပေါ်ရှိ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးအတွက်ဆွေးနွေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့ပေါ်ရှိ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးအတွက်ဆွေးနွေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့/ ပုသိမ် / February 05, 2026
ပုသိမ် ဖေဖော်ဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အတူ ပုသိမ်မြို့၊ ရွှေပုသိမ်ဧည့်ရိပ်သာတွင် မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံခဲ့ပြီး ဒေသဖွံ့ဖြိုးရေးအတွက် ဆွေးနွေးခဲ့သည်။ ထိုကဲ့သို့တွေ့ဆုံရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး တည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ တိုင်းဒေသကြီးအတွင်းသာယာလှပရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME)ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ စိုက်ဧကပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးနှင့် ဧရာဝတီပေါ်ဆန်းအရည်အသွေးကောင်းမွန်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ ဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ စိုက်ပျိုးခြင်းအပြင် ပဲပုပ်-ပဲကြီးရောနှောဧက(၁)သိန်းစိုက်ပျိုးမှုအခြေအနေများ၊ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် လျှပ်စစ်ထုတ်လုပ်နိုင်ရေးဆောင်ရွက်နေမှုများ၊ ရပ်နားထားသည့် စက်ရုံအလုပ်ရုံများ ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ဧရာဝတီပေါ်ဆန်းအား တိုင်းဒေသကြီး၏ Brand တစ်ခုအဖြစ်ရပ်တည်နိုင်ရေး ဆောင်ရွက်နေမှုများ၊ တိုင်းဒေသကြီးအတွင်း Export Zone ဧက(၁)သိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ ပီလောပီနံထုတ်လုပ်မှုတွင် တိုင်းဒေသကြီးသည် ဦးဆောင်တိုင်းဒေသကြီးဖြစ်ရန် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ ရန်ကုန်-ပုသိမ်လမ်းအဆင့်မြှင့်တင်ဆောင်ရွက်နေမှုများ၊ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြို့မိမြို့ဖများက စိုက်ပျိုးရေးလုပ်ငန်းများ၊ ငါးဖမ်းလုပ်ငန်းများ၊ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး၊ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာကိစ္စရပ်များကို ပြန်လည်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ (ပုသိမ်) သင်တန်းသား ဆောင် အလျား(၁၃၆)ပေ၊ အနံ(၄၄)ပေရှိ (၁၀)ခန်းတွဲ RC (၃)ထပ် ဆောက်လုပ်နေမှုများကို ကြည့်ရှု စစ်ဆေးခဲ့ပြီး သတ်မှတ်ထားသောစံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီရေးအပြင် သတ်မှတ် ကာလအတွင်းပြီးစီးစေရေး အလေးထားလိုက်နာ ဆောင်ရွက်ရန်မှာကြားခဲ့သည်။
သတင်းစာများ - ၃၄၅၅ ခု
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 25, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
