ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနနှင့် တိုင်းဒေသကြီးအခြေခံပညာဦးစီးဌာနတို့၏ Pilot Project အစီအစဉ်အရ ပူးပေါင်းဖွင့်လှစ်သည့် Football For School ဘောလုံးအားကစားသင်တန်းဖွင့်ပွဲအခမ်းအနား
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနနှင့် တိုင်းဒေသကြီးအခြေခံပညာဦးစီးဌာနတို့၏ Pilot Project အစီအစဉ်အရ ပူးပေါင်းဖွင့်လှစ်သည့် Football For School ဘောလုံးအားကစားသင်တန်းဖွင့်ပွဲအခမ်းအနား
Ayeyarwaddy Region Government/ ပုသိမ် / May 06, 2026
ပုသိမ် မေ ၅
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနနှင့် တိုင်းဒေသကြီးအခြေခံပညာဦးစီးဌာနတို့၏ Pilot Project အစီအစဉ်အရ ပူးပေါင်းဖွင့်လှစ်သည့် ဘောလုံးအားကစားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ပိုင်းက ကိုးသိန်းအားကစားကွင်းတွင်ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးသိန်းထွန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ဗလငါးတန်နှင့်ပြည့်ဝသည့် ကျောင်းများဖြစ်စေရန် အခြေခံပညာကဏ္ဍတွင် Smart School & Football for School Program ကို အားကစားရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့နှင့် ပေါင်းစပ်၍ ရက်ပေါင်း (၁၀၀)အတွင်း ရန်ကုန်တိုင်း၊ မန္တလေးတိုင်း ၊ ဧရာဝတီတိုင်း ၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့ရှိ ကျောင်းများ၌ Pilot Project အနေဖြင့် ဆောင်ရွက်သွားရန် လမ်းညွှန်မှုအရ ယနေ့ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနနှင့် တိုင်းဒေသကြီး အခြေခံပညာဦးစီးဌာနတို့၏Pilot Project အစီအစဉ်အရ ပူးပေါင်းဖွင့်လှစ်သည့် Football For School ဘောလုံးအားကစား သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခြင်း ဖြစ်ပါကြောင်း၊ ယခုသင်တန်းကို တက်ရောက်လာကြသည့်သင်တန်းသားများအနေဖြင့်လည်း နိုင်ငံတော်ရဲ့ ရည်မှန်းချက်များကို ခံယူချက်အပြည့်အဝနှင့် ဘောလုံးအားကစားဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် အခြေခံကောင်းများကို သင်ကြားပေးမှာဖြစ်သည့်အတွက် ကြိုးစားသင်ယူ ကြဖို့မှာကြားလိုပါကြောင်း၊ နောက်ပိုင်းတွင်လည်း ဘောလုံးအားကစားအပြင် အခြားအားကစား နည်းများကိုလည်း ဖွံ့ဖြိုးတိုးတက်အောင်ဆက်လက်ဆောင်ရွက်ပေးရန်လည်းရှိပါကြောင်း၊ ထိုမှတစ်ဆင့် ပြိုင်ပွဲများကို အခြေခံအဆင့်မှစတင်ပြီး ယခုသတ်မှတ်ထားသည့် မြို့နယ်နှင့် ကျောင်းများမှာကျင်းပပေးသွားမှာလည်းဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်သည့် ဘောလုံးသင်တန်းနှင့် ဆောင်ရွက်မည့် အစီအစဉ်များအား သက်ဆိုင်ရာဌာနများ၊ ကျွမ်းကျင်နည်းပြများ၊ လူမှုရေး အသင်းအဖွဲ့များ၊ အားကစားဝါသနာရှင်များနှင့် ပြည်သူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပြီး အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန်” အမှာစကားပြောကြားပြီးနောက် စစ်ကြောင်းမှူး ဦးဆောင်၍ သင်တန်းသား၊ သင်တန်းသူများက တိုင်းဒေသကြီးဝန်ကြီးချုပ်အား အလေးပြုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပုသိမ်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်၊ ဟင်္သာတမြို့နယ်၊ မြောင်းမြမြို့နယ်၊ လပွတ္တာမြို့နယ်တို့အတွက် အားကစားပစ္စည်းများကို လည်းကောင်း၊ သင်တန်းသား၊ သင်တန်းသူများအတွက် အားဖြည့်အချိုရည်များကို လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်စစ်တီးဝိုင်းအတွက် ချီးမြှင့်ငွေများကို လည်းကောင်း ပေးအပ်ခဲ့ပြီးနောက် သင်တန်းသား၊ သင်တန်းသူများက ကွင်းအတွင်းမှပြန်လည် ထွက်ခွာခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဘောလုံးနှင့်ပြေးခုန်ပစ်အဖွဲ့များ၏ သရုပ်ပြလေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲသို့ဝင်ရောက် ယှဉ်ပြိုင်မည့် U-18ဘောလုံး၊ ကြက်တောင်နှင့် ပြေးခုန်ပစ်အဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး အားကစားသမားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
Newspaper - 3517 items
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
