ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကမ္ဘာ့စားသုံးသူသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ်အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကမ္ဘာ့စားသုံးသူသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ်အခမ်းအနားတက်ရောက်
Ayeyarwaddy Region Government/ ပုသိမ် / March 13, 2026
ပုသိမ် မတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများ နေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “နှစ်စဉ်မတ်လ (၁၅) ရက်နေ့ကို စားသုံးသူများ၏ အခွင့်အလမ်းများအတွက် ဂရုပြုကာ အလေးထားမြှင့်တင်သည့်အနေဖြင့် စားသုံးသူ ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ ရေးဆွဲ ပြဌာန်းခြင်းများကို ၂၀၁၄ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်မှ စတင်၍ နှစ်စဉ် “ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့” အခမ်းအနားအား ကျင်းပဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုနှစ် ၂၀၂၆ခုနှစ်တွင် ကျင်းပမည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်း အနားအတွက် အပြည်ပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့ ( Consumer International ) မှ ချမှတ် ထားသော ဆောင်ပုဒ်မှာ “ထုတ်ကုန်ဘေးကင်းလုံခြုံမှ ယုံကြည်စိတ်ချ စားသုံးသူဘဝ” (Safe Products, Confident Consumers) ဖြစ်ပါကြောင်း၊ ၂၀၁၄ခုနှစ်တွင် စားသုံးသူ ကာကွယ်ရေး ဥပဒေကို အတည်ပြု ပြဋ္ဌာန်းခဲ့ပြီးဖြစ်ရာ အဆိုပါဥပဒေတွင် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ထုတ်ကုန်များပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားများကို ရှင်းလင်းစွာဖော်ပြရန်၊ ထုတ်ကုန်များကြောင့် စားသုံးသူများ နစ်နာမှုရှိပါက တာဝန်ယူ ဖြေရှင်းပေးရန်နှင့် အရည်အသွေးမပြည့်မီသောကုန်စည်များကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းရန် ဖော်ပြထားပြီးဖြစ်ပါကြောင်း၊ စားသုံးသူများသည် မိမိတို့ဝယ်ယူမည့် ကုန်စည်များတွင် ပါဝင်သော ကုန်အညွှန်း အမှတ်အသားများကို သေချာစွာ ဖတ်ရှုစစ်ဆေးသည့် အလေ့အကျင့်ကို မွေးမြူရမည်ဖြစ်ပါကြောင်း၊ ဘေးကင်းစိတ်ချရသော ထုတ်ကုန်များ များပြားလာသည်နှင့်အမျှ နိုင်ငံ၏ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း” အမှာစကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့အထိမ်းအမှတ်ဗီဒီယိုပြသမှု၊ တေးသီချင်းများဖြင့် ဖျော်ဖြေမှုများ ကို ကြည့်ရှုအားပေးခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာ ကမ္ဘာ့ စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့ရှိ အခြေခံပညာ အထက်တန်း ကျောင်းစာစစ်ဌာနများသို့ သွားရောက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ(ဒုတိယနေ့) အင်္ဂလိပ်စာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုများကို ကြည့်ရှုအားပေးခဲ့ကာ ကျောင်းသား၊ ကျောင်းသူများ၏ မိဘများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပြီး စာမေးပွဲဖြေဆိုပြီးသည့် ကျောင်းသား၊ ကျောင်းသူများ၏ ဖြေဆိုနိုင်မှုအားကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
Newspaper - 3468 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
